• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

မြန်မာ သမ္မတ ကတော် ဘီးဆံပတ် ပတ်တာ ဘာမှားလို့လဲ

by မယ်လွန်း
9 May 2018
in Women & Gender
A A
သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော်လေဆိပ်မှာ လိုက်ပို့နေတဲ့ ဇနီး ဒေါ်ချိုချို  / Myanmar President Office

သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော်လေဆိပ်မှာ လိုက်ပို့နေတဲ့ ဇနီး ဒေါ်ချိုချို / Myanmar President Office

66.7k
VIEWS
Share on FacebookShare on Twitter

စင်္ကာပူနိုင်ငံမှာပြုလုပ်မယ့် ၃၂ ကြိမ်မြောက် အာစီယံထိပ်သီး အစည်းအဝေးတက်ရောက်ဖို့ သွားတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော် လေဆိပ်မှာ ဇနီးဖြစ်သူနဲ့ နိုင်ငံတော် အကြီးအကဲတွေ လိုက်ပါပို့ဆောင်နေကြတဲ့ ပုံတွေဟာ နိုင်ငံတော် သမ္မတရုံး လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာကတဆင့် ပြန့်နှံ့သွားခဲ့ပါတယ်။

နိုင်ငံတော် သမ္မတရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ကို လိုက်ပါပို့ဆောင်နေကြသူတွေထဲက အမျိုးသမီးတဦးရဲ့ ပုံကိုကြည့်ပြီး ဝေဖန်သူတွေတချို့ကြားမှာ ဂယက်ထခဲ့ပါသေးတယ်။ အဲဒါကတော့ First Lady လို့ခေါ်တဲ့ သမ္မတကတော်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ သူ့ရဲ့အပြင်အဆင်ပါပဲ။

အနောက်တိုင်းဝတ်စုံကို စမတ်ကျကျ ဝတ်ဆင်ထားတဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ဘေးမှာ လိုက်ပို့တဲ့ သမ္မတ ကတော်က ဦးခေါင်းက ဆံပင်တွေကို ဘီးဆံပတ် ပတ်ထားပြီး မျက်နှာမှာလည်း သနပ်ခါးရေကျဲလိမ်းထားပါတယ်။ ဝတ်စားဆင်ယင်ပုံမှာလည်း မြန်မာဆန်ဆန် ရင်ဖုံးအင်းင်္ကျီ နဲ့ ပုဝါပါးပါးကို ပုခုံးထက်တင်ထားပြီး အပွင့်ရိုက် ထဘီနဲ့ ကတီပါ ညှပ်ဖိနပ် ပါးပါးလေးကို စီးထားပါတယ်။

ဒီဓာတ်ပုံတွေကို ကြည့်ပြီး First Lady ဒေါ်ချိုချိုအပေါ် သူ့ရဲ့ ရိုးရှင်းတဲ့အသွင်အပြင်ကို သဘောကျနှစ်သက်တဲ့သူတွေ၊ အထူးပြု ပြောဆိုသူတွေရှိသလို လူတွေပုံမှန်လက်ခံထားတဲ့ ဒီနေ့ခေတ်ရဲ့ ဖက်ရှင်မကျတဲ့ အပြင်အဆင် ကြောင့် “ထက်မြက်ပြီး စတိုင်ကျတဲ့ First Lady” အလိုရှိကြောင်း သရော်သူတွေလည်း ရှိခဲ့ပါတယ်။

လူတကိုယ်အကြိုက်တမျိုးမို့ ရိုးတဲ့ဝတ်စားဆင်ယင်မှု အပြင်အဆင်ကို ကြိုက်နှစ်သက်သူတွေရှိသလို နိုင်ငံ တကာနဲ့ယှဉ်ပြီး စမတ်ကျတဲ့ အပြင်အဆင်မျိုးကို ကြိုက်နှစ်သက်သူတွေလည်း ရှိကြတာ သဘာဝပါ။ ဒီနေရာမှာ အလှအပ အပြင်အဆင် ဖက်ရှင်အကြောင်း အဓိက ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို ပုဂ္ဂလိကဆိုင်ရာ လက်ခံမှုက အမျိုးသမီးတွေ ထိပ်ပိုင်းနေရာကို ရောက်လာပြီဆိုရင် နှိုင်းယှဉ်စရာ စံနှုန်းတခုဖြစ်လာတာကတော့ ဆွေးနွေးစရာ အကြောင်း အရာ ဖြစ်လာပါတယ်။

ဥပမာ နိုင်ငံပြယုဂ်အဖြစ် ခေါင်းဆောင်ဆိုရင် စတိုင်ကျဖို့နဲ့ ထက်မြက်ဖို့ အဓိကဆိုပြီး တွဲပြောတဲ့သူရှိပေမယ့် ထက်မြက်ပြီး ဖက်ရှင်ကျတဲ့ အမျိုးသမီးခေါင်းဆောင်ဖြစ်တော့ရော အပြောလွတ်ပြီလားလို့ ကြည့်လိုက်ရင် မလွတ်ပြန်ပါဘူး။ တပွဲတမျိုးမရိုးတဲ့ ဝတ်စားဆင်ယင်မှု၊ ပြင်ဆင်မှုတွေနဲ့ စမတ်ကျလှတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေရာမှာ ရှင်းလင်းတဲ့ ဥပမာပါပဲ။ သူဟာ အတွေးအခေါ်နဲ့ ဉာဏ်ရည် ပိုင်းမှာ သူမတူအောင် ထက်မြက်သူ တဦးဆိုတာ လူအများစု လက်ခံသလို နှလုံးရည်၊ ခံနိုင်ရည်ပိုင်းကို ကြည့်ရင်လည်း စံနမူနာထားရမယ့်သူဆိုတာ အထင်အရှားပါ။ တခြား ခေါင်းဆောင်တွေနဲ့ ယှဉ်ရင် အပြစ်ပြောစရာ ကြံဖန်ရှာမှ တွေ့ရမှာပါ။ ဒါပေမဲ့ သူလည်း ဝေဖန်မှုတွေက မလွတ်ပါဘူး။ ဝေဖန်တယ်ဆိုတာထက် ပစ်မှတ် လုပ်ပြီး တိုက်ခိုက်ခံရတာလို့လည်း ပြောနိုင်ပါတယ်။ ဘာနဲ့လဲဆိုတော့ ဒီအလှအပ အပြင်အဆင်ကိစ္စနဲ့ပါပဲ။

စစ်အာဏာရှင်လက်အောက် လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီကို အမှတ်ရမိပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို တိုက်ခိုက်ဖို့၊ ရှုတ်ချဖို့ လုပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလှအပကြိုက်တဲ့ အကြောင်းကို ဖွဲ့နွဲ့ဝေဖန် တိုက်ခိုက်ထားတဲ့ စာအုပ်တောင် ဖတ်ဖူးပါသေးတယ်။

ဒါဟာ စစ်အာဏာရှင်ဘက်က တိုက်ခိုက်မှုပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ နိုင်ငံရေးအသိုင်းအဝိုင်းအကြား အမြင်မတူသူ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတွေကြား၊ သတင်းမီဒီယာသမားအချို့တွေကြားနဲ့ သာမန်လူ တွေကြားမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ချင်ပြီဆိုရင် သူအလှအပကြိုက်တဲ့အကြောင်းနဲ့ သူ့ရဲ့ ဝတ်စုံဖက်ရှင်တွေအကြောင်းကတော့ မပါမဖြစ် ထိပ်ဆုံးကပါပဲ။

ဒီနေရာမှာ ခေါင်းဆောင်နေရာယူတိုင်း သူတို့ရဲ့ လှုပ်ရှားမှုမှန်သမျှ လူတွေစောင့်ကြည့်ကြမှာပဲလို့ ယေဘုယျ ဆန်ဆန် တုံ့ပြန်ကြမှာ အသေအချာပါပဲ။ ဒါပေမဲ့ အမျိုးသားတွေမှာလည်း သူတို့နည်း သူတို့ဟန် အလှအပ ကြိုက်တဲ့ အနေအထားကတော့ ရှိကိုရှိပါတယ်။

ဥပမာ – ထိပ်ပြောင်နေရင် ကြည့်လို့မကောင်းဘူး ဆိုပြီး မရှိရှိတဲ့ အနောက်က၊ ဘေးက ဆံပင်တွေကို နဖူးပေါ် အတင်း ဆွဲတင်ထားတဲ့သူတွေလည်း ခေါင်းဆောင်ထဲမှာ ရှိတာပါပဲ။ ဒီထဲမှာ ဖိနပ်၊ ဘောင်းဘီရှည်၊ လုံခြည်၊ တိုက်ပုံ၊ နာရီ၊ လက်စွပ်၊ စသဖြင့် လူ့အသိုင်းအဝိုင်းက ပုံမှန်သတ်မှတ်ပေးထားတဲ့ အမျိုးသားတွေ ပြင်အပ်ဆင်အပ်တဲ့ အပြင်အဆင်တွေ၊ အလှအပတွေနဲ့ အညီ နေထိုင်ကြိုက်နှစ်သက်သူတွေရှိတာပဲ။

ဒါကို စာဖွဲ့ပြီး ဘယ်သူတွေပြောနေလဲဆိုတာ ပြန်စဉ်းစားရင်တောင် လက်ချိုးရေတွက်လို့ရတဲ့ အရေအတွက်ထက်တောင် နည်းနေတာ တွေ့မှာပါ။ အမျိုးသားခေါင်းဆောင်တွေဆိုရင် တိုက်ပုံနဲ့ ပုဆိုး၊ ကုတ်အကျႌနဲ့ ဘောင်းဘီရှည်၊ ဒီလောက်ဝတ်ထားရင် စမတ်ကျပြီ၊ ခန့်ညားပြီလို့ သာမန်ပဲ သတ်မှတ်ကြသလို အချိန်အများစုမှာ အမျိုးသားတွေ ဘယ်လိုဝတ်စားဆင်ယင် ပြင်ဆင် နေထိုင်လဲ ဘယ်သူမှတောင် သတိထားမိပုံ မပေါ်ပါဘူး။ ဒါပေမဲ့ အမျိုးသမီးခေါင်းဆောင်တဦး ဝတ်စားပြင်ဆင်လာပြီဆိုရင် ခေါင်း အစ ခြေအဆုံး လူတဦးချင်းစီအကြိုက်အပေါ် မူတည်ပြီး တယောက်တမျိုး ဝေဖန်ကြပါတော့တယ်။

ပြိုင်ဘက်တွေဆိုရင်တော့ အဲဒါကို လက်နက်တခုလို အသုံးချပြီးတောင် တိုက်ခိုက်တတ်ကြပါမယ်။ ဥပမာ – ပုံမှန် မြန်မာဝတ်စုံ ဝတ်ရင်တောင် ဒီဝတ်စုံဖိုးက ဘယ်လောက်၊ ချုပ်ထားတဲ့ဒီဇိုင်းကလည်း အရွယ်နဲ့မလိုက် ဆိုပြီး ခေတ်ရှေ့လွန်နေသလိုလို အနေအထိုင် လျှပ်ပေါ်လော်လီသလိုလို ပြောကြတာတွေရှိသလို ကိုယ့်စံနှုန်းနဲ့ မကိုက်ညီတဲ့ အပြင်အဆင် ဆိုရင်လည်း ပုံတုံးလိုက်တာ၊ တောပုံကြီး စသဖြင့် ရိုးအ,တုံးလွန်းပြီး မထက်မြက်တဲ့ အမျိုးသမီးတယောက်အနေနဲ့ ပုံဖော်ဝေဖန်ကြတာတွေပါ။

ပုဂ္ဂလိကဆိုင်ရာ လက်ခံမှုတွေထဲတခုဖြစ်တဲ့ အလှအပနဲ့ ဖက်ရှင်ဟာ အမျိုးသမီးတွေ ခေါင်းဆောင်နေရာကို ရောက်လာတော့မယ်ဆိုရင် အမျိုးသားခေါင်းဆောင်တွေ မကြုံရတဲ့ဝေဖန်မှုတွေထဲက ထူးဆန်းပေမယ့် မထူး ဆန်းတဲ့ ဝေဖန်မှုတခုပါပဲ။ ဒီဝေဖန်မှုတွေကို သာမန်ဖြစ်စဉ်တခုလို အပေါ်ယံမြင်နေရပေမယ့် တကယ်တမ်းကျ တော့ အမျိုးသမီး ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ အတွက်တော့ ပျားရည်ခွက်ထဲက အဆိပ် တစက်ပါပဲ။

သာမန်အမျိုးသမီးတွေကတော့ ဒါတွေကို စိတ်အနှောက်အယှက်ဖြစ်စရာ အမှိုက်တစလို့သာ သဘောထား နိုင်ပေမယ့် အဲဒီအမျိုးသမီးဟာ နိုင်ငံရေးမှာ ခေါင်းဆောင်မှုတနေရာ ရလာရင်တော့ သူ့ကို တရစပ်တိုက်ခိုက်ဖို့ လက်နက်တခု ဖြစ်လာနိုင်ပါတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

လူ့အဖွဲ့အစည်းမှာ အမျိုးသမီးခေါင်းဆောင်တွေကိုဆိုရင် သူတို့ရဲ့ ပုဂ္ဂလိကဆိုင်ရာ လက်ခံမှု၊ ကြိုက်နှစ်သက်မှု အပေါ်ကိုသာ ဝေဖန်တိုက်ခိုက်ဖို့ လက်နက်တခုအဖြစ် အသုံးပြုနေတာဟာ လူ့အသိုင်းအဝိုင်းတခုရဲ့ ကျား၊ မ တန်းတူရေးဆိုင်ရာ လက်ခံကျင့်သုံးမှု အတိုင်းအတာနဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းတခု နိမ့်ကျ၊ ကျရှုံးနေဆဲ ဆိုတာ မီးမောင်းထိုးပြနေပါတယ်။

ဒီလိုအလေ့အထတွေဟာ ကျားမတန်းတူရေးဆိုင်ရာ ဂုဏ်သိက္ခာကျဆင်းနေသေးတဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အမျိုးသမီးတွေအတွက်လည်း မတရားတဲ့ စိန်ခေါ်မှုတခုအဖြစ် ရှိနေ သေးတာ ဝမ်းနည်းစရာ ကောင်းပါတယ်။

အမျိုးသမီးတယောက်ကိုကြည့်ရင်၊ အထူးသဖြင့် အမျိုးသမီးခေါင်းဆောင် တယောက်ကို ရှုမြင်သုံးသပ်တဲ့အခါ သူတို့ရဲ့ ပုဂ္ဂလိက ဆိုင်ရာ လက်ခံမှုကို ဘေးဖယ်ပြီး အမျိုးသားခေါင်းဆောင်တွေကို မြင်သလိုပဲ ခေါင်းဆောင် တယောက်မှာ ရှိသင့်တဲ့ အချက်တွေနဲ့ပဲ စံသတ်မှတ်သင့်ပါတယ်။

သမ္မတကတော် ဒေါ်ချိုချိုဟာ တခြားသော နိုင်ငံတွေက First Lady တွေလို လူမှုရေး၊ ပညာရေးနဲ့ အခြား နိုင်ငံရေးဆိုင်ရာ ကဏ္ဍတွေမှာ သမ္မတနဲ့ နိုင်ငံကို ဘယ်လိုအထောက်အပံ့ပေးမလဲဆိုတဲ့ ဝေဖန်မှုမျိုးနဲ့ ချဉ်းကပ် တာက ပိုပြီးထိရောက် အဆင့်မြင့်တဲ့ အတွေးအခေါ်တရပ်ဖြစ်မှာပါ။ အဲဒီလိုမဟုတ်ပဲ လူတယောက်ရဲ့ စိတ်ဓာတ်၊ လုပ်ရပ်နဲ့ ရပ်တည်မှုထက်ပိုပြီး အပေါ်ယံဆင်ယင်မှုနဲ့ အလှအပ၊ အသွင်သဏ္ဍန်ကို ပစ်မှတ်ထား ဝေဖန်တတ်တဲ့ အလေ့အထ နိုင်ငံအဆင့်ထိ ရောက်လာတာကတော့ လူ့အသိုင်းအဝိုင်းတခုရဲ့ အတွေးအခေါ် ကျရှုံးမှုတခုပါပဲ။

အဲဒါကြောင့် သမ္မတကတော် ဒေါ်ချိုချိုတယောက် ခေါင်းမှာ ဘီးဆံပတ်နဲ့ နေထိုင်သွားလာတာဟာ ဘာများ မှားနေလို့လဲလို့ မေးခွန်းထုတ်လိုက်ရပါတယ်။

ဆက်စပ် ဖတ်ရှုရန် – ဒေါ်ချိုချို (သို့မဟုတ်) ၁၀ ဦးမြောက် သမ္မတ ကတော် 

အဆိုပါဆောင်းပါးကို HI ( Honest Information )မှ ကူးယူဖော်ပြခြင်း ဖြစ်ပြီး HI ကို မြန်မာအမျိုးသမီး သမဂ္ဂ (BWU) မှ စီစဉ်လုပ်ဆောင်ခြင်းဖြစ်သည်။

Your Thoughts …
Tags: သမ္မတ ကတော် ဒေါ်ချိုချို
မယ်လွန်း

မယ်လွန်း

Contributor

Similar Picks:

No Content Available
Next Post
/ Reuters

ထိုင်း- မြန်မာနယ်စပ်၌ လိင်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမေရိကန်နိုင်ငံသား ထိုင်းရဲဖမ်းဆီး

ချီကာဂိုနိုင်ငံတွင် ပြုလုပ်သည့် metoo လှုပ်ရှားမှု တခု  / chicagonow.com

လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများကို #MeToo လို့ပြောရဲပြီလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved