ဧရာဝတီ၊ မတ် ၁၁၊ ၂၀၁၉
ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော် ပညာသင်ကြားနေတဲ့ ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း ခေါင်မိုးတွေ ပေါက်ပြဲနေတာကြောင့် လာမယ့်ကျောင်းဖွင့်ရာသီမှာ ကလေးငယ်တွေ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအမိုးတွေ ပြုပြင်ပေးဖို့ လိုအပ်နေပါတယ်။
အခြေခံပညာဦးစီဌာနအောက်မှာရှိတဲ့ အဲ့ဒီကျောင်း တည်ရှိရာ မြေဧရိယာကို ကျောင်းမြေအဖြစ် မြေပိုင်ဆိုင်မှု အထောက်အထား ထုတ်ပေးထားတာမရှိတဲ့အတွက် ကျောင်းဧရိယာအတွင်း ကျူးကျော်နေအိမ်တွေကို ကျောင်းအာဏာပိုင်တွေက တားမြစ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဉာဏ်စိုးဝင်း












