အာဏာသိမ်း စစ်အုပ်စုက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကာလကို အောက်တိုဘာလ၂၈ ရက်နေ့က စတင်လိုက်ပေမယ့် စိတ်ဝင်စားမှုမရှိဘူးလို့ ပြည်သူအများစုက ပြောကြပါတယ်။
ကိုဗစ်ကပ်ရောဂါ ကပ်ဘေးကာလအတွင်းမှာ ပြည်သူတွေ ခက်ခက်ခဲခဲပေးခဲ့ကြရတဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုပြီးအာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ လက်ရှိမှာ နိုင်ငံအဝှမ်းလက်နက်ကိုင်တော်လှန်မှုကို ကြုံတွေ့နေရသလို နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကို လည်းကြုံတွေ့နေရတာပါ။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချထားတဲ့ကြားကရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပြီးမှ ရွေးကောက်ပွဲကို စဉ်းစားဖို့တိုက်တွန်းနေကြတာပါ။ ဒီလိုတိုက်တွန်းမှုတွေ၊ ပြည်သူလူထုရဲ့ သပိတ်မှောက်ဆန့်ကျင်မှုတွေကိုလက်မခံဘဲ စစ်ကော်မရှင်အနေနဲ့ အာဏာနဲ့လက်နက်ကိုအသုံးချပြီးရွေးကောက်ပွဲကို အတင်းအကြပ်လုပ်ဆောင်နေကြတာလို့ပြည်သူတွေက ရှုမြင်နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #မဲဆွယ်စည်းရုံးရေး #နိုင်ငံရေးပါတီ #ဒေါ်အောင်ဆန်းစုကြည် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













