တရုတ်အစိုးရ ကြားဝင်မှုနဲ့ ပြန်ပေးဖို့ သဘောတူညီထားတဲ့ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ထဲကို အာဏာသိမ်းစစ်တပ် ပြန်ဝင်နိုင်ဖို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က လုံခြုံရေးပေးပြီး ခေါ်လာပေးမယ်လို့ မြေပြင်တပ်ဖွဲ့တွေက ဧရာဝတီကိုပြောပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့ နှစ်မြို့လုံးဆီကို လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တွေမှာ အာဏာသိမ်းစစ်တပ်ကို တပြိုင်တည်း ပြန်ခေါ်လာပေးမှာဖြစ်တာကြောင့် အဲ့ဒီရက်တွေမှာ ကျည်လုံးဝပေါက်လို့ မရကြောင်း TNLA ခေါင်းဆောင်နှစ်ဦးက ခေါ်ပြောတာလို့ သိရပါတယ်။
တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန (NUG-MOD) က အခု နိုဝင်ဘာလအတွင်းမှာ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့မှာ လှုပ်ရှားနေတဲ့ NUG လက်အောက်က တပ်ရင်း၊ တပ်ဖွဲ့တွေကို စုစည်းကာ အရေးပေါ် စစ်ဦးစီးအဖွဲ့ ဖွဲ့လိုက်တဲ့အတွက် စစ်ဦးစီးအဖွဲ့ရဲ့ အမိန့်နဲ့ညွှန်ကြားချက်မပါဘဲ လှုပ်ရှားခွင့်မရတဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီကိုပြောပါတယ်။
#မြန်မာ #ဧရာဝတီ #မိုးကုတ် #မိုးမိတ် #TNLA #NUG #MOD #တရုတ် #WhathappensInMyanmar













