• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်

by ဧရာဝတီ
23 March 2023
in ဆောင်းပါး
A A
၂၀၂၃ ဇန်နဝါရီလအတွင်း United Thai Nation Party စုဝေးပွဲတွင် တွေ့ရသော ထိုင်းဝန်ကြီးချုပ် ပရာယွတ်

၂၀၂၃ ဇန်နဝါရီလအတွင်း United Thai Nation Party စုဝေးပွဲတွင် တွေ့ရသော ထိုင်းဝန်ကြီးချုပ် ပရာယွတ်

6.6k
VIEWS
Share on FacebookShare on Twitter

ထိုင်းရွေးကောက်ပွဲသည် နိုင်ငံမှ စစ်တပ်တပိုင်းအစိုးရကို အဆုံးသတ်ပေးရန် ထိုင်းလူမျိုးများအတွက် အရေးပါရုံသာမက ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် မြန်မာဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချ ၁ ဒသမ ၅ သန်း ကျော်အတွက်လည်း အရေးပါပြီး နေပြည်တော်မှ စစ်ကောင်စီကို ထိုင်း၏ထောက်ခံမှုကိုလည်း အစိုးရသစ်က အဆုံးသတ်ပေးမည်ဟု မျှော်လင့်ရသည်။

၂၀၁၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ယင်းလတ် ရှင်နာဝပ်၏ ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းလိုက်ပြီး နောင် ၅ နှစ်အကြာ တင်းကျပ်စွာ ထိန်းချုပ်ပြုလုပ်သည့် ရွေးကောက်ပွဲတွင် သူ၏ အုပ်ချုပ်ရေးကို ခိုင်မာအောင် လုပ်လိုက်သော အခါ ထိုင်းနိုင်ငံသည် လှုပ်ခါသွားခဲ့သည်။

လာမည့် ရက်သတ္တပတ် အနည်းငယ်တွင် ထိုင်းနိုင်ငံရွေးကောက်ပွဲများ ကျင်းပရန် ရှိနေချိန်တွင် မစ္စတာ ပရာယွတ်အပေါ် ထောက်ခံမှုများ ကျဆင်းနေပုံရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံမြန်မာအစိုးရထံမှ အာဏာသိမ်းခဲ့သော အမာခံမဟာမိတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဦးစားပေးသည့် သဘောထားလည်း ကျဆင်းလာနေသည်။

လာမည့် ရက်သတ္တပတ် အနည်းငယ်တွင် ထိုင်းနိုင်ငံရွေးကောက်ပွဲများ ကျင်းပရန် ရှိနေချိန်တွင် မစ္စတာ ပရာယွတ်အပေါ် ထောက်ခံမှုများ ကျဆင်းနေပုံရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံမြန်မာအစိုးရထံမှ အာဏာသိမ်းခဲ့သော အမာခံမဟာမိတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဦးစားပေးသည့် သဘောထားလည်း ကျဆင်းလာနေသည်။

မြန်မာမှ လူငယ်သုတေသီ မသက်အတွက်မူ ထိုရွေးကောက်ပွဲကြောင့် ဘန်ကောက်တွင် ဦးဆောင်သူများ အပြောင်းအလဲဖြစ်ပြီး မြန်မာမှ ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို ထိုင်းနိုင်ငံအနေဖြင့် ထောက်ခံလာမည်ဆိုသည့် မျှော်လင့်ချက်အရိပ်အယောင်ကို ဖြစ်စေသည်။

“ထိုင်းအတိုက်အခံတွေ အစိုးရဖွဲ့ရင် သူတို့က အမေရိကန် ပြည်ထောင်စုနဲ့ ပူးပေါင်းလာပြီးတော့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံဖွယ်ရှိတယ်။ ဒါပေမယ့် ကျမ စိုးရိမ်တာက မင်းအောင်လှိုင်ကို ထောက်ခံနေတဲ့ တရုတ်က ထိုင်းအစိုးရသစ်ကို ဖိအားပေးလိမ့်မယ်ဆိုတဲ့ အချက်ဖြစ်တယ်” ဟု လုံခြုံရေးအရ အမည်ပြောင်းထားသည့် မသက်က ပြောသည်။

လွန်ခဲ့သောနှစ်တွင် စစ်ကောင်စီက သူ၏လုပ်ဖော်ကိုင်ဖက်တဦးကို ဖမ်းဆီးထောင်ချလိုက်သောအခါ မသက်သည် ဘန်ကောက်သို့ ထွက်ပြေးလာခဲ့သည်။ မြန်မာမှ အခြားသော ဒီမိုကရေစီလိုလားသူများ၊ ကျောင်းသားများ၊ သတင်းသမားများနှင့် နိုင်ငံရေးသမားများကဲ့သို့ပင် သူသည် မြန်မာသို့ ပြန်လည် နှင်ထုတ်ခံရမည်ကို စိုးရိမ်သည်။ မြန်မာသို့ ပြန်လာပါက ထောင်ချခံရနိုင်သလို ညှဉ်းပန်းနှိပ်စက်မှုများကိုလည်း ရင်ဆိုင်ရနိုင်သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ / Ministry of Foreign Affairs Myanmar

“ထိုင်းစစ်အစိုးရနဲ့ မြန်မာစစ်ကောင်စီတို့က အကိုကြီး ညီလေး ဆက်ဆံရေးရှိတယ်။ ထိုင်းနိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ ခိုင်မာတဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံအနည်းငယ်မှာ ပါဝင်ပြီး ကပ္ပလီပင်လယ်က ဓာတ်ငွေ့လုပ်ငန်းတွေလို ကြီးမားတဲ့ စီးပွားရေးအကျိုးစီးပွားလည်း ရှိနေတယ်။ အဲဒီလို အကျိုးစီးပွားတွေကြောင့် သူတို့က ကျမတို့ရဲ့ တော်လှန်ရေးကို အင်အားချိနဲ့သွားအောင်လုပ်ဖို့ ဖြစ်စေတယ်” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံအနေဖြင့် မြန်မာဆိုင်ရာ သေနင်္ဂဗျူဟာကို ပြန်လည်ချမှတ်ရန် အခွင့်အလမ်းပေးပြီး လမ်းကြောင်းကို ပြောင်းသွားစေနိုင်ကြောင်း ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခနှင့် ထင်ရှားသော ထိုင်း-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ သီတီနန် ပေါင်ဆူဒီရက်က ပြောသည်။

ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံအနေဖြင့် မြန်မာဆိုင်ရာ သေနင်္ဂဗျူဟာကို ပြန်လည်ချမှတ်ရန် အခွင့်အလမ်းပေးပြီး လမ်းကြောင်းကို ပြောင်းသွားစေနိုင်ကြောင်း ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခနှင့် ထင်ရှားသော ထိုင်း-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ သီတီနန် ပေါင်ဆူဒီရက်က ပြောသည်။

“လက်ရှိနည်းလမ်းတွေက အသုံးမကျလို့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ဖို့ အရည်အသွေးမတူတဲ့ အစိုးရအောက်က မတူညီတဲ့ ခေါင်းဆောင်မှုလိုတယ်” ဟု ပါမောက္ခ ပေါင်ဆူဒီရက်က ဘန်ကောက်တွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် အယ်လ်ဂျာဇီးယားသို့ ပြောသည်။ အစိုးရသစ်သည် NUG နှင့် ထိတွေ့ဆက်ဆံသင့်ကြောင်းလည်း ၎င်းကပြောသည်။

“ထိုင်းနိုင်ငံရဲ့ မြန်မာအပေါ်ရှုမြင်သုံးသပ်ပုံက ကျနော်တို့ရဲ့ နိုင်ငံတကာအဆင့်အတန်းကို လျော့ကျစေတယ်။ နှစ်နိုင်ငံက နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေပြီး မြန်မာမှာ ဘော်လ်ကန်ဒေသလို ပြိုကွဲမှာ ကျနော်တို့ မမြင်ချင်ဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံအနေနဲ့ စစ်ကောင်စီကို အောက်မကြို့သင့်ဘူး” ဟု ၎င်းကပြောသည်။ “အာဏာသိမ်းမှုဆန့်ကျင်ရေး ခုခံတော်လှန်ရေး အင်အားစုက ခြေကုပ်ပိုရလာနေပြီး ပြတ်သားပြင်းထန်တယ်။ ကျနော်တို့က သူတို့နဲ့လည်း အလုပ်လုပ်သင့်တယ်။ လူသားချင်းစာနာမှု လမ်းကြောင်းတွေကိုလည်း ထိုင်းက ဖွင့်ပေးသင့်တယ်” ဟု ပါမောက္ခ ပေါင်ဆူဒီရက်က ဆက်ပြောသည်။

စစ်တပ်သြဇာ

မေလတွင် ရွေးကောက်ပွဲများ ကျင်းပရန်အတွက် မတ်လ ၂၀ ရက်နေ့တွင် ထိုင်းပါလီမန်ကို ဖျက်သိမ်းလိုက်သည်။ ပါလီမန်ကို ဖျက်သိမ်းပြီး ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် အပြစ်အနာအဆာမကင်းသည့် ဒီမိုကရေစီဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် Economist Intelligence Unit ကသတ်မှတ်သည်။ ၁၉၃၂ ခုနှစ်တွင် ပထမဆုံး အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ထိုင်းတွင် စစ်အာဏာသိမ်းမှု စုစုပေါင်း ၁၂ ကြိမ်ဖြစ်ပွားပြီး ပါလီမန်စနစ်သည် ထိုင်းစစ်တပ်ဘက်သို့ အကြီးအကျယ် ယိမ်းသည်။ စစ်တပ်သည် အထက်လွှတ်တော်အမတ်များကို ခန့်အပ်နိုင်သည့် အထူးအခွင့်အရေးရယူထားသည်။

အတိုက်အခံ ဖွေထိုင်း နှင့် Move Forward ပါတီတို့သည် လူထုသဘောထားစစ်တမ်းများတွင် ထောက်ခံမှုသိသိသာသာ ရနေသော်လည်း ရလဒ်ကို အောက်လွှတ်တော်တခုတည်းတွင် ရရှိသော မဲအရေအတွက်တခုတည်းဖြင့် သတ်မှတ်ခြင်း မရှိပေ။ စစ်တပ်က ခန့်ထားသည့် အထက်လွှတ်တော်အမတ် ၂၅၀ ၏ မဲရလဒ်ကလည်း အရေးပါသည်။ ရွေးကောက်ပွဲစနစ်အရ အောက်လွှတ်တော်အမတ် ၅၀၀ ကို ရွေးကောက်တင်မြှောက်ရပြီး အထက်နှင့် အောက်လွှတ်တော်နေရာ ၇၅၀ တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၃၇၆ ရရှိမှသာ အစိုးရဖွဲ့စည်းနိုင်သည်။

အတိုက်အခံ ဖွေထိုင်း နှင့် Move Forward ပါတီတို့သည် လူထုသဘောထားစစ်တမ်းများတွင် ထောက်ခံမှုသိသိသာသာ ရနေသော်လည်း ရလဒ်ကို အောက်လွှတ်တော်တခုတည်းတွင် ရရှိသော မဲအရေအတွက်တခုတည်းဖြင့် သတ်မှတ်ခြင်း မရှိပေ။ စစ်တပ်က ခန့်ထားသည့် အထက်လွှတ်တော်အမတ် ၂၅၀ ၏ မဲရလဒ်ကလည်း အရေးပါသည်။

စစ်တပ်ဘက်ယိမ်းသော ပါလီမန်စနစ်ဖြစ်သော်လည်း အတိုက်အခံတို့ နိုင်ရန် ဖြစ်နိုင်သေးသည်။

ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူလည်း ဖြစ်၊ မစ္စ ယင်းလတ်၏တူမလည်း ဖြစ်သော ဖွေထိုင်းပါတီမှ မစ္စ ပေတောင်တန် ရှင်နာဝပ်သည် နောက်ဆုံးအကြိမ် လူထုသဘောထားစစ်တမ်းတွင် မစ္စတာ ပရာယွတ်ကို ကျော်လွန်ပြီး လူကြိုက်အများဆုံး ဖြစ်နေသည်။

ဖွေထိုင်းပါတီမှ မစ္စ ပေတောင်တန် ရှင်နာဝပ်သည် နောက်ဆုံးအကြိမ် လူထုသဘောထားစစ်တမ်းတွင် မစ္စတာ ပရာယွတ်ကို ကျော်လွန်ပြီး လူကြိုက်အများဆုံး ဖြစ်နေသည် / AFP

ဖွေထိုင်းသည် တပ်ပေါင်းစု ဖွဲ့နိုင်ပါက ၎င်းတို့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အတွင်း ပိုမိုပျော့ပြောင်းသည့် သဘောထားကို ခံယူလိမ့်မည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမှ အမျိုးသားစစ်ကောလိပ် ပါမောက္ခ ဇက်ချ် အဘူဇာက ပြောသည်။

မင်းအောင်လှိုင် စစ်ကောင်စီက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ လေးဦးကို လွန်ခဲ့သောနှစ်က ကွပ်မျက်လိုက်သောအခါ ဖွေထိုင်းပါတီသည် ကြေညာချက် တစောင်ထုတ်ပြန်ပြီး ထိုင်းနှင့် မည်သည့်နိုင်ငံမဆိုမှ နိုင်ငံသားတိုင်းအတွက် ဒီမိုကရေစီအရေး လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်မျှတသည့် တရားခွင်နှင့် အာမခံရပိုင်ခွင့် အပါအဝင် တရားဥပဒေစိုးမိုးမှု၏ အကာကွယ်ခံနိုင်ခွင့်ကို မဆုတ်မနစ် ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

စစ်ကောင်စီသည် လူပေါင်း ၃၁၄၆ ဦးကျော်ကို သတ်ဖြတ်ထားပြီး အခြားသူ ၂၀၇၀၀ ကျော်ကို ဖမ်းဆီးခဲ့ကာ ထိုသူများအနက် အများစုသည် ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

သို့သော် မည်သည့် ထိုင်းအစိုးရသစ်မဆို ထိုင်းစစ်တပ်က မြန်မာသို့ မျက်နှာသာပေးမှုအပေါ် အပြင်းအထန် စိန်ခေါ်နိုင်ရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှ နိုင်ငံရေးနှင့် လုံခြုံရေးကျွမ်းကျင်သူ ပါမောက္ခ အဘူဇာက သံသယရှိနေသည်။

“ထိုင်းအစိုးရသစ်ဟာ ခြေကိုဖော့နင်းပြီး သူတို့ရဲ့တိုက်ပွဲတွေကို ဂရုတစိုက် ရွေးချယ်ရလိမ့်မယ်၊ သူတို့အနေနဲ့ မြန်မာစစ်ကောင်စီကို မျက်နှာသာပေးတဲ့ ထိုင်းစစ်တပ်ကို အားပြိုင်မှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။

“ထိုင်းအစိုးရသစ်ဟာ ခြေကိုဖော့နင်းပြီး သူတို့ရဲ့တိုက်ပွဲတွေကို ဂရုတစိုက် ရွေးချယ်ရလိမ့်မယ်၊ သူတို့အနေနဲ့ မြန်မာစစ်ကောင်စီကို မျက်နှာသာပေးတဲ့ ထိုင်းစစ်တပ်ကို အားပြိုင်မှာ မဟုတ်ဘူး”

ထိုင်းနိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်များကို ဗြောင်ကျကျ ထောက်ခံသည့် နိုင်ငံအနည်းငယ်တွင် ပါဝင်သည်။

မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်နေဆဲဖြစ်သည့် ASEAN သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တုံ့ပြန်ရာတွင် စိတ်ဝမ်းကွဲနေပြီး လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှား အပြင် မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့က ဗိုလ်ချုပ်များအပေါ် ပိုမိုတင်းမာသော သဘောထားရှိပြီး ထိုင်းနှင့် အိမ်နီးချင်းများက လက်ရှောင်နေကြသည်။

ဗိုလ်ချုပ်များကို ဆန့်ကျင်သည့်စကားဖြင့်သာ ပိတ်မိမနေစေရန် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးသံတမန်က ကမ္ဘာကို လွန်ခဲ့သောနှစ်က တိုက်တွန်းခဲ့ပြီး စစ်ကောင်စီက ကြံစည်နေသည့် ရွေးကောက်ပွဲကို ပိုမိုလက်ခံကြရန် နိုင်ငံများကို တောင်းဆိုခဲ့သည်။ ထိုရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် တောင်ပြိုကမ်းပြိုနိုင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မြန်မာ့ရွေးကောက်ပွဲကို ပယ်ဖျက်ပြီး စစ်အုပ်ချုပ်ရေးကို တရားဝင်စေရန် လုပ်သည့် ရွေးကောက်ပွဲ ဖြစ်သော်လည်း နှောင့်နှေးနေဦးမည်ဟု မျှော်လင့်ရသည်။

“ပြစ်တင်ရှုတ်ချတာတွေ၊ အရေးယူပိတ်ဆို့တာတွေ၊ ဝိုင်းကျဉ်တာတွေဟာ အကျိုးနည်းစေတယ်” ဟု အထူးသံတမန် မစ္စ ပွန်ပီမို ကန်ချနာလက်က ပြောသည်။ သူသည် ယခင်က အမေရိကန် ပြည်ထောင်စုတွင် တရားမဝင် လော်ဘီလုပ်သောကြောင့် တရားစီရင်ခံထားရဖူးသဖြင့် သူ့ကို အထူးသံတမန် ခန့်ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

“မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေက ထိုင်းပုံစံမျိုး ရွေးကောက်ပွဲမျှော်လင့်ချက်ကို မျှော်လင့်နေတယ်။ ဒါပေမယ့် မကြာသေးမီက ထိုင်းနိုင်ငံဟာ ASEAN ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ အစီအစဉ်ကို ကျော်ပြီး လုပ်တဲ့အတွက် ASEAN အတွင်းနဲ့ပြင်ပမှာ ဝေဖန်မှုတွေ အများကြီး ရင်ဆိုင်ရတယ်” ဟု ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒတ်ချ် သံအမတ်ဟောင်း လက်တီတာ ဗန် ဒန် အက်ဆမ်က အယ်လ်ဂျာဇီးယားသို့ ပြောသည်။

“မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေက ထိုင်းပုံစံမျိုး ရွေးကောက်ပွဲမျှော်လင့်ချက်ကို မျှော်လင့်နေတယ်။ ဒါပေမယ့် မကြာသေးမီက ထိုင်းနိုင်ငံဟာ ASEAN ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ အစီအစဉ်ကို ကျော်ပြီး လုပ်တဲ့အတွက် ASEAN အတွင်းနဲ့ပြင်ပမှာ ဝေဖန်မှုတွေ အများကြီး ရင်ဆိုင်ရတယ်”

မြန်မာဗိုလ်ချုပ်များနှင့် ၎င်းတို့က နိုင်ငံရေးရာထူးတွင် ခန့်ထားသူများကို ထိပ်တန်းအစည်းအဝေးများသို့ မဖိတ်ခေါ်ရေး ASEAN အဖွဲ့၏ ဆုံးဖြတ်ချက်ရှိသော်လည်း မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေသတွင်းအစည်းအဝေး ကျင်းပသည့် ထိုင်းနိုင်ငံ၏ လုပ်ရပ်ကို ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။

“မြန်မာနဲ့ပတ်သက်ရင် အများကြီး ပိုပြီး စည်းရှိတဲ့ ထိုင်းနိုင်ငံရေးသမားတွေ ရှိနေပြီး မြန်မာဟာ ထိုင်းနိုင်ငံအတွက် ပြဿနာအများအပြား ဖြစ်စေတယ်ဆိုတာကို နောက်ထပ် ထိုင်းခေါင်းဆောင်တွေ သိသင့်တယ်။ မူးယစ်ဆေးတွေ အလွန်အကျွံများလာတာ၊ ရာဇဝတ်မှု မြင့်မားလာတာ၊ ဒုက္ခသည်တွေ များလာတာနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေဖြစ်နေတဲ့ နယ်စပ်က တရုတ်ထိန်းချုပ် အထူးစီးပွားရေးဇုန်တွေ စတဲ့ ပြဿနာတွေရှိတယ်” ဟု ပါမောက္ခ အဘူဇာက ပြောပြီး ပရာယွတ်၏ အစိုးရသည် ထိုပြဿနာများ၏ အရင်းခံအကြောင်းရင်းကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုနေကြောင်း ပြောသည်။

ဗိုလ်ချုပ်များကို ဆန့်ကျင်ရာတွင် ညီညွတ်

ပရာယွတ်၏ မြန်မာမူဝါဒကို စူးစမ်းလေ့လာနေသည့် ထင်ရှားသော ထိုင်းအသံတသံ ရှိသည်။ လွန်ခဲ့သောနှစ် နှောင်းပိုင်းက ထိုင်ဝမ်သို့ သွားရောက်စဉ်အတွင်း ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်သော Future Forward ပါတီ ခေါင်းဆောင် တာနာထုန် ဂျောင်ဂရွန်ဂရန်ကစ်က မင်းအောင်လှိုင်ကို ပရာယွတ်၏ ထောက်ခံနေခြင်းနှင့် ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်သို့ လူသားချင်းစာနာမှု အကူအညီစင်္ကြံ ခွင့်ပြုရန် စိတ်မပါမှုကို အပြင်းအထန် ဝေဖန်သည်။

ဒုတိယ အင်အားအကြီးဆုံး ထိုင်းအတိုက်အခံ Moving Forward ပါတီ ခေါင်းဆောင် တာနာထုန် ဂျောင်ဂရွန်ဂရန်ကစ်

“ထိုင်းအစိုးရက မင်းအောင်လှိုင်ကို ထောက်ခံဖို့လုပ်နေတာဟာ ထိုင်းပြည်သူတွေရဲ့ ဆန္ဒမဟုတ်ဘူး။ ကျနော်တို့ကလည်း သူတို့နဲ့ မတိမ်းမယိမ်းဘဲ ဖြစ်တယ်ဆိုတာ သိရမယ်” ဟု ၎င်းကပြောပြီး သူနှင့် မဟာမိတ်များသည် ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ပါက ထိုင်းနိုင်ငံသည် မြန်မာကို စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ပြန်သွားရန် အားထုတ်မှုများကို ကူညီနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

၂၀၁၉ ခုနှစ် စစ်တမ်းများတွင် Future Forward ပါတီက ထိုင်းလူငယ်အများအပြားကို ဖမ်းစားနိုင်ပြီးနောက် စွဲဆိုသည့် အမှုအများအပြားကြောင့် ရွေးကောက်ပွဲမှ တားမြစ်ခံရသည့် မစ္စတာ ဂျောင်ဂရွန်ဂရန်ကစ်က မင်းအောင်လှိုင် စစ်အုပ်စုနှင့် ထိုင်းနိုင်ငံက တက်ကြွစွာ ထိတွေ့ဆက်ဆံခြင်းကို ပယ်ဖျက်မည်ဖြစ်ပြီး ထိုင်းနှင့် မြန်မာ့စီးပွားရေးကို မြှင့်တင်ကာ ဒီမိုကရေစီ လမ်းကြောင်းကို အားပေးမည်ဖြစ်ကြောင်း ကတိပြုသည်။

၂၀၁၉ ခုနှစ် စစ်တမ်းများတွင် Future Forward ပါတီက ထိုင်းလူငယ်အများအပြားကို ဖမ်းစားနိုင်ပြီးနောက် စွဲဆိုသည့် အမှုအများအပြားကြောင့် ရွေးကောက်ပွဲမှ တားမြစ်ခံရသည့် မစ္စတာ ဂျောင်ဂရွန်ဂရန်ကစ်က မင်းအောင်လှိုင် စစ်အုပ်စုနှင့် ထိုင်းနိုင်ငံက တက်ကြွစွာ ထိတွေ့ဆက်ဆံခြင်းကို ပယ်ဖျက်မည်ဖြစ်ပြီး ထိုင်းနှင့် မြန်မာ့စီးပွားရေးကို မြှင့်တင်ကာ ဒီမိုကရေစီ လမ်းကြောင်းကို အားပေးမည်ဖြစ်ကြောင်း ကတိပြုသည်။

စွမ်းဆောင်ရည်ရှိသော စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့် မစ္စတာ ဂျောင်ဂရွန်ဂရန်ကစ်သည် Future Forward ပါတီကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ပြီး နောက်ဆုံးကျင်းပသည့် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်နေရာ ၅၀၀ အနက် ၈၁ နေရာ အနိုင်ရပြီး တတိယလိုက်သည်။ သို့သော် အမှုအများအပြား ရင်ဆိုင်ရပြီးနောက် နောက်ဆုံးတွင် ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ပါတီကို ဖျက်သိမ်းလိုက်သည်။ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် အသစ်ထပ်ဖွဲ့လိုက်သော Move Forward ပါတီသို့ ဝင်ရောက်ကြသည်။

ထိုင်းအစိုးရသည် ရွေးကောက်ပွဲတွင် အနိုင်ရရန် ဒီမိုကရေစီနှင့် ဆန့်ကျင်သည့်နည်းလမ်းများ သုံးမည်ကို အချို့က စိုးရိမ်ကြောင်း ဖော်ပြသည်။

လွတ်လပ်စွာပြောဆိုခွင့် ကန့်သတ်ခြင်း၊ အတိုက်အခံနိုင်ငံရေးသမားများကို ပိတ်ပင်ခြင်းနှင့် အာဏာ ပြန်ရစေရန် သတင်းတုဖြန့်ခြင်း စသည်တို့ ပရာယွတ်အစိုးရက လုပ်မည်ကို မသက်က စိုးရိမ်နေသည်။ သို့သော် ထိုင်းအတိုက်အခံများသည် မပြောပလောက်သည့် အခက်အခဲများကို ကျော်လွှားပြီး အနိုင်ရပါက မြန်မာပြည်သူများ၏ စစ်မှန်သော ကိုယ်စားလှယ်ဖြစ်ကြောင်း ပြသရန် NUG ၏ အားထုတ်မှုများအတွက် အားဖြစ်စေနိုင်သည်။

NUG အရပ်သားအစိုးရသည် သြစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့သော နိုင်ငံများတွင် လုပ်သည့်အတိုင်း ထိုင်းနိုင်ငံတွင် ရုံးခန်းဖွင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ကြောင်း ထိုကိစ္စတွင် ပတ်သက်သူများပြောသည်။ သို့သော် မြန်မာမှ အဝေးရောက် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် သတင်းသမားများကို ထိုင်းတွင်နေထိုင်ခွင့်ပေးထားသည်။

NUG အရပ်သားအစိုးရသည် သြစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့သော နိုင်ငံများတွင် လုပ်သည့်အတိုင်း ထိုင်းနိုင်ငံတွင် ရုံးခန်းဖွင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ကြောင်း ထိုကိစ္စတွင် ပတ်သက်သူများပြောသည်။ သို့သော် မြန်မာမှ အဝေးရောက် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် သတင်းသမားများကို ထိုင်းတွင်နေထိုင်ခွင့်ပေးထားသည်။

“NUG က လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ နိုင်ငံသားအခွင့်အရေးတွေကို ကိုယ်စားပြုတယ်။ အိမ်နီးချင်း ထိုင်းနဲ့ အခြားနိုင်ငံတွေမှာလည်း အဲဒီသဘောတရားတွေကို ကျနော်တို့ထောက်ခံတယ်။ ထိုင်းပြည်သူတွေရဲ့ ဆိုးရွားတဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး ကျနော်တို့ စိတ်ထိခိုက်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီကို သူတို့ခံစားခွင့်မရကြဘူး” ဟု ထိုင်းနိုင်ငံတဝန်းမှ လုပ်ဖော်ကိုင်ဖက်များ၏ လုံခြုံရေးကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် NUG ဝန်ကြီး တဦးက အယ်လ်ဂျာဇီးယားသို့ ပြောသည်။

NUG အစိုးရအဆင့် အရာရှိအများအပြားသည် ထိုင်းနိုင်ငံအတွင်းနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ ခိုလှုံနေသည့် ထိုင်း-မြန်မာနယ်စပ်တို့တွင် နေထိုင်နေကြသည်ဟု အယ်လ်ဂျာဇီးယားက ယူဆသည်။ ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်အခြမ်းကို မြန်မာစစ်တပ်နှင့် တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၎င်း၏ တပ်များက ထိန်းချုပ်ထားသည်။

“ထိုင်းနိုင်ငံဟာ လွတ်လပ်မျှတတဲ့ ဒီမိုကရက်တစ် အမွေအနှစ်ကို ပြန်သွားပြီး လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ထိုင်းပြည်သူတွေရဲ့အသံကို ကြားရဖို့ ကျနော်တို့ မျှော်လင့်ပြီး ဆုတောင်းနေတယ်” ဟု အထက်ပါ NUG ဝန်ကြီးက တွေ့ဆုံမေးမြန်းခန်းတခုတွင် အယ်လ်ဂျာဇီးယားသို့ ပြောသည်။ သူရှိနေသည့် နေရာကို လုံခြုံရေးအရ ချန်လှပ်ခဲ့သည်။

NUG သည် မည်သည့် ထိုင်းနိုင်ငံရေးပါတီ၊ ထိုင်းနိုင်ငံရေးသမားများနှင့်မှ တိုက်ရိုက်အဆက်အသွယ် မရှိကြောင်း ထိုဝန်ကြီးပြောပြီး “Milk Tea Alliance ကတဆင့် ကျနော်တို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးထားပေမယ့် ထိုင်းနိုင်ငံရေးမှာ ကျနော်တို့ သွားမပတ်သက်ဘူး” ဟု ပြောသည်။ Milk Tea Alliance ဆိုသည်မှာ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် အရှေ့တောင်အာရှတလွှားမှ အာဏာရှင်စနစ်များကို တိုက်ခိုက်နေသည့် လူငယ်များကွန်ရက်ကို ရည်ညွန်းပြောကြားခြင်း ဖြစ်သည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
12
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
462
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
38

“Move Forward ပါတီ နိုင်ရင် ဒါမှမဟုတ် ကျနော်တို့ တိုက်ပွဲဝင်နေတဲ့တန်ဖိုးတွေကို အလေးထားတဲ့ ဘယ်ပါတီဖြစ်ဖြစ် နိုင်ရင် ကျနော်တို့က သူတို့နဲ့ ပျော်ရွှင်စွာ ထိတွေ့ဆက်ဆံနိုင်ပြီး နှစ်နိုင်ငံလုံးနဲ့ ပတ်သက်နေတဲ့ ပြဿနာအများအပြားကို ပူးပေါင်းဖြေရှင်ဖို့ အဓိပ္ပာယ်ရှိတဲ့ နည်းလမ်းတွေ ရှာနိုင်မယ်” ဟုလည်း ၎င်းကပြောသည်။

(Al Jazeera မှ Dominic Oo နှင့် Thompson Chau ၏ Myanmar’s democratic struggle at stake in Thailand’s election ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

ထိုင်းဝန်ကြီးချုပ်ရာထူး သက်ဆင်သမီး အပြတ်အသတ် ရေပမ်းစားနေ

MOGE ကို အကျိုးအမြတ် ခွဲဝေမပေးရန် PTTEP ကို NUG သတိပေး

မြန်မာ့အိမ်နီးချင်းများ စစ်ကောင်စီကို ပစ်ပယ်ရန် အချိန်ကျပြီ

အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်

ထိုင်းကို ရောက်ရင် ဆောင်ရန်နဲ့ ရှောင်ရန်များ

Your Thoughts …
Tags: AseanFuture Forward ပါတီMilk Tea AllianceMove Forward ပါတီNUGခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုတာနာသွန် ဂျောင်ဂရွန်ဂရန်ကစ်ထိုင်းထိုင်း- မြန်မာနယ်စပ်ထိုင်းအထူးသံတမန်ဒီမိုကရေစီ လှုပ်ရှားမှုဒုက္ခသည်ပရာယွတ် ချန်အိုချာပေတောင်တန် ရှင်နာဝပ်ပွန်ပီမို ကန်ချနာလက်ဖွေထိုင်းပါတီဖွဲ့စည်းပုံအခြေခံ ဥပဒေရွေးကောက်ပွဲရွှေ့ပြောင်းအခြေချလူသားချင်းစာနာမှု အကူအညီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာနိုင်ငံ မြိတ်ခရိုင်ဘက်ခြမ်းရှိ မောတောင်ဂိတ်နှင့် ဆက်စပ်နေသည့် ထိုင်းဘက်ခြမ်းရှိ စင်ခွန်ဂိတ်( Bangkok Post)

ရေထွက်ကုန် အနံ့ဆိုးကြောင့် မောတောင်ဂိတ်မှ ကုန်တင်ပို့မှု ထိုင်းကန့်သတ်လာနိုင်

အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ချိုလေး/ANTARA

ရုရှားက လက်နက်ထောက်ပံ့မှု ရပ်ရင် မြန်မာ ပဋိပက္ခ အဆုံးသတ်နိုင်ဟု အမေရိကန်ပြော

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved