ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖားကန့်မြို့နယ်နဲ့ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးရေအိုင်အနီးက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နေရာယူလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ် နေရာဝင်ယူတဲ့ ဒေသတွေဟာ ကျောက်စိမ်းလုပ်ကွက်တွေရှိတဲ့ ဖားကန့်မြို့နယ်၊ မှော်မောင်းလျန်ကျေးရွာနဲ့ ရွှေလုပ်ကွက်တွေရှိတဲ့ အင်းတော်ကြီးရေအိုင်အနီးက မမုန်ကိုင်၊ မိုင်းနောင်၊ ဆနွင်းကုန်း၊ အင်းသာနဲ့ ဟဲပါးကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။
မိုးညှင်းမြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်နေရာယူရာမှာ အာဏာသိမ်း စစ်တပ်နဲ့အတူ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်တွေလည်းပါဝင်ပြီး အင်အား ၄၀၀ လောက် ရှိတယ်လို့ ရှေ့တန်း မြေပြင် သတင်းရင်းမြစ်တွေက ဧရာဝတီကိုပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ဖားကန့် #မိုးညှင်း #အင်းတော်ကြီး #KIA #စစ်ကောင်စီ #SNA #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













