သတင်း

လွှတ်တော် ကော်မတီယာဉ် ခြေထောက်နှင့် ကန်သည့် ဖြစ်ရပ် မွန် လွှတ်တော်၌ ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ လွှတ်တော် ရေးရာ ကော်မတီ ယာဉ်အား စည်ပင် သာယာရေး အဖွဲ့၏ မြို့ဝင် ကြေး ကောက်ခံသော ဂိတ် ဝန်ထမ်းတဦးက ခြေထောက်နှင့် ကန်ကျောက်သည့် ဖြစ်ရပ်ကို ဆွေးနွေးကြောင်း သတင်း ရရှိ သည်။

ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပသော ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယ နေ့ တွင် သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြည်နယ် စည်ပင် သာယာရေး အဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဦးအောင်ကျော်သူက “၂၀၁၈ ဒီဇင်ဘာလ ၁၀ ရက်မှာ မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မတီမှ ရေးမြို့နယ်သို့ ကွင်းဆင်း စစ်ဆေးသည့် ခရီးစဉ်တွင် ရေးမြို့ နယ် စည်ပင်သာယာရေး အဖွဲ့၏ မြို့ဝင်ကြေး ကောက်ခံသည့်ဂိတ်မှ နေ့စား ဝန်ထမ်း ၁ ဦးက ကော်မတီ ယာဉ်တန်းအား ခြေထောက် နှင့် ကန်ကြောက် ဆဲဆိုမှု ဖြစ်ပွားခဲ့ပါတယ်”ဟု လွှတ်တော် မေးခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

ယင်းနေရာတွင် ကော်မတီ ဝန်ထမ်းများက မေးမြန်းခဲ့ရာ ဝန်ထမ်းက လွှတ်တော်ကားမှန်း မသိ၍ဟု ပြန်လည် ဖြေကြားခဲ့ သော် လည်း တောင်းပန်ခြင်း လုံးဝ မရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ဦးအောင်ကျော်သူက“ဒေသခံအချို့အား စုံစမ်းမေးမြန်းရာမှာလည်း ဒီဂိတ်ဟာ ယခုကဲ့သို့ အပြုအမှုများ မကြာခဏ ကြုံ တွေ့ ရတယ်လို့ ကြားသိရပါတယ်”ဟု ဆိုသည်။

မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်က အဆိုပါ ယာဉ်၂ စီးသည် တံတားကြီး ဂိတ်ကို ဖြတ်သန်းစဉ် ဂိတ်၌ အလုပ်ဝင်သည်မှာ ၂ ရက်သာ ရှိသေးသော တာဝန်ကျ စည်ပင်သာယာ၏ ပုတ်ပြတ် လုပ်သား ကျုံးလောင် ရွာသစ် ကျေးရွာနေသူ မောင်ဖိုးထူးသည် လွှတ်တော်မှ ကားမှန်းမသိ၍ တားမြစ်ခဲ့ရာ ရှေးဦးစွာ ဖြတ်သန်းသွားသည့် ကားက မရပ် သဖြင့် ၎င်းက မြေကြီးအား ကန်စဉ် ဖိနပ် လွင့်စင်၍ နောက်မှ ကပ်လျက်ရှိသည့် ဦးအောင်ကျော်သူ လိုက်ပါလာသော ကား ကို မတော်တဆ ထိမှန်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းခဲ့သည်။

ထို့ပြင် ရေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ လုပ်သား မောင်ဖိုးထူးကို ပုတ်ပြတ် လုပ်သား အဖြစ်မှ ချက်ချင်း ထုတ်ပယ်ခဲ့ ပြီးဖြစ်ကြောင်းလည်း ဦးမင်းကျော်လွင်က ဆိုသည်။

ယင်းကဲ့သို့ မလိုလားအပ်သော ဖြစ်စဉ်များ ထပ်မံ မဖြစ်ပေါ်စေရေး အတွက် အထူး အလေးထား၍ တာဝန်ရှိသူ အဆင့် ဆင့်မှ တာဝန်ခံ ကြီးကြပ် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် မြို့ဝင်ဘီးခွန် ကောက်ခံရာတွင် ကောက်ခံသည့် ဝန်ထမ်းများ၊ ပုတ်ပြတ် လုပ်သားများကို ပြည်သူများ၊ ယာဉ် ပိုင်ရှင် များနှင့် ဆက်ဆံရာတွင် ပြေပြစ် ချောမွေ့စေရေး၊ ယဉ်ကျေးသိမ်မွေ့ စေရေး၊ သတ်မှတ်ထားသည့် ယူနီဖောင်းကို စနစ် တကျ သပ်ရပ်စွာ ဝတ်ဆင်ရေးနှင့် သတ်မှတ်သည့် ပြေစာများကို စနစ်တကျ ပေးအပ်ရေးတို့ အတွက် အထူးဂရုပြု ကြပ်မတ် ဆောင်ရွက်ရန် မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ မြို့နယ် စည်ပင် သာယာရေး အဖွဲ့များထံ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ညွှန်ကြားထားကြောင်း သိရသည်။

ရေးမြို့ဒေသခံ ဦးအောင်နိုင်ဝင်းက“အဲဒီလိုမျိုး ဖြစ်စဉ်ဖြစ်တာ ကျနော်တို့က အမြဲတမ်းလည်း ကြားရတယ်။ တခါတလေ ဆို ကိုယ်တိုင်ပါ တွေ့တယ်။ ကျနော်လည်း တခါတလေမှာ သူ့ (မြို့ဝင်ကြေးဂိတ်) အကျော်မှာရှိတဲ့ ဆီဆိုင်မှာ ဆီသွား ထည့် ရင် ပွင့်ပွင့်လင်းလင်း ပြောရင် မြို့ဧရိယာထဲမှာ ဖြစ်တဲ့ အတွက် မပေးချင်ဘူးလေ။ အဲဒီအခါ လှမ်းဆဲတာ ခံရတာ ရှိတာပေါ့”ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading