• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လကမ္ဘာကို အလည်သွားမယ့် ပထမဆုံးခရီးသည် ဖြစ်လာတဲ့ ဂျပန်လူမျိုး ဘီလျံနာ

by Nigma
19 September 2018
in သတင်း
A A
SpaceX CEO ဖြစ်သူ Elon Musk မှ လကမ္ဘာကို သွားမယ့် ပထမဆုံး ခရီးသည် Mr. Maezawa ကို မိတ်ဆက်စဉ်

SpaceX CEO ဖြစ်သူ Elon Musk မှ လကမ္ဘာကို သွားမယ့် ပထမဆုံး ခရီးသည် Mr. Maezawa ကို မိတ်ဆက်စဉ်

4.8k
VIEWS
Share on FacebookShare on Twitter

SpaceX CEO ဖြစ်သူ Elon Musk ဟာ ကုမ္ပဏီရဲ့ BFR ဒုံးပျံ စီးပြီး လကမ္ဘာကို သွားမယ့် ပထမဆုံး ခရီးသည်ကို အင်္ဂါနေ့က မိတ်ဆက်ပေးလိုက်ပါတယ်။ သူကတော့ နာမည်ကြီး အွန်လိုင်း ဂျပန်အဝတ်အထည် ကုမ္ပဏီ Zozo ကို တည်ထောင်ခဲ့တဲ့ အသက် ၄၂ နှစ်အရွယ်၊ ဂျပန်လူမျိုး ဘီလျံနာ Yusaku Maezawa ဖြစ်ပါတယ်။

Mr. Maezawa ဟာ လကမ္ဘာကို အလည်သွားမယ့် ပထမဆုံး အရပ်သားခရီးသည်အဖြစ်လည်း မှတ်တမ်း ဝင်သွားမှာပါ။ လကမ္ဘာပတ်ခရီးစဉ်မှာ လိုက်မယ့် ခရီးသည်ကို Los Angeles က SpaceX ရုံးချုပ်မှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး၊ Mr.Maezawa ရဲ့ ရည်ရွယ်ချက်ကတော့ ၁၉၆၈ ခုနှစ်မှာ Apollo 8 မစ်ရှင်ကနေ လကမ္ဘာကို ပထမဆုံး ပတ်နိုင်ခဲ့တဲ့ အမေရိကန် အာကာသယာဉ်မှူးတွေရဲ့ ခြေရာအတိုင်း လိုက်ဖို့ ဖြစ်ပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
370
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
51

ဒီခရီးစဉ်အတွက် ဘယ်လောက်တောင် ပေးခဲ့ရလဲ ဆိုတာကိုတော့ Mr.Musk ကော Mr.Maezawa ဘက်ကပါ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေမယ့်၊ ဒေါ်လာ သန်းရာချီ မဟုတ်တောင် အနည်းဆုံး ဒေါ်လာ ၁၀ သန်းထက် မနည်း ပေးရဖို့ ရှိပါတယ်။ ခရီးစဉ် ဘယ်တော့လောက် စဖြစ်မလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

“B.F.R (Big Falcon Rocket)” လို့ ခေါ်ဆိုတဲ့ လကမ္ဘာပတ်ဒုံးကျည်ကို SpaceX က အခုမှ တည်ဆောက် နေတုန်းဖြစ်ပြီး၊ ခရီးစဉ်ဟာ ၄ ရက်ကနေ ၅ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ B.F.R ဒုံးကျည်ကတော့ ၂၀၂၃ ခုနှစ်အထိ လွှတ်တင်ဖို့ အဆင်သင့်ဖြစ်ဦးမှာ မဟုတ်ဘဲ ထုတ်လုပ်ဖို့အတွက် ကန်ဒေါ်လာ ၂ ဘီလီယံကနေ ၁၀ ဘီလီယံလောက်အထိ ကုန်ကျမှာဖြစ်တယ်လို့ Mr. Musk က ပြောကြားခဲ့ပါတယ်။

Mr. Maezawa ရဲ့ လက်မှတ်ကလည်း ဒီပရောဂျက် ပြီးမြောက်အကောင်အထည်ဖော်ဖို့အတွက် အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်တယ်လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ SpaceX ရဲ့ နည်းပညာအောင်မြင်မှုတွေဟာ အာကာသခရီးစဉ်နယ်ပယ်မှာ အဓိကကျပေမယ့်၊ Elon Musk ဟာ SpaceX ရဲ့ ပရောဂျက်အစီအစဉ်တွေနဲ့ ပတ်သတ်ပြီး နည်းနည်းတော့ အကောင်းမြင်ဝါဒ လွန်ကဲမှု အစဉ်အလာလေးတွေ ရှိပါတယ်။

ဥပမာ Falcon Heavy ဒုံးကျည်ဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ စမ်းသပ်လွှတ်တင်ပြီး၊ ပြန်လည် ဆင်းသက်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ Elon Musk ပထမ မှန်းထားတာထက် ၄ နှစ်ကျော်လောက် နောက်ကျခဲ့တာပါ။ Mr. Musk ဟာ အရင်ကလည်း B.F.R က ၂၀၂၂ ခုနှစ်အမီ Mars ကို လူလိုက် မပါဘဲ လွှတ်တင်နိုင်မယ်လို့ ပြောခဲ့ဖူးပါတယ်။

B.F.R နဲ့ လကမ္ဘာပတ်မယ့် ခရီးစဉ်မှာ လိုက်ပါမယ့် ဂျပန်ဘီလျံနာ Mr. Maezawa ဟာ ၂၀၁၇ ခုနှစ်မှာ Jean-Michel Basquiat ရဲ့ ၁၉၈၂ ခုနှစ် ပန်းချီကားတချပ်ကို ဒေါ်လာ သန်း ၁၁၀ ပေးပြီး ဝယ်ယူခဲ့မှုကြောင့် နိုင်ငံတကာမီဒီယာတွေမှာ နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။

ပန်းချီရေးဆွဲသူရဲ့ ညီမဖြစ်သူ Lisane Basquiat ကိုယ်တိုင်က Mr. Maezawa ပေးတဲ့ ဈေးကြောင့် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရကြောင်း အင်တာဗျူးတခုမှာ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

Mr. Maezawa ဟာ အနုပညာကို ချစ်မြတ်နိုးသူတယောက်ဖြစ်တာကြောင့် လကမ္ဘာပတ်ခရီးစဉ်ကို တယောက်တည်း သွားမှာ မဟုတ်ဘဲ၊ အနုပညာရှင် ၅ ဦးကနေ ၈ ဦးအထိ အတူခေါ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီပရောဂျက်ကို Dear Moon လို့ နာမည်ပေးထားပြီး၊ အဆိုပါ အနုပညာရှင်တွေနဲ့ ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါကျရင် လကမ္ဘာပတ်ခရီးစဉ်အတွေ့အကြုံကနေ ထူးခြားတဲ့ အနုပညာ လက်ရာတွေကို ပြန်လည်ဖန်တီးနိုင်ဖို့ Mr. Maezawa က မျှော်လင့်ထားပါတယ်။

လူသားသမိုင်းတလျှောက်မှာ လကမ္ဘာကို အမေရိကန်အာကာသယာဉ်မှူး ၂၄ ဦးအထိ သာ ရောက်ဖူးခဲ့ပြီး၊ ၁၂ ဦးသာ လကမ္ဘာမြေပေါ် အမှန်တကယ် ခြေချနိုင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာမှာ လွှတ်တင်ခဲ့တဲ့ Nasa ရဲ့ Apollo 17 ဟာ လူသားတွေအနေနဲ့ လကမ္ဘာကို နောက်ဆုံးသွားရောက်၊ ခြေချခဲ့တာဖြစ်ပြီး၊ B.F.R ရဲ့ လကမ္ဘာခရီးစဉ်ဟာ ၁၉၇၂ နောက်ပိုင်း လကမ္ဘာကို လူသားတွေ ပြန်သွားမယ့် ပထမဆုံးခရီးစဉ် ဖြစ်လာဖို့ ရှိပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ – လကမ္ဘာကို အလည်အပတ်သွားနိုင်တဲ့ ပထမဆုံး အရပ်သားခရီးသည်ကို SpaceX ကြေညာမည်

၂၀၁၉ ခုနှစ်အစောပိုင်းမှာ အာကာသခရီးစဉ်အတွက် လက်မှတ်ဝယ်ယူနိုင်တော့မည်

Ref: NY Times, BBC

Your Thoughts …
Tags: လကမ္ဘာ ခရီးစဉ်
Nigma

Nigma

Contributor

Similar Picks:

No Content Available
Next Post
အဆိုတော် ပိုပိုဟေသာ (ဓာတ်ပုံ - /  ယုဖြူဟန် / ဧရာဝတီ

အခွေ ၂ခွေ ထွက်ထားပေမယ့် လိုအပ်ချက်တွေရှိလို့ ကြိုးစားနေတဲ့ ပိုပိုဟေသာ

ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက် MyanTrade ဝဘ်ဆိုဒ်ထွက်ပေါ်(ရုပ်သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved