• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လယ်ယာနှင့်မြေ ပိုင်ရှင်များကို ကာကွယ်သည့် ဥပဒေ ပြဋ္ဌာန်းသင့်ဟု ဆို

by လဲ့လဲ့
20 July 2018
in သတင်း
A A
ရခိုင်ပြည်နယ် စစ်တွေမြို့ အပြင်ဘက်တွင် စက်မှုလုပ်ငန်းများ အတွက် ဟုဆိုကာ ဒေသခံ လယ်သမားများထံမှ သိမ်းယူထားသော ခြံစည်းရိုး ခတ်ထားသည့် လယ်မြေ တချို့ကို ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းက တွေ့ရစဉ်  / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်ပြည်နယ် စစ်တွေမြို့ အပြင်ဘက်တွင် စက်မှုလုပ်ငန်းများ အတွက် ဟုဆိုကာ ဒေသခံ လယ်သမားများထံမှ သိမ်းယူထားသော ခြံစည်းရိုး ခတ်ထားသည့် လယ်မြေ တချို့ကို ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းက တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

37.6k
VIEWS
Share on FacebookShare on Twitter

မြေယာ သိမ်းဆည်းမှု မဖြစ်စေရန် လယ်သမားများနှင့် အခြားသော အသေးစား မြေပိုင်ရှင်များ၏ ရပိုင်ခွင့်များကို ကာကွယ် သည့် ဥပဒေ ပြဋ္ဌာန်းသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က တိုက်တွန်းလိုက်သည်။

အဆိုပါ အဖွဲ့မှ ဇူလိုင်လ ၁၈ ရက်က ရန်ကုန်မြို့ ဘိုကလေး ဈေးလမ်းရှိ ပန်သူရိယ ၌ “ကျွနု်ပ်တို့၏ မြေယာ အတွက် မည်သည့် အရာမျှ မရ။ မြေယာ သိမ်းဆည်းမှုကြောင့် မြန်မာ့ လယ်သမားများ၏ ထိခိုက်နစ်နာမှုများ (Nothing for Our Land, Impact of Land Confiscation on Farmers in Myanmar) အစီရင်ခံစာနှင့် ပတ်သက်သော သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
510
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
41
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
87

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၏ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်စင် က မြန်မာနိုင်ငံ တဝန်း မြေယာ သိမ်းဆည်းမှုများကြောင့် ကျေးလက် လူမှု အသိုင်းအဝိုင်းအပေါ် အကြီးအကျယ် ထိခိုက်မှုသည် ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်ကြောင်း ပြောသည်။

ထို့ကြောင့် တရားမဝင် မြေယာသိမ်းဆည်းမှုများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက ချက်ချင်း ကိုင် တွယ် ကာ နစ်နာသူများအား လျော်ကြေးပေးပြီး နောင်၌ ပြည်သူများ ချိုးဖောက်မှု မခံရအောင် ကာကွယ်ရန် အတွက် ဥပဒေများကို ပြုပြင် ပြောင်းလဲရမည် ဟုလည်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။

ဖီးလ်ရောဘတ်စင် က “ရွာသား တယောက် အနေနဲ့ သူတို့က မြေယာကို အသိမ်းခံရတယ်။ တရားမျှတမှုကို တောင်းဆို တယ်။ ဒါပေမယ့် အစိုးရ ဘက်ကလည်း သေချာတဲ့ လုံလောက်တဲ့ တုံ့ပြန်မှု တခုကိုလည်း မရလာဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ခရိုနီ ကုမ္ပဏီ၊ တပ်မတော်တို့မှ မြေယာများ သိမ်းဆည်းပြီးနောက် ပြန်လည်မပေးသည့် ဖြစ်ရပ်များ ရှိသည့် အတွက် တာဝန်ခံမှု အပိုင်းတွင် အားနည်း နေသေးသည်ဟုလည်း ၎င်းက ဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် လယ်ယာ ဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပြဋ္ဌာန်းချက်၊ အမျိုးသား မြေယာသုံးစွဲမှု မူဝါဒ ကျင့်သုံးခြင်းနှင့် မြေယာ သိမ်းဆည်းမှုများကို စုံစမ်းစစ်ဆေးရန် စုံစမ်း စစ် ဆေးရေး ကော်မတီ တရပ် ဖွဲ့စည်းခြင်းတို့ အပါအ ဝင် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည်။

သို့သော် လက်ရှိ အစိုးရ ဦးဆောင်သည့် အစိုးရ လက်ထက် ၂၀၁၆ ခုနှစ်တွင် သိမ်းဆည်းခံခဲ့ရသည့် ထောင်ပေါင်း များစွာ သော လယ်ယာမြေ အရေးဆိုမှုများသည် မပြေလည်သေးဘဲ ရှိနေသေးကြောင်း အစီရင်ခံစာအရ သိရသည်။

ဖီးလ်ရောဘတ်စင်က “အခု အစိုးရက ဒီဖြစ်ရပ်တွေကို ဆောင်ရွက်ပေးဖို့ ကော်မတီတွေ ဖွဲ့တယ်။ မူဝါဒတွေ ရေးဆွဲတယ်။ ဆက်လက် ကြိုးစား အားထုတ်နေတဲ့ ဟာတွေလည်း ရှိတယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုရင် မြေယာတွေ သိမ်း လိုက်ပြီး ပြန်မပေးကြဘူး။ ကျနော်တို့ ကရင်ပြည်နယ်ကို သွားတဲ့အခါမှာ ကရင်ပြည်နယ်က မြေသိမ်းခံရတဲ့သူက ငါ့မြေကို သိမ်းသွားတယ်။ ဘာလို့လဲ ဆိုရင် ဟိုတယ်ဆောက်ဖို့ အတွက်ကို သိမ်းသွားတယ်။ ဒါမှမဟုတ်ရင် စီးပွားရေး တခုခုလုပ်ဖို့ အတွက်ကို သိမ်းသွား တယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “အထဲမှာ ရှိနေတဲ့ ရွာသူ ရွာသားတွေထဲက အကျိုးအမြတ်တွေကို တခြားသော လုပ်ငန်းရှင်တွေ၊ စီးပွားရေး လုပ်ငန်းတွေ ကနေပြီးတော့ အကျိုးအမြတ်တွေ ရယူနေတဲ့ ဟာတွေလည်း ရှိနေတယ် ဆိုတော့ ဒါတွေကို ကိုင် တွယ် ဖြေရှင်းရင်းနဲ့မှ တာဝန်ခံမှု၊ တာဝန်ယူမှု အပိုင်းကိုသာ ရှိအောင် လုပ်နိုင်မယ် ဆိုရင်တော့ ဒီအရာတွေက မြေယာ ဖြေရှင်းမှုမှာ ပိုပြီး တာသွားနိုင်မယ်လို့ ကျနော် ဖြေကြားလိုပါတယ်” ဟု ပြောဆိုသည်။

နစ်နာမှု အတွက် လျော်ကြေး မပေးခြင်း၊ ၎င်းတို့ထံမှ ယူလိုက်သည့် မြေယာများပေါ်မှ ထွက်ခွာရန် သို့မဟုတ် လယ်ယာ လုပ်ငန်းများကို ရပ်တန့်ရန် ငြင်းဆိုမှု၊ ဆန့်ကျင် ဆန္ဒပြမှု အတွက် လယ်သမား အမြောက်အများ ရာဇဝတ် ပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆို ခံခဲ့ရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး တို့ရှိ လယ် သမားများအပေါ် မြေယာ သိမ်းဆည်းမှုများ၏ ထိခိုက်မှုများကို မှတ်တမ်း တင်ထားခြင်း ဖြစ်သည်။

ယင်းအစီရင်ခံစာတွင် လယ်သမားများ၏ ဆုံးရှုံးသွားသည့် ဘဝ အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မူ မရရှိခြင်း၊ သားသမီးများ ပညာရေးဆုံးရှုံးခြင်းနှင့် အသိမ်းခံရသော လယ်မြေများ ပြန်လည်ရရှိရန် ကြိုးစားမှုကြောင့် အဖမ်းခံရပုံများကို လည်း မှတ်တမ်း ပြုစုထားသည်။

လွန်ခဲ့သည့်နှစ် ၃၀ အတွင်း မြန်မာနိုင်ငံ အစိုးရနှင့် တပ်မတော် အရာရှိများသည် လယ်သမားများထံမှ လယ်ယာ မြေ အမြောက်အများကို သိမ်းယူခဲ့သော်လည်း လုံးဝ သို့မဟုတ် လုံလောက်သည့် လျော်ကြေး မပေးသဖြင့် လယ်သမားများ အနေဖြင့် လုပ်ကိုင် စားသောက်နိုင်ခြင်း မရှိတော့ဘဲ အခြေခံ ဝန်ဆောင်မှုများ ရယူနိုင်မှုလည်း နည်းပါးသွားကြောင်း သိရ သည်။

ရှမ်းပြည်နယ် အတွင်း လယ်ယာမြေအရေး လှုပ်ရှား ဆောင်ရွက်နေသည့် ရှမ်းပြည် နိုင်ငံရေး အဖွဲ့မှ ဦးတင်မောင်တိုးက “ရှမ်းပြည်နယ် အတွင်း မြေသိမ်းခံရမှု အခြေအနေက အခု အစိုးရ လက်ထက်မှာ ဘာမှ မထူးခြားဘူး။ ၂၀၁၈ နှစ်ဆန်း လောက်က ဦးဟင်နရီဗန်ထီး ယူလာပြီး တပ်မတော် သိမ်းဆည်းတဲ့ မြေတွေကို မူလ ပိုင်ရှင်တွေကို ပြန်ပေးတာ လာလုပ် သွားတာ ရှမ်းပြည် တနယ်လုံးမှာမှ ဧက ၇ ရာ လောက်ရှိတယ်။ အဲဒီဟာကလည်း မူလ ပိုင်ရှင်ထံ မရောက်ဘဲနဲ့ တပ်မ တော် ကနေ သီးစားချထားတဲ့ သူတွေပေါ့။ တခြား မပိုင်တဲ့လူတွေ လက်ထဲ ရောက်သွားတာတွေလည်း ရှိတယ်”ဟု ဧရာ ဝတီ သို့ ပြောသည်။

ယင်း အစီရင်ခံစာ အတွက် သုတေသန ပြုလုပ်ရာ၌ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့သည် မြန်မာနိုင်ငံရှိ လယ်သ မား ၃၉ ဦး အပြင် မြေယာနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ၊ အရပ်ဘက် လူမူအဖွဲ့ အစည်းများနှင့် ပြောဆို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

Your Thoughts …
Tags: လယ်မြေသိမ်းဆည်းမှု
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

No Content Available
Next Post
လူသတ်မှု ကျူးလွန်သူ ၄ဦး

ကျပ်သိန်း ၁၅၀ ဖြင့် လူသတ်သမားငှားကာ သတ်ဖြတ်သူများဖမ်းမိ

"Prestige Wedding Show Case 2019" မှာ ပါဝင်ပြသကြမယ့် ဒီဇိုင်နာများ /  ယုဖြူဟန် / ဧရာဝတီ

ဒီဇိုင်နာ ၈ ယောက်ရဲ့ လက်ရာများပြသမယ့် "Prestige Wedding Show Case 2019"

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved