• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျပန်နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် ပြပွဲ ကျင်းပမည်

by မျိုးပပစန်း
31 July 2019
in သတင်း
A A
ဂျပန်-မြန်မာ Expo 2019 ပြလုပ်ရန် သတင်းစာ ရှင်းလင်းပွဲ  / မျိုးပပစန်း

ဂျပန်-မြန်မာ Expo 2019 ပြလုပ်ရန် သတင်းစာ ရှင်းလင်းပွဲ / မျိုးပပစန်း

7.6k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် Japan-Myanmar Resource, Trade and Investment expo 2019 ကို ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်ဝင်းရှိ Yangon Convention Center (YCC) ၌ အောက်တိုဘာလ ၁၉ ရက်နှင့်၂၀ ရက်တို့တွင် ကျင်းပသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) မှ ထုတ်ကုန်များကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင် သော ဈေးကွက်ရရှိရန် အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူ Synergy Focus International (SFI) ကုမ္ပဏီ၏ စီအီးအို ဦးလင်းကျော်ထွန်းက ပြောသည်။

၎င်းက “အသေးစား အလတ်စား လုပ်ငန်းတွေ အနေနဲ့ မြန်မာ့ ကုန်ပစ္စည်းတွေ ပြသရောင်းချလို့ရမယ့် နေရာ သပ်သပ် စီစဉ်ထားပါတယ်။ သူတို့အနေနဲ့လည်း ဂျပန်ကလာတဲ့ ကုမ္ပဏီတချို့နဲ့ ချိတ်ဆက်တာတွေ လုပ်ပြီးတော့ သူတို့ရဲ့ ကုန် ပစ္စည်းတွေ Export လုပ်လို့ ရအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
41

ယင်းပြပွဲတွင် ပါဝင်ပြသနိုင်ရန် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား ကုမ္ပဏီ ၅၀ ခန့်ကို ဖိတ်ကြားထားကြောင်း ဦးလင်း ကျော်ထွန်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ပြခန်း ၁ ခန်းကို အမေရိကန် ဒေါ်လာ ၇၀၀ နဲ့ ငှားပြသရမှာ ဖြစ်တယ်။ ပြခန်းပေါင်း ၁၅၀ ပါဝင်မယ်။ ဒါပေမယ့် MSMEs လုပ်ငန်းတွေကတော့ အဲ့ဒီ အသင်းဝင်ထားရင် စားပွဲဝိုင်း ၁ ခုကို ကျပ်ငွေ ၁ သိန်း ၅ သောင်းနဲ့ ပြခန်းငှား ပြသလို့ ရမှာ ဖြစ်တယ်။ ဂျပန်ဘက်က ပြပွဲမှာ ပြသဖို့ ဆက်သွယ်ထားတာတော့ လောလောဆယ် Trading၊ အလှကုန်ပစ္စည်း ကုမ္ပဏီတွေ၊ ကား၊ ဆောက်လုပ်ရေး၊ လျှပ်စစ်ပစ္စည်း ကုမ္ပဏီတွေပေါ့။ ဒါတွေ လာကြမှာဖြစ်တယ်” ဟု ရှင်းပြသည်။

ယင်းပြပွဲတွင် ဘဏ်နှင့် အာမခံလုပ်ငန်းများ၊ ရိုးရာဓလေ့နှင့် သက်ဆိုင်သော လုပ်ငန်းများ၊ ပညာရေး၊ ဝန်ထမ်းခန့်ထားရန် လိုအပ်နေသော ကုမ္ပဏီများ(အလုပ်အကိုင်)၊ အိမ်ခြံမြေလုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်း(MSMEs) များမှ ထုတ်ကုန်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သော လုပ်ငန်းများကို ပြသသွားမည် ဖြစ်သည်။

ထို့ပြင် ဂျပန်-မြန်မာ Expo 2019 ပြပွဲတွင် လုပ်ငန်းရှင်များမှ လိုအပ်သော လုပ်သားများကို ခေါ်နိုင်သည့် ပြခန်းများ ပြသ နိုင်မည် ဖြစ်ပြီး ပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် Japan External Trade Organization (JETRO) တို့၏ ပံ့ပိုး ကူညီမှုဖြင့် SFIမှ တာဝန်ယူ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Expo စီစဉ်သည့် Trust Venture Partners ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Mr. Shinsuke Goto က “ဂျပန် လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အတွက် မှန်ကန်တဲ့ လုပ်ဖော်ကိုင်ဖက် လိုပါတယ်။ ဒါကြောင့် ဒီပြပွဲကနေ အပြန်အလှန် လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ရရှိဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ယင်းပြပွဲမှ တဆင့် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ အချင်းချင်း ချိတ်ဆက်ခြင်း၊ သီလဝါ အထူးစီးပွားရေးဇုန်သို့ လေ့ လာခြင်းနှင့် ယင်းမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခြင်းများကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန် စီးပွားရေး တက္ကသိုလ် MBA ၏ ဌာနမှူး အငြိမ်းစား ဒေါက်တာ နုနုယဉ်က “ကျမတို့တိုင်းပြည်ရဲ့ တော်တော်များများ လုပ်ငန်းတွေက အသေးစား လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေမှာ နည်းပညာ၊ ဘဏ္ဍာငွေ အားနည်းပါတယ်။ တဖက်က နည်းပညာနဲ့ ဘဏ္ဍာငွေ ပံ့ပိုးနိုင်တဲ့ လုပ်ငန်းရှင်တွေနဲ့ ပထမဆုံး အကြိမ် ဒီပွဲကို လုပ်ပေးလိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

ဂျပန်နိုင်ငံအနေဖြင့် လက်ရှိ အချိန်ထိ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းနှင့် အခြား လုပ်ငန်းများတွင် လုပ် ငန်းပေါင်း ၁၁၆ ခုမှ ရင်းနှီးမြှုပ်နံှမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၁၉၉ ဒသမ ၁၉၉ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ(DICA) စာရင်းများ အရ သိရသည်။

Your Thoughts …
Tags: ဂျပန်-မြန်မာ Expo 2019
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သရုပ်ဆောင် ချစ်စနိုးဦး  / Chit Snow Oo's Facebook

ဒီနှစ်ထဲ အောက်တိုဘာလမှာ မင်္ဂလာဆောင်မယ့် သရုပ်ဆောင် ချစ်စနိုးဦး

ပင်လယ်လိပ်တွေဟာ ဖမ်းယူမှုကြောင့် ရှားပါးလာမှုထက် ပလတ်စတစ်တွေကို အစာအမှတ်နဲ့ စားသုံးမိတာကြောင့် သေဆုံးမှုက ပိုမိုများပြားနေတယ်

ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေကြေ ပျက်စီးနေကြရတဲ့ သတ္တဝါများ 

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved