• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အကြမ်းမဖက် တော်လှန်ရေး ဝါဒသမား ဂျင်းရှပ်

by Ruaridh Arrow
1 February 2018
in ဆောင်းပါး
A A
အကြမ်းမဖက် တော်လှန်ရေးဝါဒသမား ဂျင်းရှပ်

အကြမ်းမဖက် တော်လှန်ရေးဝါဒသမား ဂျင်းရှပ်

5.2k
VIEWS
Share on FacebookShare on Twitter

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က Boston အရှေ့ပိုင်းရှိသူ၏ နေအိမ်တွင် ဒေါက်တာ ဂျင်းရှပ် (Gene Sharp) ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း Albert Einstein Institution က ကျေညာခဲ့သည်။ မကြာသေးခင် ရက်ပိုင်းကမှ သူ၏ အသက် ၉၀ ပြည့် မွေးနေ့ကို ဆင်နွဲခဲ့သေးသည်။

ဒေါက်တာဂျင်းရှပ်သည် အကြမ်းဖက်မှု နှင့် စစ်ပွဲကို အစားထိုးပေးနိုင်မည့် အကြမ်း မဖက်သည့် နည်းလမ်းများဖြင့် ရင်ဆိုင်ခြင်းနှင့် ပတ်သက်၍ သုတေသနပြုခြင်းနှင့် ရေးသားခြင်းများတွင် သူ၏ ဘဝကို ဆယ်စုနှစ် ၇ ခု နီးပါး မြှုပ်နှံထား ခဲ့သူ ဖြစ်သည်။

သူ၏ အဓိကအယူအဆမှာ နိုင်ငံရေးအာဏာကို အုပ်ချုပ်သူများက မဟုတ်ဘဲ ပြည်သူတို့၏ ခွင့်ပြုလိုသော ဆန္ဒနှင့် သူတို့ (အုပ်ချုပ်သူများ) ကိုထောက်ခံသည့် အဖွဲ့အစည်းများက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းများကို ထိုးနှက်နိုင်မည့် နည်းလမ်းများကို လေ့လာခြင်း နှင့် ၎င်းတို့ကို ဒီမိုကရေစီဘက် အခြမ်းသို့ ဆွဲယူခြင်းတို့က အုပ်ချုပ်သူကို အာဏာမဲ့စွာ ကျန်ခဲ့စေနိုင်သည် ဟူ၍ ဖြစ်သည်။

ခရစ်ယာန် နယ်လှည့် တရားဟောဆရာ ပေါလ်ရှပ် (Paul Sharp) နှင့် ကျောင်းဆရာမ အီဗာရှပ် (Eva Sharp) တို့က ၁၉၂၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် မွေးဖွားခဲ့သော Gene Sharp သည် အိုဟိုင်အို ပြည်နယ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး နိုင်ငံရေးလေ့လာမှု ဘာသာရပ်ဖြင့် မဟာဘွဲ့အထိ ရရှိခဲ့သည်။

ထို့နောက် New York သို့ပြောင်းရွှေ့၍ သူ၏ ပထမဆုံးစာအုပ်ကို ရေးသားခဲ့ရာ ဂန္ဒီ၏ အကြမ်းမဖက်ရေး လှုပ်ရှားမှုကို အသုံးပြုပုံ အကြောင်း ဖြစ်သည်။

၁၉၅၃ ခုနှစ်တွင် ကိုရီးယားစစ် ပွဲအတွင်း စစ်မှုမထမ်းမနေရ ဆင့်ခေါ်ခြင်းကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ကွန်နက်တီကတ်ပြည်နယ်၊ ဒန်ဘာရီတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း ခံရသည်။

သူ့ကို ရုံးတင် စစ်ဆေးခြင်း မပြုမီအချိန်တွင် သူက ပရင့်စတန်တွင် ရှိသော အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) ထံသို့ စာတစောင် ရေးသား၍ ကိုရီးယားစစ်ပွဲ နှင့် ပတ်သက်သည့် သူ့ အယူအဆကို ပြောပြခဲ့သည်။

ဂန္ဒီအကြောင်း စာအုပ်တွင် အမှာစာ ရေးပေးရန်လည်း မေတ္တာရပ်ခံခဲ့သည်။

အမှာစာရေးပေးမည် ဖြစ်ကြောင်း ချက်ချင်း အကြောင်းပြန်ခဲ့ သလို သူ့စာများကို တရားခွင်၌ ကိုးကားနိုင်ရန်လည်း ခွင့်ပြု ပေးခဲ့သည်။

“မင်းနဲ့ အလားတူ အခြေအနေမျိုး ငါကိုယ်တိုင် တွေ့ရမယ် ဆိုရင် မင်းလိုမျိုး လုပ်မိမှာလား ဆိုတာငါတကယ် မသိပေမယ့် မင်းရဲ့ ကိုယ်ကျင့်တရားခိုင်မာမှု အတွက် မင်းကို တကယ်ကို လေးစားပါတယ်။ ငါ့အနေနဲ့ မျှော်လင့်ရုံပဲ မျှော်လင့်နိုင် ပါတယ်” ဟု အိုင်းစတိုင်းက စာပြန်ခဲ့သည်။

ထောင်ဒဏ် ချမှတ်ခံရပြီး နောက်တွင်လည်း အိုင်းစတိုင်းက ဂျင်းရှပ်၏ မိခင် ထံသို့ အားပေးစာများ ရေးသားပေးပို့ ခဲ့သည်။

ထောင်မှ ပြန်လည် လွတ်မြောက်ပြီးနောက် ဂျင်းရှပ်က အမေရိကန်နိုင်ငံ၏ အထင်ရှားဆုံး စစ်ဆန့်ကျင်ရေးဝါဒီ အေ ဂျေ မတ်စတီ (A.J Muste) နှင့် အတူ အလုပ် လုပ်ခဲ့သည်။ ထို့နောက် လန်ဒန်သို့ ရောက်သွား၍ Peace News တွင် လက်ထောက် အယ်ဒီတာ ဖြစ်လာခဲ့သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
456
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k

၁၉၅၈ ခုနှစ်တွင် နျူကလီးယားလက်နက် ဆန့်ကျင်သည့် ပထမဆုံးသော အယ်လ်ဒါမတ်စ်တန် (Aldermaston) ချီတက်ပွဲကို စီစဉ်ခဲ့သည်။

ချီတက်ပွဲ အတွင်းတွင် အကြမ်းမဖက်ရေး စည်းမျဉ်းများကို ထိန်းသိမ်းကြရန် တောင်းဆိုထားသည့် ဂျင်းရှပ်၏ လက်ကမ်း စာစောင်များက ဂျရဲဟော်လ်တန် (Gerald Holtom) ၏ ငြိမ်းချမ်းရေး သင်္ကေတကို ပထမဆုံး အဖြစ် ပုံနှိပ်ဖော်ပြသော စာစောင်များ ဖြစ်ခဲ့သည်။

Oslo သို့သွားရောက်၍ Institute of Ideas တွင် ပါမောက္ခ အာနာနေးဇက် (Arna Naess) ၏ လက်အောက်တွင် ပညာသင်ကြားခဲ့သည်။

အောက်စ်ဖို့ဒ် တက္ကသိုလ်မှလည်း သူ၏ အသိအမှတ်ပြု အခံရဆုံး အားထုတ်မှု ဖြစ်သည့် ‘The Politics of Nonviolent Action’ (အကြမ်းမဖက်နိုင်ငံရေး) အမည်ရှိ စာတမ်းဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက နော်ဝေနိုင်ငံတွင် Vidkun Quisling ၏ ဖက်ဆစ် အစိုးရကို ဆန့်ကျင်သော ကျောင်း ဆရာများ၏ သပိတ်ကို လေ့လာပြီးနောက် ဂျင်းရှပ်က ဆိုဗီယက် ကျူးကျော်ဝင်ရောက်မှုကို ကာကွယ်တားဆီးခြင်း တခုအနေဖြင့် အကြမ်းမဖက်ဘဲ ဗျူဟာမြောက် လှုပ်ရှားခြင်းကို စတင်လေ့လာသူ ဖြစ်လာခဲ့သည်။

အကြမ်းမဖက်ဘဲ ခုခံရေးကို ကောင်းစွာ လေ့ကျင့်ထားသည့် ပြည်သူများက ကျူးကျော်သိမ်းပိုက်လာသည့် တပ်ဖွဲ့ တခုကို တားဆီးနိုင်သည်၊ နျူကလီးယား လက်နက်များ လိုအပ်မှုကို အစားထိုးနိုင်သည် ဟု သူက ပြောသည်။

၁၉၉၁ ခုနှစ်က ဘောလ်တစ် (Baltic) နိုင်ငံများတွင် ဆိုဗီယက် တပ်ဖွဲ့များနှင့် ထိုနှစ် အတွင်း မော်စကို၌ ဂေါ်ဘာချက်ဗ် (Gorbachev) ကို ဆန့်ကျင်သည့် အာဏာသိမ်းယူခြင်းတို့ကို အရပ်သားများ၏ ကာကွယ်မှု အောင်မြင်ခဲ့ခြင်းများတွင် သူ၏ စာအုပ်က အသုံးဝင်ခဲ့သည်။

နောက်ပိုင်းတွင် လစ်သူရေနီးယန်း ကာကွယ်ရေးဝန်ကြီး အော်ဒရီယပ် ဘတ်ကီဗီရှပ်စ် (AudriusButkevicius) က “နျူကလီးယားဗုံးထက် အဲဒီစာအုပ်ကို ကျနော် ပိုလိုချင်တယ်” ဟု မှတ်ချက် ပြုခဲ့သည်။ သူ၏ အကြမ်းမဖက်သော နည်းလမ်း ၁၉၈ ခုကြောင့်လည်း ဂျင်းရှပ်ကို သိကြသည်။

နှစ်ပေါင်းရာနှင့် ချီသော သမိုင်းအတွင်းမှ အကြမ်းမဖက်သည့် ဖြစ်ရပ်များကို ဆယ်စုနှစ်များစွာ အချိန်ယူ လေ့လာခဲ့ ခြင်း ၏ ရလဒ် တခုလည်း ဖြစ်ပါသည်။

သားရေကွင်းများနှင့် ချည်ထားသည့် ကတ်ပြားငယ်လေးများ ပေါ်တွင် သူရေးချ မှတ်သားခဲ့သည့် နည်းလမ်းများက အောက်စ်ဖို့ တက္ကသိုလ်တွင် ပညာသင်ကြားသည့် အချိန်၌ မှတ်တမ်းတခုတည်း အဖြစ်သို့ ပူးပေါင်းသွားခဲ့ပြီး အကြမ်းမဖက်ဘဲ ဆောင်ရွက်ခြင်း နည်းလမ်းများမှာ လမ်းပေါ်ဆန္ဒပြပွဲများနှင့် ချီတက်ပွဲများထက် များစွာ ကျယ်ပြန့် လျက်ဖြင့် ရှိနေကြောင်း အတွေးအမြင်များကို ပေးခဲ့သည်။

အစ္စရေး-ပါလက်စတိုင်း ပထမဆုံးပဋိပက္ခ အတွင်းတွင် အရပ်သားအခြေပြု ကာကွယ်ရေးကို ဖော်ပြထားသော ဂျင်းရှပ် ၏ စာတမ်းများကို မူဘာရက်ဆု (Mubarak Awad) နှင့် ဆာရီညူစေးဘိတ်ချ် (Sari Nuseibeh) တို့ အပါအဝင် ကာကွယ်ရေး ခေါင်းဆောင်များက ပါလက် စတိုင်းလူမျိုးများ ကြားတွင် ဖြန့်ဝေခဲ့ကြသည်။

သူ၏ လေ့လာရေးသားမှုများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းကြောင့် ဂျင်းရှပ်နှင့် ပါလက်စတိုင်းခေါင်းဆောင် ရာဆာ အာရာဖတ် (Yasser Arafat) တို့ တူနီးရှားနိုင်ငံတွင် တွေ့ဆုံကြသည် အထိ ရောက်ရှိစေခဲ့ပြီး ဂျင်းရှပ်က အစ္စရေးကို ဆန့်ကျင်ရာတွင် အကြမ်းဖက်ခြင်းကို စွန့်လွှတ်ရန်နှင့် တနိုင်ငံလုံး အစာငတ်ခံ ဆန္ဒပြရန် တောင်းဆိုခြင်း အားဖြင့် အဆင့်သစ် တခုကို သတ်မှတ်ရန် ရာဆာအာရာဖတ်ကို တောင်းပန်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် တရုတ်လွတ်မြောက်ရေး တပ်မတော် (PLA) က တင့်ကားများဖြင့် ဆန္ဒပြကျောင်းသားများကို နင်းကြိတ် ဖြိုခွဲခဲ့စဉ် ကလည်း တီယန်နန်မင် (Tiananmen) ရင်ပြင်တွင် ဂျင်းရှပ် ရှိနေခဲ့သည်။

ဆန္ဒပြပွဲကို မဖြိုခွဲခင် ရက်များ အတွင်းတွင် သူက ကျောင်းသားခေါင်းဆောင်များနှင့် အင်တာဗျုးများ ပြုလုပ်ခဲ့ပြီး နောက် အသံဖမ်းထားသော ကက်ဆက်တိပ်ခွေများကို ပင့်ဖလွိုဒ် (Pink Floyd) ၏ သီချင်းခွေများ အဖြစ် တရုတ် လုံခြုံရေးများကို လှည့်ဖျား၍ ခိုးထုတ်ခဲ့သည်။

နောက် ၃ နှစ် အကြာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရရာမှ ပြန်လည် လွတ်မြောက် လာခဲ့ပြီး ကာလတွင် လည်း ဂျင်းရှပ်က မြန်မာနိုင်ငံသို့ ခိုးဝင်လာခဲ့ပြီး ဒီမိုကရေစီ အင်အားစုများနှင့် မြန်မာနိုင်ငံမှ လူနည်းစု တိုင်းရင်းသား များကို သူတို့၏ တောတွင်းခံတပ် ဖြစ်သည့် မာနယ်ပလောတွင် အကြမ်းမဖက်ဘဲ ခုခံရေးသင်တန်းများ ပေးခဲ့သည်။

စစ်အစိုးရကို ဆန့်ကျင်ရန် ပေါ်ပေါက်လာနိုင်သည့် တော်လှန်ရေး တခုကို လမ်းညွှန်ရန် အတွက် သင်တန်းသားများကို မြို့ကြီးများသို့ ပြန်လည် စေလွှတ်ခဲ့သည်။

စီမံကိန်းက သေးငယ်သော်လည်း အကြမ်းမဖက်သော လှုပ်ရှားမှု တခု အတွက် မြန်မာများကို သင်ကြားပေးရန် ပြင်ဆင်သည့် အနေဖြင့် သူရေးသားခဲ့သော စာအုပ်က ရေးခဲ့ဖူးသမျှသော အကြမ်းမဖက်ဘဲ ခုခံရေး လမ်းညွှန်များ ထဲတွင် အအောင်မြင်ဆုံး ဖြစ်ခဲ့ရသည်။

From Dictatorship to Democracy (အာဏာရှင်လက်အောက်မှ ဒီမိုကရေစီသို့) စာအုပ်က မြန်မာနိုင်ငံမှ ခုခံရေး အတွက် ယေဘုယျ လမ်းညွှန် တခုအနေဖြင့် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ရိုးရှင်းသော အရေးအသားနှင့် အရွယ် အစား သေးငယ်မှု တို့ကြောင့် အလားတူ ဖိနှိပ်ကန့်သတ်မှုများ အောက်ရှိ နိုင်ငံများမှ အခြားသော ဒီမိုကရေစီ အဖွဲ့ အစည်းများက လျင်မြန်စွာပင် ဘာသာပြန်ဆို ခဲ့ကြသည်။

အဆိုပါ စာအုပ်ကို ဘာသာစကား ၃၄ မျိုးကျော်ဖြင့် ဘာသာပြန်ဆိုခဲ့ကြသည်။

မြန်မာနိုင်ငံ၏ တောတောင်များ အတွင်းမှသည် ဆာဗီးယားလမ်းများနှင့် အာရပ်နွေဦးအထိ အာဏာရှင်ကို တော်လှန် နေသည့် နေရာတိုင်းမှ ပြည်သူများက ဖတ်ရှု အသုံးပြုခဲ့ကြသည်။

တချို့သော နေရာများတွင် အကြမ်းဖက်လှုပ်ရှားမှုများ အစား အကြမ်းမဖက်သည့် နည်းလမ်းများ အသုံးပြုရန် အတိုက်အခံ လှုပ်ရှားသူများက ဆုံးဖြတ်ခဲ့ခြင်းများ၌ ဂျင်းရှပ်၏ စာအုပ်က အဓိကနေရာမှ ပါဝင်ခဲ့သည်။

ဆာဗီးယားအဖွဲ့တခု ဖြစ်သည့် OTPOR က သမ္မတ ဆလိုဘိုဒန်မီလိုစဗစ် (Slobodan Milosevic) ကို ဖြုတ်ချသော ၎င်းတို့၏ လှုပ်ရှားမှုတွင် ဂျင်းရှပ်၏ စာအုပ်ကို ဂုဏ်ပြု မှတ်တမ်းတင်ခဲ့သည်။

၂၀၀၃ ခုနှစ်က ဂျော်ဂျီယာနှင့် ၂၀၀၄ ခုနှစ်က ယူကရိန်းမှ လိမ္မော်ရောင် တော်လှန်ရေးတို့ အပါအဝင် ဆိုဗီယက် ယူနီယံမှ ခွဲထွက်လာသည့် နိုင်ငံများမှ အရောင် တော်လှန်ရေးများ၏ ခေါင်းဆောင်များကလည်း ထိုနည်းတူပင် ဖြစ်သည်။

အဆိုပါ တော်လှန်ရေးများမှ ခေါင်းဆောင်များက သူ၏ စာအုပ်ကို ပို၍ ဝေးဝေးရောက်အောင် ဖြန့်ချိခဲ့ကြသည်။

OTPOR မှ တက်ကြွလှုပ်ရှားသူဟောင်းများက ဧပြီလ ၆ ရက် အီဂျစ် လူငယ်လှုပ်ရှားမှု ခေါင်းဆောင်များ နှင့် ဆီးရီးယား မှ အလားတူ အဖွဲ့များ၏ အဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့ကြသည်။ အသုံးပြုခဲ့သည့် နိုင်ငံများထဲတွင် ဟောင်ကောင်၊ ဗင်နီဇွဲလားနှင့် မြန်မာတို့လည်း ပါဝင်သည်။

နိုဘဲလ်ငြိမ်းချမ်းရေးဆု အတွက် ဂျင်းရှပ်ကို အမည်စာရင်း တင်သွင်းခြင်း အနည်းဆုံး ၃ ကြိမ် ရှိခဲ့သည်။ Right Livelihood ဆု အပါအဝင် နိုင်ငံတကာဆု အများအပြားလည်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၂၀၁၂ ခုနှစ်တွင် သူ၏ ဆောင်ရွက်မှုကို ရိုက်ကူးထားသော မှတ်တမ်းတင် ရုပ်ရှင်တခု ဖြစ်သည့် ‘How to Start a Revolution’ က British Academy of Film and Television Arts (BAFTA) က ပေးသည့် ဆုတဆု ရရှိခဲ့သည်။ နိုင်ငံတကာတွင် ပြသခဲ့သည်။ ထိုရုပ်ရှင်ကို ကမ္ဘာတလွှားမှ သပိတ်စခန်းများတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

Albert Einstein Institution မှ ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် “ဂျင်းရှပ်က အနားယူရန် ငြင်းဆန်၍ သေဆုံးသည် အထိ အလုပ် လုပ်သွားခဲ့သည်။ သူ့အိမ် အပေါ်ဆုံးထပ်တွင် စုဆောင်းထားသော ရှားပါးသစ်ခွများက သူ၏ ပျော်ရွှင်မှုနှင့် အပန်းဖြေမှု ဖြစ်သည်။ သူက တိရစ္ဆာန်များကို ထိန်းသိမ်း စောင့်ရှောက်ရခြင်းကို နှစ်သက်သည်။

အထူးသဖြင့် သူ၏ ခွေးများ ဖြစ်သည်။ နော်ဝေနှင့် ကနေဒါမှ သဘာ၀ တောရိုင်းနေရာများသို့ သွားရောက်ရခြင်းကို သဘောကျသည်။ သူဘယ်တော့မှ လက်မထပ်ခဲ့ပါ၊ သို့မဟုတ် သူ့တွင် သားသမီးများ မရှိခဲ့ပါ။ သို့သော်လည်း သူက ချစ်တတ်သည်။ အချစ်ခံရသူ ဖြစ်သည်။

သူ့စာပေများကို လေ့လာကြသော၊ နိုင်ငံရေး လွတ်လပ်ခွင့်ကို ရရှိရန်နှင့် ဖိနှိပ်မှုကို ဆန့်ကျင်ရန် ယခင်ကထက် ပို၍ ကောင်းစွာ လုပ်ဆောင်နိုင်ကြပြီ ဖြစ်သော ကမ္ဘာတလွှားမှ ကျောင်းသား မျိုးဆက်များကို သူထားရစ်ခဲ့ပြီ ဖြစ်သည်။

သူ၏ ကလောင်ကို နောက်ဆုံး အနေဖြင့် စွန့်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ့လုပ်ရပ်များက ထာဝရ ဆက်လက် ရှိနေမည် ဖြစ်သည်” ဟု ဖော်ပြထားပါသည်။ ။

(Ruaridh Arrow ၏ Gene Sharp, Godfather of nonviolent revolution dies at 90 years old ကို ဘာသာပြန် သည်။)

Your Thoughts …
Tags: ဂျင်းရှပ် နှင့် အကြမ်းမဖက် တော်လှန်ရေး ဝါဒ
Ruaridh Arrow

Ruaridh Arrow

Contributor

Similar Picks:

No Content Available
Next Post
ဦးကိုနီ၊ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကိုနီဇနီးတို့ကို ရက်စွဲမသိရသော ဓာတ်ပုံတပုံအတွင်း အတူတကွ မြင်ရစဉ်

ဦးကိုနီ ဆုံးတာ တနှစ်ပြည့်ပေမယ့် မေ့မရသေး

ရန်ကုန်ရှိ ရွှေဆိုင်တဆိုင် / ဧရာဝတီ

ရွှေနှင့် လက်ဝတ်ရတနာများ ပြည်ပ တင်ပို့/တင်သွင်းခွင့်ပြုရာတွင် အခွန်နှုန်းထား မသိရသေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved