Entertainment

ဒီနှစ်ထဲ အောက်တိုဘာလမှာ မင်္ဂလာဆောင်မယ့် သရုပ်ဆောင် ချစ်စနိုးဦး

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် အကယ်ဒမီ ချစ်စနိုးကတော့ အိမ်ထောင်ပြုဖို့ ပြင်ဆင်နေပြီး မင်္ဂလာပွဲကို ဒီနှစ်၊ အောက်တိုဘာလထဲ ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

“အနုပညာလုပ်ငန်း လုပ်ကတည်းက မင်္ဂလာဆောင် အင်္ကျီတွေ ဝတ်နေရတဲ့အခါကျတော့ အထူးအဆန်း ကြီးတော့ မရှိပါဘူး။ ဒါပေမဲ့ မိန်းကလေးဆိုတော့ လှလှပပလေးနဲ့ ကိုယ့်မင်္ဂလာဆောင်မှာ ဝတ်ရမှာဆိုတော့လည်း ပျော်တာပေါ့။ မင်္ဂလာပွဲကို အောက်တိုဘာလမှာ လုပ်ဖို့ စီစဉ်ထားပါတယ်။ သေချာ အတိအကျဖြစ်ပြီး နီးမှပဲ ထပ်ပြောပါမယ်”လို့ ချစ်စနိုးဦးက မီဒီယာများကို ပြောပါတယ်။

“မင်္ဂလာပွဲ တပွဲလုပ်ရတာ တာဝန်ကြီးတယ်။ သူ့ရဲ့မိတ်ဆွေရော ကိုယ့်ရဲ့မိတ်ဆွေရော များတဲ့အတွက် အကုန်လုံး သေချာလုပ်နေပါတယ်။ မင်္ဂလာပွဲ အင်္ကျီအတွက် ဒီဇိုင်နာတွေက လက်မှတ်ထိုးတဲ့ နေရာမှာ ကိုမျိုးမင်းစိုး၊ ဆွမ်းကျွေးမှာ မမေမြတ်ဝါဆိုနဲ့ ဘိသိက်မှာ မစုနှင်းထက်က ချုပ်ပေးမယ်။ Beach လည်း စဉ်းစား နေပါတယ်။ ဝတ်စုံကတော့ အန်တီပေါက်(မိုးကုတ်ပေါက်ပေါက်) ကိုတော့ ပြောထားတယ်။ ဘာပဲဖြစ်ဖြစ် ပျော်ပါတယ်”လို့ ချစ်စနိုးဦးက ပြောပါတယ်။

Pre Wedding အတွက် ဓာတ်ပုံတွေ ရိုက်ကူးပြီးပေမယ့် ပုံတွေ မတင်ခိုင်းသေးတာကြောင့် မတင် ဖြစ်သေးဘူးလို့ ချစ်စနိုးဦးက ဆိုပါတယ်။

“Pre Wedding အတွက် လွန်ခဲ့တဲ့ ၃ ရက်ကမှ ဥရောပ၊ အီတလီရယ်၊ စပိန်ရယ်ကနေ ရိုက်ပြီး ပြန်လာတာ။ ဓာတ်ပုံကတော့ ကိုဝဏ္ဏခွါနီး၊ ခရီးလည်းထွက်ရတော့ ပျော်တာပေါ့နော်။ ပုံတွေ မတင်နဲ့ဦး ဆိုတာနဲ့ မတင် ဖြစ်သေးဘူး။ ကိုယ့်မင်္ဂလာပွဲ ကိုယ်စီစဉ်ရတဲ့ ခံစားချက်က ပျော်တာပေါ့။ အရင်က ပြောဖူးပါတယ်။ မင်္ဂလာဆောင်ရင် အလှူအတန်းလေးပဲ လုပ်ချင်တယ်၊ အကြီးအကျယ် မလုပ်ချင်ဘူး။ ဒါပေမဲ့လည်း နှစ်ဖက် အသိုင်းအဝန်းက ရှိသေးတယ်”လို့ ချစ်စနိုးဦးက ပြောပါတယ်။

အနုပညာလောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာ တနေရာ ရရှိထားတဲ့ ချစ်စနိုးဦးဟာ ၂၀၁၁ ခုနှစ်က “ရင်ကွဲနာ” ရုပ်ရှင် ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု”ကို ရရှိထားသူ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading