• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နှစ်ဖွဲ့ကွဲသွားသော ရခိုင်အမျိုးသမီး အစည်းအရုံး

by လဲ့လဲ့
7 July 2019
in သတင်း
A A
နှစ်ဖွဲ့ကွဲနေသည့် RWU ၏ ဥက္ကဋ္ဌများဖြစ်သည့် ဒေါ်စောမြရာဇာလင်းနှင့် စောစံငြိမ်းသူ

နှစ်ဖွဲ့ကွဲနေသည့် RWU ၏ ဥက္ကဋ္ဌများဖြစ်သည့် ဒေါ်စောမြရာဇာလင်းနှင့် စောစံငြိမ်းသူ

32.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်အမျိုးသမီး အစည်းအရုံး (RWU) သည် မေလတွင်းကပြုလုပ်ခဲ့သော ညီလာခံအပြီးတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အဖွဲ့နှင့် စောစံငြိမ်းသူ ဦးဆောင်သော  အဖွဲ့အဖြစ် အဖွဲ့နှစ်ခု ကွဲသွားကြောင်း သိရသည်။

RWU ညီလာခံကို မေလ ၂၆ ရက်မှ ၂၈ ရက်နေ့ အထိ ကျင်းပခဲ့ရာ နောက်ဆုံးနေ့တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်နိုင်ရန်၊ ဖွ့ဲစည်းမှုအခြေအနေ ဆွေးနွေးရာတွင် သဘောထားကွဲလွဲမှုများ ရှိလာကြောင်း၊ စောစံငြိမ်းသူနှင့် အဖွဲ့ သည် ညီလာခံအတွင်းမှ ထွက်သွားခဲ့ပြီးနောက်ပိုင်းမှစကာ ရခိုင်အမျိုးသမီးအစည်းအရုံး ၂ ဖွဲ့ကွဲခဲ့ရခြင်းဖြစ်သည်။

RelatedPosts

Apple က ထရမ့် အခွန်စည်းကြပ်မှု ရှောင်ဖို့ အိန္ဒိယဘက်က iPhone များ အမေရိကန်ကို တင်ပို့

Apple က ထရမ့် အခွန်စည်းကြပ်မှု ရှောင်ဖို့ အိန္ဒိယဘက်က iPhone များ အမေရိကန်ကို တင်ပို့

14 June 2025
92
မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
552
တောင်ကိုရီးယားရဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဥ် ရပ်ဆိုင်း (ရုပ်/သံ)

တောင်ကိုရီးယားရဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဥ် ရပ်ဆိုင်း (ရုပ်/သံ)

14 June 2025
40

ညီလာခံ၏ဆုံးဖြတ်အတည်ပြုချက်များအား ချိုးဖောက်ခံရခြင်းနှင့် ဖိအားပေး ဆွေးနွေးမှုများ ရှိလာသည့်အတွက်ကြောင့် ညီလာခံမှ ထွက်လာရခြင်းဖြစ်သည်ဟု စောစံငြိမ်းသူက ဆိုသည်။

ညီလာခံတွင် တက်ရောက်လာသူများ၏ သဘောတူဆုံးဖြတ်ချက်ကို ဒေါ်စောမြရာဇာလင်းက ပြင်ဆင်ခြင်းကြောင့် (RWU) ၏ ၂၀၁၈ ဒီမိုကရေစီကို အခြေခံထားသည့် ဖွဲ့စည်းမှုအရဆိုပါလျှင် ညီလာခံ ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာကျကြောင်း ၎င်းတို့က ပြန်လည်ဖြေရှင်းထားသည်။

စောစံငြိမ်းသူက “ညီလာခံက ထွက်လာတယ်ဆိုပေမယ့် ကျမတို့အနေနဲ့က ခွဲထွက်ဖို့ အစီအစဉ်လုံးဝမရှိဘူး။ အဓိကကတော့ ဒီလိုမျိုး ကွဲသွားတဲ့အနေအထားက မူအရပဲ ကွဲသွားတာဖြစ်တယ်” ဟု ဆက်ပြောသည်။

နှစ်ဖွဲ့ မကွဲခင်က ဒေါ်စောမြရာဇာလင်းသည် RWU ၏ ဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်ပြီး စောစံငြိမ်းသူ ကတော့ ဒုဥက္ကဋ္ဌ ဖြစ်သည်။ လတ်တလောတွင် ကွဲနေသည့် RWU တွင် နှစ်ဦးလုံးသည် ဥက္ကဋ္ဌ ရာထူးများကို ယူထားကြသည်။

ဒေါ်စောမြရာဇာလင်းတို့ ဦးဆောင်သောအဖွဲ့ကလည်း ညီလာခံမှ ထွက်ခွာသွားသော အဖွဲ့ဝင်များသည် RWU နှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ ထိုညီလာခံမှ ရွေးချယ်တင်မြှောက်လိုက်သောသူများသည်သာ RWU ၏တရားဝင် ခေါင်းဆောင်များ ဖြစ်ပြီး မေလ ၂၈ ရက်နောက်ပိုင်း RWU အမည်ဖြင့် ဖွဲ့စည်းလာသည့် မည်သည့်အဖွဲ့အစည်း မှ ဥပဒေအရ တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း ဇွန် ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

RWU တွဲဘက် အတွင်းရေးမှူး (၁) စောနီနီအေး က “သူတို့အမှားကို သိတဲ့နေ့ ပြန်ဝင်လာဖို့ကို မျှော်လင့်ပါတယ်။ သူတို့ဘက်က ပဉ္စမအကြိမ်ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ဆန့်ကျင်ပြီး ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ကျမတု့ိ RWU အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို မလွှဲမရှောင်သာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

စောစံငြိမ်းသူသည် RWU မှ ရည်ရွယ်ချက်ရှိရှိ ခွဲထွက်သွားခြင်းဖြစ်ကြောင်း၊ ဒေါ်စောမြရာဇာလင်း အဖွဲ့ဘက်မှ ညီလာခံ မတိုင်မီ ညှိနှိုင်းရန် ကမ်းလှမ်းခဲ့သော်လည်း လက်မခံခဲ့ကြောင်း စောနီနီအေး က ပြောသည်။

အဆိုပါထုတ်ပြန်ချက်အပေါ် စောစံငြိမ်းသူ ဦးဆောင်နေသည့် အဖွဲ့ကလည်း ယင်းသည် ပဉ္စမအကြိမ်မြောက် ညီလာခံမှ တရားဝင် ထွက်ပေါ်လာသော ကြေငြာချက်မဟုတ်ကြောင်း ပြန်လည် ထုတ်ပြန်ကာ တုံ့ပြန်ခဲ့သည်။

ထို့နောက် စောစံငြိမ်းသူအဖွဲ့က ယင်းညီလာခံတွင် မပြီးပြတ်ခဲ့သော ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်ရန် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အရေးပေါ်အစည်းအဝေးကို ဇွန် ၁၂-၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် စောစံငြိမ်းသူ၊ ဒုဥက္ကဋ္ဌ စောဦးညွန့်ခင်တို့အား အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

တရားမဝင်သော လုပ်ထုံးလုပ်နည်းများဖြင့် ခွဲထွက်ဖွဲ့စည်းထားသည့် စောမြရာဇာလင်း ဦးဆောင်သော အဖွဲ့မှ လက်ရှိ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နေသော RWU ခေါင်းဆောင်များနှင့် အဖွဲ့ဝင် များအပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောက်ယှက်သည့် အသွင်သဏ္ဍန်ဆောင်သော လုပ်ရပ်များကို ကြိမ်ဖန်များစွာ လုပ်ဆောင်နေမှု များအား ချက်ချင်းရပ်တန့်ပေးရန်နှင့် အဖွဲ့နာမည်တူ သုံးစွဲနေမှုများအား ဆက်လက် မလုပ်ဆောင်ရန် စောစံငြိမ်းသူတို့၏ RWU က တားမြစ်ထားသည်။

ထိုသို့ တရားမဝင် လုပ်နည်းလုပ်ဟန်များကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ခိုင်မာတိကျသော သက် သေအထောက် အထားများနှင့်တကွ တရားဥပဒေနှင့်အညီ အဆင့်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

RWU သည် မြန်မာနိုင်ငံမှ နောက်ခံသမိုင်းကြောင်း မတူကွဲပြားသည့် တိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) တွင် ပါဝင်သော အဖွဲ့အစည်းတခုဖြစ်သည်။

WLB အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ က “ဒီလို တကွဲတပြားဖြစ်တာတော့ မလိုချင်ဘူး။ ဒီအဖွဲ့က ကျမတို့အဖွဲ့ထဲမှာပါတဲ့အတွက် ကျမတို့နဲ့လည်း ဆိုင်ပါတယ်။ အခုတော့ ကျမတို့ အဖွဲ့အစည်း အနေနဲ့ နှစ်ဖက်လုံးကို သွားရောက်တွေ့ဆုံဖို့ စီစဉ်နေပါတယ်။ ကျမတို့ကတော့ ကော်မတီဖွဲ့ ထားပြီးပြီ။ သွားရောက်ပြီးတော့ နှစ်ဖက်စလုံး ကြားနာမှုတွေလုပ်ပြီးတော့မှ ဘယ်လိုဆက်လုပ်မလဲဆိုတဲ့ ဆွေးနွေးချက်တော့ လုပ်ရမယ်” ဟု ပြောသည်။

RWU ၏ ပဉ္စမအကြိမ်မြောက်ညီလာခံကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မေလ ၂၆-၂၈ရက်နေ့အထိ ကျင်းပရာ ထိုညီလာခံသို့ ၁၅ မြို့နယ်မှ ကိုယ်စားလှယ်များ၊ အထူးဗဟိုကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့၊ ပါဝင်သင့်သူ အဖွဲ့ဝင်များ၊ လေ့လာသင့် သူများနှင့် ရုံးဝန်ထမ်းများအပါအဝင် စုစုပေါင်း ၇၃ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

RWU သည် ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ အရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသမီးအရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သော အဖွဲ့ဖြစ်သည်။

You May Also Like These Stories:

ရခိုင်အရေးမှာ ဘယ်သူတွေ ညံ့ခဲ့ကြသလဲ

Your Thoughts …
Tags: (RWU)ရခိုင်အမျိုးသမီးအစည်းအရုံး
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအပေါ် အမျိုးသားရေး တပ်ပေါင်းစု နှင့် မျိုးချစ်များ ကန့်ကွက်နေမှု  / မျိုးမင်းစိုး /  ဧရာဝတီ

ကလေးငယ် အခွင့်အရေး ဥပဒေ အကြောင်းပြ၍ နိုင်ငံရေး အမြတ်ထုတ်မှုများရှိနေဟု သမ္မတရုံးပြော

မြေပုံမြို့နယ် ပေါက်တူးတောင် ကျေးရွာ ဆိုင်းဘုတ်  / မောင်ဇော်ဇော် ဖေ့စ်ဘုတ်

မြေပုံမြို့နယ်၌ ရွာသား ၂ ဦး နေအိမ်အတွင်း ပစ်သတ်ခံရပြန်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.8k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
4.6k

Most Read

  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate