• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တင့်ကားပျံ သို့မဟုတ် Mi-35 အကြောင်း တစေ့တစောင်း

by ဧရာဝတီ
6 December 2016
in ဆောင်းပါး
A A
Mi 35 ရဟတ်ယာဉ် / Wikipedia

Mi 35 ရဟတ်ယာဉ် / Wikipedia

40k
VIEWS
Share on FacebookShare on Twitter

လတ်တလော မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မုံးကိုး၊ ဖောင်းဆိုင်၊ မူဆယ်ဒေသများမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ မြောက်ပိုင်းတိုင်းရင်သား လက်နက်ကိုင်အဖွဲ့ (KIA, TNLA, MNDA) တို့အကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိရာ မြန်မာတပ်မတော်မှ လေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်ခဲ့ရသည့်အထိ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလို ပစ်ကူပေး တိုက်ခိုက်တဲ့ နေရာမှာ ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဟာ အဓိက အခန်းကဏ္ဍက ပါဝင်နေပြီး၊ ကချင်ပြည်နယ်က တိုက်ပွဲတွေမှာလည်း အသုံးပြုခဲ့တာကြောင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပတ်သက်လို့ ဧရာဝတီက တင်ပြလိုက်ပါတယ်။

Mi 35 ရဟတ်ယာဉ်
Mi 35 ရဟတ်ယာဉ်

နေတိုးက ဟိုင်း (Hind) လို့ ခေါ်တဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို ဆိုဗီယက်ပညာရှင် မီခေးလ် လီယွန် နော့ ယက်ဗ်မေးလ်က ဒီဇိုင်းပုံစံ ရေးဆွဲထုတ်လုပ်တာ ဖြစ်ပြီး၊ သူ့ကို အစွဲပြုကာ ပြည်တွင်းမှာတော့ Mil Mi-24 လို့ ခေါ်ဝေါ်သလို ပြည်ပကို ရောင်းချတဲ့အခါမှ Mi-35 လို့ အမည်ပေးထားပါတယ်။ ဆိုဗီယက် ရဟတ်ယာဉ်မှူးတွေကတော့ တင့်ကားပျံလို့  တင်စားခေါ်ကြပါတယ်။

ဗီယက်နမ် စစ်ပွဲအတွင်းက စက်သေနတ် တပ်ဆင်ထားတဲ့ အမေရိကန် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေရဲ့ စွမ်းပကားကို တွေ့မြင်ပြီးနောက် ဆိုဗီယက် တပ်မတော်အတွက် တိုက်ခိုက်ရေးသာမက စစ်သည်များ လွယ်ကူလျင်မြန်စွာ ရွှေ့ပြောင်း သယ်ယူပို့ဆောင် နိုင်ရေးအတွက် မေးလ် မော်စကို ရဟတ်ယာဉ်စက်ရုံက ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

တည်ဆောက်ပုံမှာလည်း စစ်သည် ၈ ဦး တင်ဆောင်နိုင်တဲ့ အလတ်စား ကိုယ်ထည်ဖြစ်ပြီး၊ ၁၂.၇ မမ လေယာဉ်ပစ် စက်သေနတ်ကြီးကျည် ထိမှန်လျှင် ဖောက်ထွင်းနိုင်မှု မရှိအောင် ကျည်ကာ သံမဏိပြားများဖြင့် တည်ဆောက်ထားပါတယ်။

Mi 35 ရဟတ်ယာဉ်
Mi 35 ရဟတ်ယာဉ်

၁၉၆၉ ခုနှစ်မှာ စမ်းသပ်ပျံသန်းကာ ၁၉၇၂ ခုနှစ်က ဆိုဗီယက်လေတပ်မှာ စတင်အသုံးပြုခဲ့ပါတယ်။

၁၉၇၇ ခုနှစ် အာဖရိကတိုက်မှ ဆိုဗီယက်မဟာမိတ် အီသီယိုပီးယားနှင့် ဆိုမာလီတို့ ဖြစ်ပွားခဲ့သည့် အိုဂါဒမ်စစ်ပွဲမှာ မြေပြင်တပ်တွေနဲ့ တွဲဖက်ပြီး စတင်အသုံးပြုခဲ့ရာ အောင်မြင်မှု ရခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဗီယက်နမ်-ကမ္ဘောဒီးယား၊ ချတ်ဒ်- လစ်ဗျား၊ အီရန်- အီရတ်၊ အာဖဂန်နစ္စတန်နဲ့ ပင်လယ်ကွေ့ စစ်ပွဲတွေ၊ နီဂွာရာဂွာ၊ သီရိလင်္ကာ၊ ဆီလီရာလီယွန်၊ ယူဂိုဆလား ဗီယား၊ လစ်ဗျား၊ အိုင်ဗရီကို့စ်၊ ဆူဒန်စတဲ့ ပြည်တွင်းစစ်တွေမှာ ပါဝင်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့နှစ်များဆီက ဖြစ်ပွားခဲ့တဲ့ ခရိုင်းမီးယားအရေးနဲ့ ယူကရိန်း-ဒွန်ဘက်စ် ဒေသ တိုက်ပွဲတွေမှာ အရေးပါနေဆဲ ဖြစ်ပါတယ်။

အာဖဂန်စစ်ပွဲမှာဆိုရင် Mil Mi 24 အစွမ်းပြနိုင်တာကြောင့် မူဂျာဟီဒင်တွေ ထိခိုက်ကျဆုံးမှု များလာတဲ့အတွက် အမေရိကန်က အပူငွေ့ရှာ ပုခုံးထမ်းလေယာဉ်ပစ် စတင်ဂါ ဒုံးတွေကို မူဂျာဟီဒင်တွေကို တပ်ဆင်ပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပြီး၊ စတင်ဂါတွေကြောင့်လည်း Mil Mi 24 ရဟတ်ယာဉ်တွေ ပစ်ချခံရမှုများ ရှိခဲ့ပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
557

ဒါပေမယ့်နောက်ပိုင်းမှာ အပူငွေ့ရှာ ဒုံးကျည် အန္တရာယ်မှ ကာကွယ်နိုင်ဖို့ အင်ဂျင်မှ ထွက်လာတဲ့ အပူငွေ့ကို လျော့ချ ပေးတဲ့ HRS စနစ်များ၊ RWR ဒုံးကျည် အချက်ပေးစနစ်နဲ့ ဒုံးကျည် လမ်းလွှဲစနစ်များကို တပ်ဆင်ကာ အားနည်း ချက်များကို ပြုပြင်ခဲ့တာကြောင့် နာမည်ကျော် တိုက်ခိုက်ရေး ရဟတ်ယာဉ်အဖြစ် ဆက်လက် ရပ်တည်ခဲ့ရာ ယခုဆိုလျှင် တတိယမျိုးဆက်ပင် ထုတ်လုပ်လျှက် ရှိပြီဖြစ်ပါတယ်။

Mi-35 ခေါ် Mil Mi 24 တွင် မျိုးကွဲများစွာရှိပြီး ပထမမျိုးဆက်မှာ Hind A B C D ဖြစ်ပြီး ဒုတိယမျိုး ဆက်မှာ Hind E နှင့် Hind F အဖြစ် သတ်မှတ်သည်။ တတိယမျိုးဆက်ကို Mi 35M နှင့် Mi-24 P တို့ဖြစ်သည်။

လက်နက်တပ်ဆင်မှုမှာ အရင်မျိုးဆက်တွေမှာ ၁၂.၇ မမ စက်သေနတ် တပ်ဆင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တင့်ကားနဲ့ ကတုတ်တွေကို ဖြိုခွင်းနိုင်ဖို့ Gun Ship လို့ ခေါ်တဲ့ ၃၀ မမ အကြီးစား စက်အမြောက် ၂ လက်နဲ့ ပြောင်းလဲခဲ့သလို S-5 ၊ S-8 နဲ့ S -24 ဒုံးကျည်တွေ တပ်ဆင်ကာ ပေါင် ၂၅၀ ကနေ ပေါင် ၅၅၀ အထိရှိတဲ့ ဗုံးတွေကိုလည်း သယ်ဆောင်နိုင်ပါတယ်။

လက်ရှိမှာတော့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှာ အသုံးပြုလျှက်ရှိပြီး ၂၀၁၅ ခုနှစ်မှာတော့ ပါကစ္စတန်ကို Mi 35 M အမျိုးအစား ၄စီး ရုရှားက ရောင်းချခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၀ ခုနှစ် စစ်အစိုးရလက်ထက်မှ စတင်ကာ စစ်အင်အား တိုးချဲ့မှုများ ပြုလုပ်လာရာ အနီးကပ် ပစ်ကူပေးရေးနဲ့ တင့်ကား တိုက်ဖျက်ရေး ရည်ရွယ်ချက်နဲ့ ရုရှားထံမှ Mil Mi 24 (Mi-35P) တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူခဲ့ပါတယ်။ လက်ရှိ အနေအထားမှာတော့ ၁၀ စီးခန့် ပိုင်ဆိုင် ထားတယ်လို့ ပြောဆို ရေးသားနေကြပေမယ့် အတည်မပြုနိုင်တဲ့ သတင်းတွေအရ အစီးရေ ၅၀ ခန့် ပိုင်ဆိုင်နေတယ် ဆိုပါတယ်။

ကိုးကား – Wikipedia
အကျယ်ဖတ်ရှု့လိုပါက Mil Mi-24၊ Mil Mi-24 variantsနှင့် Myanmar Air Force စသည့် ဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။

Your Thoughts …
Tags: Military
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဓာတ်ပုံ - မြဝတီ

KIA တပ်ရင်း ၁၂ ဌာနချုပ်စခန်း တပ်မတော်သိမ်းပိုက်

by ဧရာဝတီ
19 January 2017
23.2k

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ မန်ဝိန်းကြီး ကျေးရွာ အနောက်တောင်ဘက် ၂၄မိုင်ခန့်အကွာ မံဂမ်ကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃၊ တပ်ရင်း ၁၂ ဌာနချုပ်စခန်းအပါအဝင် စခန်း ၃ခုအား တပ်မတော် မနေ့မနက်က သိမ်းပိုက်လိုက်ကြောင်း...

ပေါက်ဖော်ကြီးက စစ်ကော်မရှင်ကို ဝယ်လိုက်ပြီလား (ရုပ်/သံ)

ပေါက်ဖော်ကြီးက စစ်ကော်မရှင်ကို ဝယ်လိုက်ပြီလား (ရုပ်/သံ)

by ဧရာဝတီ
7 September 2025
137

Editorial Talk

“၈၈” နဲ့ “၂၁” ဘာကွာလဲ

“၈၈” နဲ့ “၂၁” ဘာကွာလဲ

by ဧရာဝတီ
31 July 2025
110

Opinion Talk

ပေါက်ဖော်ဝင်ဖျက်တဲ့ မြန်မာ့တော်လှန်ရေး

ပေါက်ဖော်ဝင်ဖျက်တဲ့ မြန်မာ့တော်လှန်ရေး

by ဧရာဝတီ
11 September 2025
105

Opinion Talk

စစ်ဗိုလ်ချုပ်တွေ အရမ်းကြောက်တဲ့ အမျိုးသမီး

စစ်ဗိုလ်ချုပ်တွေ အရမ်းကြောက်တဲ့ အမျိုးသမီး

by ဧရာဝတီ
6 June 2025
104

ဘာလက်နက်မှ မရှိတဲ့ အမျိုးသမီးတစ်ယောက်ကို မြန်မာစစ် ဗိုလ်ချုပ်တွေ ဘာကြောင့် အမြဲကြောက်ရတာလဲ၊ စစ်အစိုးရ အဆက်ဆက် ကို ခြောက်လှန့်ခဲ့တဲ့ သူရဲ့ နိုင်ငံရေး ယုံကြည်မှု နဲ့ လမ်းစဉ်တွေက ဘာတွေလဲ၊ အကြိမ်ကြိမ်တိုက်ခိုက်ဖမ်းဆီးခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီတကြိမ်မှာရော...

နိုင်ငံရေးလုပ်ကြံမှုတွေနဲ့ မြန်မာ့ကံကြမ္မာ

နိုင်ငံရေးလုပ်ကြံမှုတွေနဲ့ မြန်မာ့ကံကြမ္မာ

by ဧရာဝတီ
17 July 2025
97

လုပ်ကြံမှုတွေမှာ အာဏာရှင်တွေထက် ပြည်သူ့ခေါင်းဆောင်တွေ ပိုပစ်မှတ်ထားခံခဲ့ရပါတယ်။ သမိုင်းသာ ပြောင်းပြန်ဖြစ်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်မလဲ။ စနစ်ပြောင်းဖို့ အတွက် လုပ်ကြံမှု ဟာ နည်းမှန်လမ်းမှန်လား၊ ၊ နိုင်ငံရေးအရရော ထိရောက်မှုရှိမှာလား စတာတွေ ကို ဒီတပတ်...

Next Post
မောင်တောရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ / သော်ဟိန်းထက် / ဧရာဝတီ

ဘင်္ဂလားဒေ့ရှ်၌ ဆန္ဒပြမှုများကြောင့် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထား

တိုးတက်မှု

တိုးတက်မှု

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved