• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကလေးငယ် အခွင့်အရေး ဥပဒေ အကြောင်းပြ၍ နိုင်ငံရေး အမြတ်ထုတ်မှုများရှိနေဟု သမ္မတရုံးပြော

by မိုးမိုး
7 July 2019
in သတင်း
A A
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအပေါ် အမျိုးသားရေး တပ်ပေါင်းစု နှင့် မျိုးချစ်များ ကန့်ကွက်နေမှု  / မျိုးမင်းစိုး /  ဧရာဝတီ

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအပေါ် အမျိုးသားရေး တပ်ပေါင်းစု နှင့် မျိုးချစ်များ ကန့်ကွက်နေမှု / မျိုးမင်းစိုး / ဧရာဝတီ

18k
VIEWS
Share on FacebookShare on Twitter

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေအပေါ်ပြည်သူများ မသိရှိသည်ကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအမြတ်ထုတ်မှုများ ရှိနေ ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

ဦးဇော်ဌေး က “ဒီဥပဒေနဲ့ ပတ်သက်လို့အထင်မြင်လွဲမှားနေတဲ့ သာမန်ပြည်သူတွေသေချာ မသိဘူး။ မသိတာ ကိုအခွင့်ကောင်း ယူပြီးတော့ နိုင်ငံရေး အသုံးချနေတယ်။ နိုင်ငံရေး အမြတ်ထုတ်တာ တွေလုပ်နေတယ်”  ဟု ဆိုသည်။

ဇူလိုင် ၅ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နှစ်ပတ်တကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းဥပဒေနှင့် ပတ် သက်၍ ပြည်သူများ ရှင်းရှင်းလင်းလင်း သိစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၇ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ အခန်း (၈) ကလေးသူငယ်ကို မွေးစားခြင်းပါ ပြဋ္ဌာန်းချက် တချို့အပေါ် ဝေဖန်မှုများ မြင့်တက်နေသည့် အပြင် ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်နေခြင်းမှာ – ဥပဒေ မူကြမ်းအရ ၁၉၈၂ ကို ကျော်၍ မရကြောင်းကို လက်ခံကြောင်း၊ သို့သော် ကို ဖီအာနမ်၏ အစီအရင်ခံစာတွင် ပါဝင်သည့် ၁၉၈၂ ဥပဒေသည် လူ့အခွင့်ရေးစံချိန်၊ စံညွှန်းများနှင့် မကိုက်ညီသဖြင့် ပြင်ဆင်သင့်သည် ဆိုသည့် ထောက်ပြမှုများ ရှိကြောင်း၊ ၎င်း၏အစီရင်ခံစာကို လမ်းပြမြေပုံအဖြစ် အသုံးပြုမည်ဟု ပြောဆိုချက်များကြောင့် ထောက်ပြပြော ဆိုရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ဧရာဝတီသို့ ပြောသည်။

၎င်းက “ဒီကိစ္စသည် ပွဲလန့်တုန်းဖျာခင်းသည့် ကိစ္စလည်း မဟုတ်ဘူး။ နိုင်ငံရေး အမြတ်ထုတ်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ နိုင်ငံမှာနေထိုင် တဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးဖြစ်တယ်။  ကွင်းဆက်တွေ အများကြီးရှိလို့ စိုးရိမ်သောက ဖြစ်ရတာ။ အမြတ်ထုတ်ဖို့ သက်သက် ဒီက လေးသူငယ် ဥပဒေကို ချနင်းစရာ အကြောင်း မရှိဘူး”  ဟု ဆိုသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ကလေး မွေးစားခွင့်ပါ ပြဋ္ဌာန်းချက်များသည် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို လွှမ်းမိုး ပယ်ဖျက်လိုက်သည်၊ ဖောက်ဖျက် ကျူးလွန်နေသည်ဟု ဆိုကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီမှ ဦးဆောင်၍  ကန့်ကွက် ကြောင်း ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သည်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၇၃ တွင် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင် ငံခြားသား တဦးသည် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ အဖြစ်ကို မရရှိစေရဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် မွေးစားသည့်ကလေးသည် နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မွေးဖွားကြောင်း မှတ်ပုံတင်သည့် ကလေးသူငယ် တိုင်းသည် နိုင်ငံသား ဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါပြဌာန်း ချက်များနှင့်အညီ ရရှိစေရမည်ဟု အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ ၂၂ တွင်ဖော်ပြထားပြီး ဖြစ်ကြောင်း ဦးဇော်ဌေး က ဆိုသည်။

ဦးဇော်ဌေး က “အထူးသဖြင့် စိုးရိမ်နေတဲ့ ကလေးတွေမွေးစာရင်းပေးလိုက်တဲ့ ကိစ္စရယ်။ မွေးစားလိုက်တဲ့ ကိစ္စရယ်။ အလိုအလျောက် နိုင်ငံသားတွေ ဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်ချက်က လုံးဝမဟုတ်ဘူးဆိုတာ ကျနော်ပြောချင်ပါတယ်”  ဟု ဆိုသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
807
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

ထို့ပြင် အများပြည်သူများ စိုးရိမ်နေသကဲ့သို့  နိုင်ငံတော် အကြီးအကဲများအနေဖြင့်လည်းစိုးရိမ်ကြောင်း၊ အထူးသဖြင့် နိုင်ငံသားဖြစ်ခွင့် ကိစ္စ အပေါ်လုံးဝသတိထားပြီး ဆောင်ရွက်နေကြောင်း ၎င်းကဆက်ပြောသည်။

You May Also Like These Stories:

ဗစ်တိုးရီးယားများစွာတို့အတွက် တရားမျှတမှု တောင်းဆိုခြင်း

လိင်အကြမ်းဖက်ခံရသူ ကလေးငယ်အမှု နိုင်ငံ့အကြီးအကဲများ စောင့်ကြည့်နေ

လေးလုပ်သား ၆ သိန်းကျော် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရဟုဆို

Your Thoughts …
Tags: ကလေးသူငယ်ဥပဒေကြံ့ခိုင်ရေးသမ္မတရုံးဦးဇော်ဌေး
မိုးမိုး

မိုးမိုး

...

Similar Picks:

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

by ဒေးဗစ်အောင်
28 July 2023
11.5k

သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)

by ဉာဏ်သစ်
22 December 2024
4.6k

သတင်း စုဆောင်းရေး နည်းနာများကို လေ့ကျင့်ထားသည့် လက်ရွေးစဉ် ကြံ့ခိုင်ရေး အသင်းသားများက တရားဝင် ထောက်လှမ်းရေး အဖွဲ့များနှင့် လက်တွဲကာ လှုပ်ရှားနေသည်။

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

by ဧရာဝတီ
26 October 2023
2.4k

ဦးသိန်းစိုးဦးဆောင်သော ရွေးကောက်ပွဲကော်မရှင် (UEC) လက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ရာ၌ ဖိနှိပ်ကန့်သတ်မှုများသည် သမိုင်းတပတ် ပြန်လည်လာပြီ။

ဒီပဲယင်း…

ဒီပဲယင်း…

by စိုးအောင်ဆန်း
25 August 2024
2.2k

ဒီပဲယင်းကို မျက်ရည်တွေ၊ သွေးတွေနဲ့ လိမ်းကျံ စွန်းထင်းစေခဲ့တဲ့ ရာဇဝင်ကျွေးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည် တောင်းယူနေပြီလို့…။

ပြိုင်ဘက်မရှိ၍ အလိုအလျောက်ကိုယ်စားလှယ်ဖြစ်မည့်သူ ၃၁ ဦးထဲ ကြံ့ဖွံ့ ၂၆ ဦး ပါဝင်

ပြိုင်ဘက်မရှိ၍ အလိုအလျောက်ကိုယ်စားလှယ်ဖြစ်မည့်သူ ၃၁ ဦးထဲ ကြံ့ဖွံ့ ၂၆ ဦး ပါဝင်

by ဧရာဝတီ
25 October 2025
1.4k

မိုးနဲတွင် ပြည်သူ့လွှတ်တော်အတွက် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတင်ပြခဲ့သော်လည်း ပညာရေးကန့်သတ်ချက်အရ ပယ်ချခံခဲ့ရပြီး ဦးစိုင်းထွန်းလင်းတဦးသာ ကျန်ရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

၇၄ကြိမ်မြောက် တပ်မတော်နေ့အတွက် ဝတ်စုံပြည့်လေ့ကျင့်သည့် အခမ်းအနား / CINCDS

စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ရာထူး အပြောင်းအလဲ ပြုလုပ်

by ဧရာဝတီ
5 October 2022
17.8k

စစ်တပ်ရာထူး အပြောင်းအလဲသည် စစ်ခေါင်းဆောင် သဘောကျသူများအား ရာထူးတိုးပေးခြင်း ဖြစ်ပြီး အနာဂတ် စစ်ဘက်နှင့် အရပ်ဘက် တာဝန်များတွင် ခေါင်းဆောင်အဖြစ် ရာထူးပေးရန် လျာထားခံရသူများ ဖြစ်နိုင် ကြောင်း

Next Post
မြေပုံမြို့နယ် ပေါက်တူးတောင် ကျေးရွာ ဆိုင်းဘုတ်  / မောင်ဇော်ဇော် ဖေ့စ်ဘုတ်

မြေပုံမြို့နယ်၌ ရွာသား ၂ ဦး နေအိမ်အတွင်း ပစ်သတ်ခံရပြန်

Amazon ကနေ ဝယ်ယူနိုင်တဲ့ ၁ဒေါ်လာတန်အောက် ပစ္စည်းများ

Amazon ကနေ ဝယ်ယူနိုင်တဲ့ ၁ဒေါ်လာတန်အောက် ပစ္စည်းများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved