• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ တည်ငြိမ် အေးချမ်းရေး တရုတ် နှင့် ဂျပန် အခန်းကဏ္ဍ

by ဇင်လင်း
12 August 2019
in ဆောင်းပါး
A A
၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းက ဂျပန် ခရီးစဉ်တွင် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်  / ကျိုဒို သတင်း

၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းက ဂျပန် ခရီးစဉ်တွင် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် / ကျိုဒို သတင်း

16.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်တွင်းပြည်ပက အထူးစိတ်ဝင်စားစွာ စောင့်ကြည့် အကဲခတ်နေ ကြသည်။ အထူးသဖြင့် အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများက ပို၍စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည်။

အာရှတိုက်တွင်ဆိုလျှင် မြန်မာ့ငြိမ်းချမ်းရေး အခြေအနေကို တရုတ်နှင့် ဂျပန်နိုင်ငံတို့က ပိုမိုအလေးထား စောင့်ကြည့် လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားသည် တရုတ်-ဂျပန် စီးပွားရေး အားပြိုင်ရာ အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများ၏ ဗဟိုချက်တွင် ရှိနေ၍လည်း ဖြစ်သည်။

မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးသည် တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အတွက်ပါ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါလျက်ရှိသည်မှာ ငြင်းမရသော အချက်ဖြစ်သည်။

ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းအရ ၂၀၀၀ ပြည်နှစ်ကာလအထိ ဂျပန်၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အင်အားသည် အရှေ့တောင်အာရှ ဒေသတွင် အားကောင်းခဲ့သည်။ နောက်ပိုင်းတွင် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်အတွင်းသို့ တရုတ် က ထိုးဖောက်ဝင်ရောက်သည်။

၂၀၁၅ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီများက အရှေ့တောင်အာရှဒေသတွင် တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI)  အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံခွဲကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။

ဤသည်မှာ ၂၀၁၄ ခုနှစ်ကထက် ၂ ဆတိုးလာခြင်း ဖြစ်သည်။ ယခင် ဆယ်စုနှစ်ကထက် အဆပေါင်းများစွာ မြင့်လာ ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ဘီလီယံ ထောင်ပေါင်းများစွာ စုဆောင်း ထားနိုင်သဖြင့်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၌ အများအပြား ပိုင်ဆိုင်လာခဲ့သည်။ ဤသို့ဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် အသွင်ပြောင်းလာနေသည်။

တရုတ်နိုင်ငံ ဘေကျင်းမြို့၌ ၂၀၁၇  မေလ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပခဲ့သည့် Belt and Road Forum for International Cooperation သို့ မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ သည်။

မေလ ၁၆ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် ဘေကျင်းမြို့တွင် တွေ့ဆုံရာ၌ ရှီကျင့်ဖျင့်က မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေးအတွက် ကူညီသွားရန် ဆန္ဒရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်ဟု Xinhua News က ဖော်ပြခဲ့ သည်။

၂၀၁၇ ခုနှစ် မတ်လ ၁၄ ရက်နေ့က တရုတ်-မြန်မာနယ်စပ်တွင် စစ်ရေးလှုပ်ရှားနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဝင် ၄ ဖွဲ့ ( ကချင် လွတ်လပ်ရေး အဖွဲ့ (KIA)၊ ပလောင် (တအန်း) အမျိုးသား တပ်မတော် (TNLA)၊ ရက္ခိုင့်စစ်တပ် (AA)၊ ကိုးကန့် အဖွဲ့ (MNDAA) နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) တို့ တရုတ်နိုင်ငံ ကူမင်းမြို့ World Trade Center ၌ တတိယအကြိမ် တွေ့ဆုံခဲ့သည်။

ထို့နောက် ၂၀၁၇ မေလ ၁၁ ရက်နေ့တွင်  World Trade Center ၌ စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု မီဒီယာ သတင်းများတွင် ဖော်ပြခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာများ၊ တိုက်ပွဲ အရှိန် လျှော့ချရေးများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ ကိစ္စရပ်များ၊ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) ပါ ကိစ္စရပ်များနှင့် ပန်ခမ်းထိပ်သီး အစည်းအဝေး အကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် မစ္စတာ ဆွန်ကော့ရှန်အား NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်အဖွဲ့(PPWT)က တွေ့ဆုံ ခဲ့ကြကြောင်း သျှမ်းသံတော်ဆင့် သတင်းက ဖော်ပြခဲ့သည်။

NCA စာချုပ် လက်မှတ်ထိုးရေးကိစ္စ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာအောင် တရုတ် အစိုးရက အထောက်အကူပေးရန် ဆွေးနွေးခဲ့ကြောင်း PPWT အဖွဲ့က ဆိုသည်။

မစ္စတာ ဆွန်ကော့ရှန် သည် မွန်ပြည်သစ် ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ NCA လက်မှတ် ရေးထိုးသည့် အခမ်းအနားသို့ အသိသက်သေအဖြစ် တက်ရောက်ရန် လာခဲ့စဉ် တွေ့ဆုံခြင်း ဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
754

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသားများ ရင်ဆိုင်နေရသည့် အခြေအနေ ကို မစ္စတာ ဆွန်ကော့ရှန်က ဆွေးနွေးမေးမြန်းခဲ့သည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) မှ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာပင် နေပြည်တော် ရှိ Kempinski Hotel ၌ NCA စာချုပ် လက်မှတ်ရေးထိုးမည့် မွန်ပြည်သစ် ပါတီဥက္ကဋ္ဌ၊ လားဟူအဖွဲ့ဥက္ကဋ္ဌနှင့် နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့ သုံးဦးက ဖွံ့ဖြိုးရေး အကူအညီပေးရေး ဆိုင်ရာ ကိစ္စ ရပ်များကို မီဒီယာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ငြိမ်းချမ်းရေးအတွက် NCA စာချုပ်လက်မှတ်ထိုးမည့် NMSP နှင့် LDU တို့အား နိပွန်ဖောင်ဒေးရှင်းက ကြိုဆိုသည့် အခမ်းအနား ဖြစ်ကြောင်း ဥက္ကဋ္ဌ မစ္စတာ ယိုဟဲအိ ဆာဆာကာဝါက ပြောသည်ဟု မီဒီယာသတင်းများ အရသိရသည်။

နိပွန်ဖောင်ဒေး ရှင်း ဥက္ကဋ္ဌက ဖွံ့ဖြိုးရေးအတွက် အကူအညီပေးရေး ကြိုးပမ်းမည့် ကိစ္စအပေါ် ဝမ်းသာကြောင်းနှင့် ကြိုဆို လက်ခံကြောင်း မွန်ပြည် သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က ပြောသည်ဟု ဆိုသည်။

နိပွန်ဖောင်ဒေးရှင်း အနေဖြင့် ၂၀၁၅ က NCA လက်မှတ် ရေးထိုးထားသော အဖွဲ့များကို လက်ရှိကူညီလျက်ရှိပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေ ဖွံ့ဖြိုးမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် ကူညီထားသည် ဟု မစ္စတာ ဆာဆာကာဝါ က ဆိုသည်။

ထို့ပြင် နိပွန်ဖောင်ဒေးရှင်း အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် အစိုးရတို့ကြား ယုံကြည်မှုမြှင့်တင်နိုင်ရေး လိုအပ်သည့် ကိစ္စရပ်များ ကူညီဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်းလည်း ထည့်သွင်း ပြောကြား သွားသည်။

ထို အခင်းအကျင်းများအရ NCA စာချုပ် လက်မှတ်ထိုးရေးကို အကြောင်းခံ၍ တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက်ဖြစ်ထွန်းရေးကို အားပေးနေကြောင်းတွေ့ရသည်။

ဂျပန်သည် NCA ထိုးပြီး ဒေသများအား ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးကာ ငြိမ်းချမ်းရေး ရှေ့တိုးစေရန် နှိုးဆော်နေသည်။ တရုတ်က မြောက်ပိုင်းမဟာမိတ် အဖွဲ့(FPNCC) ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာ စေရန် စေ့စပ်ညှိနှိုင်းပေးနေသည်ကို တွေ့ရသည်။

၂၀၁၈ နှစ်ဆန်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်အထူးကိုယ်စား လှယ် မစ္စတာ ဆွန်ကော့ရှန်နှင့် ဂျပန် အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ တို့ကို လက်ခံတွေ့ဆုံခဲ့သည်။

မစ္စတာ ဆွန်ကော့ရှန်သည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ၆ ကြိမ် လာရောက်ခဲ့ဖူးသည်။ ၎င်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၄ ကြိမ်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၅ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်။

ဂျပန်အစိုးရ ဝန်ကြီးအဖွဲ့သည် ၂၀၁၃ ဖေဖော်ဝါရီ ၁၉ ရက်တွင် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကို မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန် အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် အတည် ပြုခဲ့သည်။

ဖေဖော်ဝါ ရီ ၂၅ ရက်တွင် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီ အိုကီရှီဒါ (Fumio Kishida) က ဆာဆာကာဝါ အား ဝန်ကြီး အဖွဲ့၏ ခန့်အပ်လွှာ ပေးအပ်ခဲ့သည်။ မစ္စတာ ဆာဆာကာဝါသည် ဂျပန်အစိုးရ၏ အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ် ခြင်း မခံရမီကပင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နေသော ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည်။

မစ္စတာ ဆာဆာကာဝါသည် ၂၀၁၁ ဒီဇင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံပြီး ချက် သမ္မတဟောင်း ဗားကလက် ဟာဗဲလ် (Václav Havel) ၏ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးစာ ကို ပေးအပ်ခဲ့သူ ဖြစ်သည်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမိ အိုကီရှီဒ တို့ ၂၀၁၆ ခုနှစ် မေလ ၃ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် က ဂျပန် နိုင်ငံခြားရေးဝန်ကြီးက သတင်းမီဒီယာများ၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကို အခြေခံအားဖြင့် ယုံကြည် စိတ်ချရသည့် မိတ်ဆွေနိုင်ငံအနေဖြင့် အစွမ်းကုန် ကူညီသွားမည်ဟု ဆိုခဲ့သည်။

မြန်မာအစိုးရ အလေးအနက်ထားသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် ဘဏ္ဍာရေး၊ ငွေရေးကြေးရေး အစရှိသည့် ကဏ္ဍများတွင် ကူညီဆောင်ရွက် သွားမည်ဟုလည်း ပြောခဲ့သည်။

ကူညီဆောင်ရွက်မည့် အစီအမံများကို မြန်မာအစိုးရနှင့် သေချာစွာဆွေးနွေးပြီး မြန်မာနိုင်ငံ၏ အမှန်တကယ် လိုအပ် ချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်ပင်ဆွေးနွေးကာ ဆက်လက် ကူညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ကူညီဆောင်ရွက်ပေးနေကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မှတဆင့် ဆက်လက် ကူညီဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အလားတူ ဒေါ်အောင် ဆန်းစုကြည်ကလည်း ဂျပန် သတင်းမီဒီယာသမား တဦး၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ ဂျပန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးသည် အနောက်နိုင်ငံများနှင့် မတူသည်မှာ သဘာဝကျကြောင်း၊ ဒီမိုကရေစီ စနစ်ကို ယုံကြည်လျှင် မတူကွဲပြားမှုများကို လက်ခံနိုင်ရမည် ဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို အခြေခံ၍ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အချင်းချင်း ဆွေးနွေးတိုင်ပင် ဆောင်ရွက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ‌ဖြေကြားခဲ့သည်။

အချုပ်အားဖြင့် လက်ရှိ အစိုးရက မြန်မာ-ဂျပန် ဆက်ဆံရေးကိုလည်း အလေးထား ဆောင်ရွက်နေသည်ကို တွေ့ရ သည်။

ဤအတောအတွင်း တပ်မတော်နှင့် ကချင် လက်နက်ကိုင် အဖွဲ့ KIO/KIA တို့ကြား တင်းမာမှုများ ဆက်ရှိနေသော ကြောင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး ပြန်လည် ပြုလုပ်ရန်လိုသည်ဟု မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောကြောင်း သတင်းများ၌ ဖော်ပြသည်။

တရုတ် အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် တပ်မတော်မှ ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင် ဦးဆောင်သည့်အဖွဲ့နှင့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့်အဖွဲ့တို့ ဖေဖော်ဝါရီ ၁ ရက်က ယူနန်ပြည်နယ် တာလီမြို့၌ တွေ့ဆုံခဲ့ပြီးနောက် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် PCG က တိုက်တွန်းခြင်း ဖြစ် သည်။

ထိုဆွေးနွေးပွဲတွင် တပ်မတော်က KIA တပ်ရင်း ၁၄ ကို ဖယ်ရှားပေးရန် အပါအဝင် ပူတာအို ရှိ အများပြည်သူ သွား သည့် လမ်းမများပေါ်တွင် နေရာယူထားသော KIA တပ်များ ဖယ်ရှားပေးရန် ဆွေးနွေးမှုများ ရှိကြောင်း ဦးလမိုင်ဂွန်ဂျာ က ဆိုသည်။

KIA ဘက်ကလည်း တပ်မတော် ထိုးစစ်ဆင်မှုအားလုံး ရပ်ဆိုင်းပေးလျှင် KIA တပ်များ ဆုတ်ပေးမည်။ ထိုးစစ်ဆင်မှု မရပ် လျှင် KIA တပ်များ ဆုတ်ခွာပေးမည် မဟုတ်ဟု ဆိုသည်။ သို့ဖြင့် စစ်ရေးတင်းမာမှု ဆက်ရှိနေ၍ အမြန် တွေ့ဆုံ ဆွေးနွေးမှု ပြန်စသင့်သည်ဟု ဦးလမိုင်ဂွန်ဂျာ က ပြောသည်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ တပ်မတော်နှင့် KIO တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်စေရန် ဆွန်ကော့ရှန်က ကြားဝင်ပေးခဲ့သည်ဟု ဆိုသည်။ ထို တပ်မတော်နှင့် KIO တို့ ဆွေးနွေးပွဲတွင် ဒေသ တည်ငြိမ်ရေး၊ တိုက်ပွဲလျှော့ချရေး၊ ငြိမ်းချမ်းရေး ဆောင် ရွက်ရာ၌ အားလုံး ပါဝင်ရေးနှင့် ပင်လုံစာချုပ်၊ ပင်လုံ ကတိကဝတ် နှင့်အညီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး စသည်တို့ကို အလေးထား ဆွေးနွေးခဲ့သည်ဟု KIO က ဆိုသည်။ ဆွေးနွေးပွဲတွင် သဘောတူညီမှု တစုံတရာ မရ သော် လည်း ထပ်မံတွေ့ဆုံဆွေးနွေးရန် နှစ်ဖက်စလုံးက ဆန္ဒရှိကြောင်း KIO ကပြောသည်။

အဆိုပါ ဆွေးနွေးပွဲ ပြီးသည့်နောက် တပ်မတော်နှင့် KIA ကြား ဖြစ်ပွားနေသော တိုက်ပွဲများ အနည်းငယ် လျော့ကျခဲ့ သည်။ ယင်းမတိုင်မီက တနိုင်း ဒေသတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုများ ပါဝင်ခဲ့သည်ဟု KIA က ဆိုသည်။ ထို့ကြောင့် လက်ရှိ စစ်ရှိန်လျှော့ချရေးတွင် တရုတ် အထူးသံတမန်၏ အခန်းကဏ္ဍသည် ဂျပန် ငြိမ်းချမ်းရေး သံတမန်ထက် ပိုမို အရေးပါနေသည်။

တပ်မတော် ကာကွယ်ရေးဦး စီးချုပ်နှင့် မစ္စတာ ဆွန်ကော့ရှန်တို့ ၂၀၁၉ ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်၌ တွေ့ဆုံ ခဲ့ကြသည့် သတင်းကိုလည်း သတိပြုမိသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသမှာ တည်ငြိမ်းအေးချမ်းရေးကိစ္စ ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်အနေဖြင့် မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းရေးရစေလိုသော ဆန္ဒရှိနေကြောင်း အထူးပြု ပြောဆိုခဲ့သည်ဟု လည်း သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရန် ကြိုးပမ်းဆောင်ရွက်နေခြင်း အပေါ် တရုတ်နိုင်ငံက အားပေး ထောက်ခံကြောင်း တရုတ်နိုင်ငံ၏ မစ္စတာ ဆွန်ကော့ရှန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့စဉ်ပြောကြားသည်ဟု ကြားသိရသည်။

မြန်မာနိုင်ငံကို ငြမ်းချမ်းစေလိုသော ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဖော်ပြပြောဆိုနေသည်မှာ Belt and Road Initiative-BRI “ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း” နှင့် ဆက်စပ်နေပုံရသည်။

ခေတ်သစ် ပိုးလမ်းမဟု ကမ္ဘာတခွင် ကျော်ကြားနေသော တရုတ်အစိုးရ၏ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်းကြီး သည် ကမ္ဘာ့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ကုန်းလမ်း၊ ရေလမ်း နှစ်မျိုးလုံး အသုံးပြုပြီး ကုန်သွယ်ရေး လမ်းကြောင်း ကြီး တခု တရုတ်နိုင်ငံက ဖော်ဆောင်နေသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှ ရခိုင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဒေသ အထိ ခေတ်သစ် ပိုးလမ်းမ ဖြတ်သန်းမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်က သူ့အကျိုးစီးပွားကို ပဓာနပြု၍ မြန်မာနိုင်ငံ ကို ငြိမ်းချမ်းစေလိုခြင်း ဖြစ်သည်။

ဇွန်လ ၃၀ ရက်က ကျင်းပခဲ့သော မိုင်းလား လက်နက်ကိုင်အဖွဲ့၏ နှစ် ၃၀ ပြည့်ပွဲ အခမ်းအနားအပြီးတွင် ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ကချင်အဖွဲ့(KIO)၊ ပလောင် (တအန်း) အဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA)တို့မှ ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံ ခဲ့ကြပြီး ပဏာမ အပစ်ရပ် စာချုပ် (မူကြမ်း)များ ပေးအပ်ခဲ့သည်ဟု သိရသည်။

ပဏာမ အပစ်ရပ်စာချုပ် မူကြမ်းပါ အချက်အလက်များကို အခြေခံ၍ ဆွေးနွေးညှိနှိုင်းနိုင်ရေး ပုံမှန်တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု တွေ့ဆုံပွဲတွင် ကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားကြောင်းTNLA သတင်းနှင့်ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ အပစ်ရပ် စာချုပ် မူကြမ်းများ ပေးအပ်နိုင်မှုသည် ငြိမ်းချမ်းရေး အတွက် တိုးတက်မှုဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့သည် ဧပြီ ၃၀ရက်က မူဆယ်မြို့၌ တွေ့ဆုံခဲ့စဉ် Bilateral (ပဏာမ အပစ်ရပ်) အပစ်ရပ်စဲရေး ဆောင်ရွက်ရန် သဘောတူခဲ့သည်။ ထိုသို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုများ ရှိနေကြောင်း ကြားသိ နေရပေသည်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံ၏ အမြင်ကို လေ့လာသည့်အခါ ၂၀၁၆ နိုဝင်ဘာလ ၂ ရက် နေ့က ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေး (Mr.Shinzo Abe) နှင့် ဂျပန်နိုင်ငံ၏ အထူး ဧည့်သည်တော် အဖြစ် လာရောက်လည်ပတ်သော မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး ခဲ့သည့် ဖြစ်စဉ်သည် အရေးပါပေသည်။

ဂျပန် ဝန်ကြီးချုပ် အာဘေး က မြန်မာအစိုးရ၏ ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ နှင့်အတူ လက်တွဲပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ထူးခြားသောလက္ခဏာ ဖြစ်သည့် မတူကွဲပြားမှုများကို အင်အား တရပ်အဖြစ် ပြောင်းလဲမည့် ကြိုးပမ်းအားထုတ်မှုကို ကြိုဆိုကြောင်း ငြိမ်းချမ်းရေး တိုးတက်မှုကို အထောက်အကူပြုစေရန် တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာဒေသများသို့ ၅ နှစ်အတွင်း ဂျပန် ယန်းဘီလီယံ ၄၀ ကို ထောက်ပံ့ ပေးသွား မည်ဖြစ်ကြောင်း၊ သိမ်မွေ့သော စိန်ခေါ်မှုကို ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို အထောက် အကူပြုမည့် ထောက်ပံ့မှုများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ဖူးသည်။

ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စီးပွားရေး နယ်ပယ်မှတဆင့် အထောက်အပံ့ ပေးသွားနိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်သော မူဝါဒကို ဘက်ပေါင်းစုံမှ ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်းလည်း ထိုစဉ်က ပြောကြားခဲ့သည်။

“ဂျပန်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်” Project List တွင် မြို့ပြနှင့် ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက် ရေး အတွက် ရည်ရွယ်ထားပြီး ဂျပန်နိုင်ငံအစိုးရ အနေဖြင့် တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ ဒေသများ အတွက် အထောက်အပံ့၊ လယ်ယာစိုက်ပျိုးရေး၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်၊ လေဆိပ်၊ လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရေး အပါအဝင် အစိုးရ၏ အထောက်အပံ့များ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ရင်းနှီး မြှုပ်နှံ မှု များဖြင့် ၂၀၁၆ ခုနှစ်မှစ၍ ၅ နှစ်အတွင်း စုစုပေါင်း ဂျပန် ယန်း ဘီလီယံ ၈၀၀ ပမာဏကို ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ထိုတစိတ်တပိုင်း အဖြစ် ရေအားလျှပ်စစ်ထုတ် စက်ရုံပြုပြင်မွမ်းမံခြင်း နှင့် ပြည်သူ့ဆေးရုံများ တိုးချဲ့ခြင်း တို့အတွက် ထောက်ပံ့သွားလိုကြောင်း စသည်ဖြင့်လည်း ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်၏ ပြောကြားချက်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့၏ ရည်မှန်းချက်များနှင့် တထပ် တည်း ကျကြောင်း ပြောကြားခဲ့သည်။

အထူးသဖြင့် တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အထောက်အပံ့များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ နှင့် အားလုံးသော မိတ်ဆွေ များ၏ ထောက်ပံ့ အားပေးမှုများကို ကျေးဇူးတင်ရှိကြောင်း၊ ဂျပန်နိုင်ငံက ကူညီပေးသွားမည့် ဂျပန်ယန်းငွေ ဘီလီယံ ၄၀ ကို အကောင်းဆုံး အကျိုးရှိရှိ အသုံးပြုသွားလိုကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စ နှင့်ပတ်သက်၍ ဥပဒေဘောင် အတွင်းမှ ဖြေရှင်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စကို ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်မှု ဖြင့် ဖြေရှင်းနိုင်မည်ဟူသော ထင်မြင်ယူဆချက်များ ရှိနေပြီး မြန်မာအစိုးရအနေနှင့် အားထုတ် ကြိုးပမ်းလျက်ရှိ ကြောင်း စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်များကို ထောက်ရှုလျှင် မြန်မာ့ တည်ငြိမ် အေးချမ်းရေး ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ အခန်း ကဏ္ဍကလည်း တရုတ် နိုင်ငံနှင့် တန်းတူ အရေးပါသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ မြန်မာ့ ငြိမ်းချမ်းရေး ရှေ့တဆင့် တက်လှမ်းရေးတွင် တရုတ်နှင့် ဂျပန် နှစ်နိုင်ငံစလုံး သူ့နည်းသူ့ဟန်နှင့် ကူညီနေကြသည်ကို တွေ့ရသည်။

နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ် မျှော်မှန်းမှုများ ရှိနေနိုင်မည် ဖြစ်သော်လည်း တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့၏ အခန်း ကဏ္ဍများသည် မြန်မာ့ ငြိမ်းချမ်းရေးပြဿနာ ဖြေရှင်းရာတွင် လွန်စွာ အရေးပါလျက် ရှိသည်ကို မြင်တွေ့နေရ ပေသည်။ ။

စာရေးသူ ဇင်လင်းသည် သတင်းစာဆရာ တဦးဖြစ်ပြီး နိုင်ငံရေး စာပေများကို အစဉ်တစိုက် ရေးသားလျက် ရှိသော ရန်ကုန် အခြေစိုက် စာရေးဆရာ တဦးလည်း ဖြစ်ပါသည်။

ဆက်စပ် ဖတ်ရှုရန် – တရုတ် ပိုးလမ်းမသစ် စီမံကိန်းနဲ့ မြန်မာ့ အချုပ်အခြာ ပွတ်တိုက်မှု ရှိလာနိုင်မလား

Your Thoughts …
Tags: တရုတ် နှင့် ဂျပန်
ဇင်လင်း

ဇင်လင်း

Similar Picks:

No Content Available
Next Post
ယခုလ ၂ ရက်နေ့က မန္တလေး ကွန်ဗန်းရှင်းစင်တာ၌ သမ္မတ နှင့် တွေ့ဆုံမှု / Myanmar President Office

ပြည်နယ်၊ တိုင်း ကိုယ်စားလှယ်အချို့ စည်းကျော်၊ ဘောင်ကျော် ဖြစ်နေသလား

“Scary Stories to Tell in the Dark" ရုပ်ရှင်နဲ့ "Hobbs And Shaw"

"Hobbs And Shaw" ရုပ်ရှင်ဝင်ငွေကို ကျော်မတက်နိုင်တဲ့ “Scary Stories to Tell in the Dark"

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved