• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားမဝင် ဘာသာရေးအဖွဲ့ ခေါင်းဆောင် ၅ ဦးကို ထောင်ဒဏ်ချမှတ်

by ဆလိုင်းသန့်စင်
4 February 2019
in သတင်း
A A
ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာမှ ဝိညာဉ်မိသားစု အဖွဲ့ခေါင်းဆောင် မန်းဖိုးကြူး (ခေါ်) ဦးဉာဏ်ထွန်းကျော်  / ဆလိုင်းသန့်စင် / ဧရာဝတီ

ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာမှ ဝိညာဉ်မိသားစု အဖွဲ့ခေါင်းဆောင် မန်းဖိုးကြူး (ခေါ်) ဦးဉာဏ်ထွန်းကျော် / ဆလိုင်းသန့်စင် / ဧရာဝတီ

82.1k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် တည်ထောင်လှုပ်ရှားနေသည့် မန်းကျော်စိုးဦးဆောင်သော ဝိညာဉ်မိသားစုအဖွဲ့မှ ဘာသာရေးခေါင်းဆောင် ၅ ဦးအား သာသနာညှိုးနွမ်းစေမှုဖြင့် ကျုံပျော်မြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်သည်။

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့တွင် ခရစ်ယာန်တရားဓမ္မနှင့် မညီညွတ်သည့် ဟောပြောသွန်မှုများ လုပ်ဆောင်ခြင်းကြောင့် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီကိုယ်စား ကျုံပျော် – ကျောင်းကုန်း မြို့ပြကျေးလက်ဌာနနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ မန်းထောင်းစိန်က တရားလို ပြုလုပ်၍ တရားမဝင် ဘာသာရေးခေါင်းဆောင် ၅ ဦးကို ဘာသာ၊ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် ၂၀၁၆ ခုနှစ် ဇွန်လတွင် တရားစွဲဆိုခဲ့သည်။

အဆိုပါအမှုအား ကျုံပျော်မြို့နယ်တရားရုံးတွင် အချိန် ၂ နှစ်နှင့် ၆ လကျော် ကြားနာပြီးနောက် ကျုံပျော်မြို့နယ် တရားသူကြီး ဦးသိန်းမောင်က ဝိညာဉ်မိသားစုအဖွဲ့၏ ကျုံပျော်မြို့နယ်၊ အထောင်မြို့တာဝန်ခံ မန်းဝင်းမြင့်၊ နန့်နီလာထွန်း၊ နန့်အမွန်း၊ ကျောင်းကုန်းမြို့နယ်၊ အစုကြီးအုပ်စု၊ ထန်းကုန်းကျေးရွာတာဝန်ခံ မန်းဝါဝါ၀င်းနှင့် ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာတာဝန်ခံ မန်းဖိုးကြူး (ခေါ်) ဉာဏ်ထွန်းကျော်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်စီ အမိန့်ချမှတ် ခဲ့ခြင်း ဖြစ်သည်။

တရားလို ကျုံပျော် – ကျောင်းကုန်း မြို့ပြကျေးလက်ဌာနနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ မန်းထောင်းစိန် က “သူတို့တွေဟာ ကျနော်တို့ ခရစ်ယာန်ဘာသာတရား အရေခြုံပြီး မဟုတ်မမှန်တာတွေ သွန်သင်တယ်၊ မိဘနဲ့ သားသမီး၊ ညီအစ်ကိုမောင်နှမတွေ စိတ်ဝမ်းကွဲအောင်လုပ်ဆောင်တယ်၊ သူတို့ကြောင့် မေတ္တာတရားနဲ့ သွန်သင်ဟောပြော ဆောင်ရွက်နေတဲ့ ကျနော်တို့ ခရစ်ယာန်သာသနာ ညှိုးနွမ်းထိခိုက်ရတယ်။ ဒါကြောင့် ကျနော်က မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီကိုယ်စား တရားစွဲခဲ့တာ ဖြစ်တယ်။ အခု တရားသူကြီးက သူတို့
၅ ဦးကို ပြစ်မှုထင်ရှားတဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မန်းဝင်းမြင့်နှင့် နန့်နီလာထွန်းတို့နှစ်ဦးကို ကျုံပျော်မြို့နယ်တရားရုံးက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလအတွင်းက ပုဒ်မ ၃၆၃ (လူခိုးမှု) ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပြီး လက်ရှိတွင် ဘာသာ၊ သာသနာ ညှိုးနွမ်းစေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်စီ ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
129
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
58

ပြစ်ဒဏ်စီရင်ချက်ချမှတ်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ တရားခွင်ပြီးဆုံးချိန်တွင် တရားမဝင် ဘာသာရေးခေါင်းဆောင် ၅ ဦးကို ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့က ပုသိမ် အကျဉ်းထောင်သို့ အကျဉ်းသားများအဖြစ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မန်းထောင်းစိန် က “သူတို့တွေက တခြားသောခရစ်ယာန် ဂိုဏ်းဂဏတွေကို သာမက ဗုဒ္ဓဘာသာကိုပါ တိုက်ခိုက်ဟောပြောတာတွေ ရှိတယ်။ အဲတော့ သူတို့လုပ်ရပ်က ခရစ်ယာန်သာသနာကို ညှိုးနွမ်းစေရုံသာမက ဒေသရဲ့တည်ငြိမ် အေးချမ်းမှုကိုပါ ပျက်စီးအောင် လုပ်ဆောင်ခဲ့တာတွေ သက်သေထင်ရှားပါလျှက်နဲ့ သူတို့ကို ထောင်ဒဏ် ၁ နှစ်ပဲ ချမှတ်ခဲ့တဲ့အပေါ်ကို ကျနော်တို့ ကျေနပ်ခြင်းမရှိပါဘူး။ ဒါကြောင့် ဒီအမှုကို ပုသိမ်ခရိုင်တရားရုံးကို ပြင်ဆင်မှု တက်ပါမယ်။ တဖက်မှာလည်း ဒီအဖွဲ့တွေကို အပြီးတိုင်ဖျက်သိမ်းပေးဖို့ နိုင်ငံတော်အစိုးရကို တင်ပြသွားပါမယ်”ဟု ပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) မှာ မြန်မာနိုင်ငံအတွင်း နေထိုင်သော လူတစား၏ဘာသာ သာသနာရေး ယုံကြည်မှုကို စကားဖြင့်လည်းကောင်း၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်လည်းကောင်း စော်ကားလျှင် ထိုသူကို ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

မန်းဝင်းမြင့်၊ နန့်နီလာထွန်း၊ နန့်အမွန်း၊ မန်းဝါဝါ၀င်းနှင့် မန်းဖိုးကြူး (ခေါ်) ဉာဏ်ထွန်းကျော်တို့မှာ စင်္ကာပူ နိုင်ငံသားခံယူထားသူ မန်းကျော်စိုး ဦးဆောင် တည်ထောင်ထားသည့် ဝိညာဉ် မိသားစုအဖွဲ့၏ အဓိက ခေါင်းဆောင် ၆ ဦးတွင် ပါဝင်သူများဖြစ်ပြီး ၎င်းတို့၏ ဝိညာဉ် မိသားစုအဖွဲ့မှာ ရက် ၄၀ တပည့်တော်ဖြစ် သင်တန်းများပြုလုပ်၍ ခရစ်ယာန်ဓမ္မတရားနှင့် မကိုက်ညီသော အစွန်းရောက်တရားများ ဟောပြောခြင်း၊ လူငယ်များအား မိဘ၊ ဆွေမျိုးများကို အဆက်ဖြတ် စွန့်လွှတ်ရန် ဟောပြောခြင်း၊ မိဘများအား အသိပေး အကြောင်းကြားခြင်း မရှိဘဲ လူငယ်များကို ၎င်းတို့ အစီအစဉ်ဖြင့် လက်ထပ်ထိမ်းမြားပေးခြင်းများ ပြုလုပ် နေကြောင်း အဆိုပါအဖွဲ့ အတွင်းမှ ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။

ဝိညာဉ်မိသားစုအဖွဲ့၏ သွန်သင်ဟောပြောမှုများကြောင့် မိဘဆွေမျိုးများကို အဆက်ဖြတ်၍ ကျုံပျော်မြို့နယ်၊ အထောင်မြို့ စခန်း၊ လှည်းဆိပ်စခန်းနှင့် ကျောင်းကုန်းမြို့နယ်၊ ထန်းကုန်းစခန်းများတွင် နေထိုင်သူလူငယ် များကို မိဘဆွေမျိုးများ လာရောက်ခေါ်ဆောင်ချိန်တိုင်း ပဋိပက္ခများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားလေ့ရှိသလို ဝိညာဉ် မိသားစု အဖွဲ့များ ရွာများသို့သွားရောက်၍ ဝတ်ပြုအစည်းအဝေးများ လုပ်ဆောင်ချိန်တွင်လည်း ကျေးရွာ ဒေသခံများနှင့် ပဋိပက္ခများ ဖြစ်ပွားလေ့ရှိကြောင်း ကျုံပျော်ဒေသခံများထံမှ သိရသည်။

ထို့ပြင် လူငယ်များကို ဘုရားအတွက်အလုပ်လုပ်သည်ဟု ပြောဆိုကာ လုပ်အားခမပေးဘဲ အလုပ်ခိုင်းစေခြင်း၊ အလုပ်ခိုင်းရန် ရည်ရွယ်ချက်ဖြင့် တနေရာမှ တနေရာသို့ လူကုန်ကူးသည့် ပုံစံဖြင့် ပို့ဆောင်ခြင်း၊ ထိုသို့ ပို့ဆောင်ရာတွင် ပြည်တွင်းရှိ ၎င်းတို့ အဖွဲ့ခွဲများထံသာမက ပြည်ပရှိ စင်္ကာပူနိုင်ငံအထိပါ အလုပ်လုပ်ရန် စေလွှတ်ခြင်းများ ပြုလုပ်နေကြောင်း၊ လူငယ်များကို နေရာရွှေ့ပြောင်းခြင်းများ ပြုလုပ်နေသည့်အတွက် မိမိတို့ သားသမီး၊ ညီအစ်ကို မောင်နှမများအား လိုက်လံခေါ်ဆောင်ရန်ပင် အခက်တွေ့နေကြောင်း အဆိုပါအဖွဲ့ အတွင်း၌ သားသမီးများ လက်လွှတ်ဆုံးရှုံးနေသည့် မိဘများက ပြောသည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့တွင်နေထိုင်သူ နန့်အေးအေးအောင် က “ကျမရဲ့အစ်မ နန့်ဝင်းလဲ့လဲ့က အဲဒီဝိညာဉ်မိသားစုအဖွဲ့ထဲကို ရောက်သွားတာ ၄ နှစ်နီးပါး ရှိပြီ။ သူ့ကို အိမ်ပြန်လာဖို့ လိုက်ခေါ်တာ ၃ ကြိမ်ရှိပြီ။ လုံး၀ ပြန်ခေါ်မရဘူး။ အခုလည်း သူဘယ်မှာရှိနေလဲ လုံးဝ
စုံစမ်းမရဘူး။ အဲတော့ မိသားစုတွေမှာ အစ်မအတွက် အမြဲတမ်း စိတ်ပူနေရတယ်။ ဒီလိုမျိုး မဟုတ်မမှန်တဲ့ အစွန်းရောက် တရားတွေ ဟောပြောနေတဲ့၊ မိဘနဲ့ သားသမီး၊ ညီအစ်ကိုမောင်နှမတွေ တကွဲတပြားနဲ့ ဖြစ်စေတဲ့အဖွဲ့မျိုးကို နိုင်ငံတော် အစိုးရအနေနဲ့ အပြီးတိုင်ဖျက်သိမ်းပေးစေချင်ပါတယ်” ဟု ပြောသည်။

ဝိညာဉ်မိသားစု အဖွဲ့ခွဲများမှာ စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံမဲဆောက်မြို့၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့၊ ပဲခူးတိုင်း တောင်ငူနှင့် ပေါက်ခေါင်းမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ရန်ကုန်တိုင်း မြောက်ဒဂုံနှင့် စမ်းချောင်းမြို့နယ်၊ ဧရာဝတီတိုင်း ကျုံပျော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ မြောင်းမြနှင့် ပုသိမ်မြို့နယ်တို့တွင်အဖွဲ့ခွဲများ တည်ရှိပြီး အဆိုပါစခန်းများတွင် မိသားစုထံပြန်ခေါ်မရသည့် လူငယ်ပေါင်း ရာနှင့်ချီရှိနေကြောင်း မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ၊ မြို့ပြနှင့်ကျေးလက်ဌာနခွဲထံမှ သိရသည်။

ခရစ်ယာန် ဓမ္မတရားနှင့် ဆန့်ကျင်သည့် သွန်သင်ဟောပြောဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် အတွက် အဆိုပါအဖွဲ့ကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီနှင့် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်တို့က ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မန်းကျော်စိုး၏ ဝိညာဉ်မိသားစု အဖွဲ့တည်ရှိရာ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာရှိ ဦးဉာဏ်ထွန်းကျော် (ခေါ်) မန်းဖိုးကြူးနေအိမ်တွင် ခွင့်ပြုချက်မရှိဘဲ လူအများစုဝေး၍ ဝတ်ပြုဆုတောင်းခြင်းနှင့် တရားဆွေးနွေးခြင်းအစီအစဉ်များ မပြုလုပ်ရန် တားမြစ်ထားပြီး လိုက်နာခြင်း မရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် မေလအတွင်းက ညွန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

ကျုံပျော် တရားမဝင်ဘာသာရေးအဖွဲ့ ခေါင်းဆောင် ၂ ဦး လူခိုးမှုဖြင့် ထောင် ၃နှစ်ချမှတ်ခံရ

မန်းကျော်စိုး ၏ ဘာသာရေး အဖွဲ့များ ဖျက်သိမ်းပေးရန် တောင်းဆို

Your Thoughts …
Tags: တရားမဝင် ဘာသာရေးအဖွဲ့ဝိညာဉ်မိသားစုအဖွဲ့
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အစီအစဉ်တွေ အများကြီး ရှိတယ်

အစီအစဉ်တွေ အများကြီး ရှိတယ်

ကမ္ဘာအနှံ့ကုန်စည်သယ်ပို့ဖို့ ပြည်ပရေကြောင်းပို့ကုန်အာမခံ စတင်မိတ်ဆက် (ရုပ်/သံ)

ကမ္ဘာအနှံ့ကုန်စည်သယ်ပို့ဖို့ ပြည်ပရေကြောင်းပို့ကုန်အာမခံ စတင်မိတ်ဆက် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved