• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ထိုင်းကို ရောက်ရင် ဆောင်ရန်နဲ့ ရှောင်ရန်များ

by ဧရာဝတီ
18 March 2023
in Culture
A A
ထိုင်းတွေဟာ နှုတ်ဆက်တဲ့အခါ “ဆဝါဒီခပ်” ဆိုတဲ့ နှုတ်ခွန်းဆက်သံနဲ့အတူ လက်အုပ်ချီ နှုတ်ဆက်လေ့ ရှိပါတယ်

ထိုင်းတွေဟာ နှုတ်ဆက်တဲ့အခါ “ဆဝါဒီခပ်” ဆိုတဲ့ နှုတ်ခွန်းဆက်သံနဲ့အတူ လက်အုပ်ချီ နှုတ်ဆက်လေ့ ရှိပါတယ်

4.8k
VIEWS
Share on FacebookShare on Twitter

ထိုင်းယဉ်ကျေးမှုသည် ကမ္ဘာတွင် ယဉ်ကျေးခင်မင်မှုအရှိဆုံး ယဉ်ကျေးမှုအဖြစ် ထင်ရှားသော်လည်း အခြားမည်သည့် ယဉ်ကျေးမှုမဆိုကဲ့သို့ပင် ထိုင်းပြည်သူများအကြားနှင့် ၎င်းတို့၏နေအိမ်နှင့်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ဧည့်သည်များအကြား တန်ဖိုးထားသည့် ကျင့်ဝတ်များရှိသည်။ ထိုင်းနိုင်ငံသို့ သွားရောက်မလည်ပတ်မီ သို့မဟုတ် ပြည်ပမှထိုင်းမိတ်ဆွေများနှင့် မတွေ့ဆုံမီ သိထားသင့်သည့် ထုံးတမ်းစဉ်လာနှင့် ကျင့်ဝတ်များကို ဖော်ပြလိုက်သည်။

ဆောင်ရန်များ

ဖိနပ်ချွတ်ပါ

ထိုင်းမှ နေအိမ်များ၊ ဘုရားကျောင်းကန်များနှင့် နန်းတော်များသို့ ဝင်ရောက်သောအခါ ပထမဆုံးလိုက်နာရမည့် ကျင့်ဝတ်မှာ ဖိနပ်ချွတ်ရန်ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် သင်၏ဖိနပ်တွင် ပါလာသော အညစ်အကြေးများမှ သင်သွားရောက်သည့် နေအိမ်များနှင့် ဘုရားကျောင်းများကို ကာကွယ်သည့် ယဉ်ကျေးသော အမူအရာဖြစ်သည်။ ထိုင်းနေအိမ်များ၊ ဘုရားကျောင်းကန်များသို့ မဝင်ရောက်မီ ဖိနပ်မချွတ်ပါက မလေးစားရာရောက်သည်။

ဖိနပ်ချွတ်ပါ

အချို့သော ကဖေးဆိုင်များနှင့် စားသောက်ဆိုင်များတွင်လည်း ဖိနပ်ချွတ်ရနိုင်သည်။ ထိုသို့ လုပ်ရခြင်းမှာ အချို့ဆိုင်ငယ်များကို နေအိမ်များတွင် ဖွင့်ထားသောကြောင့်ဖြစ်သည်။ ဖိနပ်ချွတ်သင့်၊ မချွတ်သင့် ခန့်မှန်းရန်အတွက် ဆိုင်နှင့်စားသောက်ဆိုင်များမှ အခြားသူများ ဖိနပ်ဝတ်ဆင်ထားခြင်း ရှိ၊ မရှိ ကြည့်ပြီး လိုအပ်သလို လုပ်ကိုင်ရမည်ဖြစ်သည်။

တံခါးဘောင်များကို မနင်းရ

တံခါးဘောင်များကို မနင်းရ

တံခါးပေါက်တခုမှ ဝင်ရောက်ပါက တံခါးဘောင်ကို တိုက်ရိုက်မနင်းဘဲ ကျော်ဝင်ရသည်မှာ အစဉ်အလာ ဖြစ်သည်။ အိမ်စောင့်နတ်သည် တံခါးဘောင်တွင် နေထိုင်ပြီး ထိုဘောင်ကို နင်းလိုက်ပါက အိမ်စောင့်နတ်ကို စိတ်ဆိုးစေသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ထိုအခါ အိမ်စောင့်နတ်သည် အိမ်တွင်နေထိုင်သူများကို လက်စားချေသည့်အနေဖြင့် ကံဆိုးစေသည်ဟု ယူဆကြသည်။

သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ပါ

သင့်တင့်လျောက်ပတ်စွာဝတ်ဆင်ပါ

ထိုင်းနိုင်ငံသည် လွန်စွာပွင့်လင်း လွတ်လပ်သော်လည်း ဘုရားကျောင်းကန် သို့မဟုတ် နန်းတော်သို့ ဝင်ရောက်သောအခါ သင့်တင့်လျောက်ပတ်သော အဝတ်အစားဝတ်ဆင်ခြင်းသည် ကျင့်ဝတ်ဖြစ်သည်။ ထိုသို့ဝတ်ဆင်ခြင်းသည် သံဃာတော်များနှင့် သမိုင်းဝင်အဆောက်အအုံများတွင် နေထိုင်သူများကို လေးစားကြောင်း ပြသခြင်းဖြစ်သည်။ နန်းတော် သို့မဟုတ် ဘုရားကျောင်းသို့ ဝင်ရောက်သောအခါ ဒူးနှင့် ပခုံးများကို ဖုံးကွယ်ထားသည့် အဝတ်များဝတ်ဆင်ရန် အနည်းဆုံးလိုအပ်သည်။ အမျိုးသားများသည် ဘောင်းဘီတိုဖြင့် အဆင်ပြေနိုင်သော်လည်း အမျိုးသမီးများအတွက် အကောင်းဆုံးမှာ စကတ်ရှည် သို့မဟုတ် ဘောင်းဘီရှည် ဝတ်ဆင်ခြင်းပင်ဖြစ်သည်။ လက်ပြတ်အင်္ကျီ အကျပ်များ၊ မလုံခြုံသော အားကစားဝတ်စုံများနှင့် မသင့်တော်သော ဒီဇိုင်းများပါသည့် တီရှပ်များကို မဝတ်ဆင်သင့်ပေ။

လက်အုပ်ချီ နှုတ်ဆက်လျှင် အမြဲပြန်လည်နှုတ်ဆက်ပါ

လက်အုပ်ချီ နုတ်ဆက်လျှင် ပြန်နှုတ်ဆက်ပါ

လက်အုပ်ချီ နှုတ်ဆက်ခြင်းသည် ထိုင်းအစဉ်အလာ နှုတ်ဆက်ခြင်းဖြစ်သည်။ ထိုသို့နှုတ်ဆက်ပြီးနောက် ဆဝါဒီ (Sawasdee) ဟူသော စကားကို နှုတ်ဆက်စကားအဖြစ် ပြောသည်။ ကမ္ဘာလှည့်ခရီးသည်များက ထိုင်းပြည်သူများကို စတင်နှုတ်ဆက်ရန် မလိုသော်လည်း ထိုင်းပြည်သူများက လက်အုပ်ချီ နှုတ်ဆက်လျှင် ပြန်လည်နှုတ်ဆက်ရမည်ဖြစ်သည်။ ရဟန်းတော်များက ပြန်လည်နှုတ်ဆက်ရန် မလိုအပ်ဘဲ သင့်ထက် ငယ်ရွယ်သူများကို လက်အုပ်ချီ နှုတ်ဆက်နည်းဖြင့်လည်း နှုတ်ဆက်ရန်မလိုပေ။

သံဃာတော်များကို လေးစားပါ၊ မထိရ

သံဃာတော်များကို လေးစားပါ

ထိုင်းတွင် ရဟန်းသံဃာများကို လွန်စွာလေးစားပြီး ထိုင်းနိုင်ငံသို့ လာရောက်သော ဧည့်သည်များကလည်း လေးစားရန် လိုသည်။ သံဃာတော်တပါးကို မထိတွေ့ရ။ အထူးသဖြင့် အမျိုးသမီးများက သံဃာတော်များကို မထိတွေ့ရ။ ထိုသို့မထိတွေ့ရခြင်းမှာ အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့် ထိမိပါက သံဃာတော်များ အာပတ်သင့်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားကျောင်းများမှ အချို့နေရာများတွင် အမျိုးသမီးများကို ခွင့်မပြုဘဲ အမျိုးသမီးများသည် သံဃာတော်များကို ထိတွေ့ခြင်း မပြုရပေ။ သံဃာတော်များနှင့် တွေ့ဆုံသောအခါ ဦးညွှတ် သို့မဟုတ် လက်အုပ်ချီ နှုတ်ဆက်နည်းဖြင့် နှုတ်ဆက်နိုင်သော်လည်း ၎င်းတို့ ကိုယ်ရေးကိုယ်တာ လွန်စွာဆန်သည့် မည်သည့် မေးခွန်းမျှ မမေးရပါ။ သံဃာတော်များကို လွန်စွာ လေးစားကြသောကြောင့် ထိုင်းပြည်သူများသည် သံဃာတော်များနှင့် သင့်တင့်လျောက်ပတ်စွာ ထိတွေ့ဆက်ဆံကြသည်။ ဥပမာအားဖြင့်ဆိုပါက ဘတ်စ်ကားပေါ်တွင် သံဃာတော်များကို ထိုင်ခုံဖယ်ပေးကြသည်။

ဓာတ်ပုံရိုက်လျှင် သတိထားပါ

ဓာတ်ပုံရိုက်လျှင် သတိထားပါ

ဘုရားကျောင်းများသို့ သွားသောအခါ ဘုရားကျောင်းများ၊ ဆင်းတုတော်များကို ဓာတ်ပုံရိုက်ရန် ထုံစံအားဖြင့် ခွင့်ပြုသည်။ သို့သော် ဝတ်ပြုနေသူများနှင့် အချို့သောဝတ်ပြုသည့်နေရာများကို ဂရုစိုက်ပါ။ ဓာတ်ပုံမရိုက်မီ ဘုရားကျောင်းပြင်ပ နှိုးဆော်စာ သင်ပုန်းမှ စည်းကမ်းများကို ကြည့်ခြင်း၊ ဒေသခံများကို မေးမြန်းခြင်း ပြုလုပ်ပါ။ ထို့အပြင် ဓာတ်ပုံရိုက်ခွင့်ရသောကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြရန် အလှူခံပုံးများတွင် ငွေလှူဒါန်းပါ။ ဧည့်သည်များ လှူဒါန်းသောငွေသည် ဘုရားကျောင်းကန်များ၊ နန်းတော်များ ပြုပြင် ထိန်းသိမ်းရာတွင် အထောက်အကူပြုသည်။

ပြုံးပါ

ထိုင်းနိုင်ငံသည် “အပြုံးများ၏ နိုင်ငံ” ဟု ကျော်ကြားသည်။ ထိုင်းကျင့်ဝတ်တွင် ပြုံးခြင်းက အရေးပါသည်မှာ အံ့သြစရာ မဟုတ်ပေ။ ထိုင်းနိုင်ငံသို့ရောက်သောအခါ ပျော်ရွှင်စွာ ပြုံးပါ၊ သင်ခရီးသွားစဉ် တွေ့ဆုံသည့် အခြားသူများက သင့်ကို ပြုံးပြသည်ကို ပြန်ပြုံးပြပါ။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
26
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
198
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
113
ပြုံးပါ

ထိုင်းတွင် ပြုံးသောအခါ ပြုံးသူသည် ပျှော်ရွှင်နေသည်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အပြုံးသည် ထိုင်းတွင် အဓိပ္ပာယ် အမျိုးမျိုးဆောင်သည်။ ရှက်ခြင်း၊ စိတ်ရှုပ်သွားခြင်း၊ စိတ်ပူခြင်းနှင့် အခြားအဓိပ္ပာယ် အမျိုးမျိုးဆောင်နိုင်သည်။ ပျော်ရွှင်သောကြောင့် မဟုတ်သည့် အကြောင်းကြောင့် ပြုံးသူတဦးကို ပြန်ပြုံးပြခြင်းသည် ထိုသူ၏စိတ်ကို အပြောင်းအလဲဖြစ်စေရန် လိုအပ်သည့် အရာဖြစ်သည်။

ရှောင်ရန်များ

အခြားမည်သည့် ယဉ်ကျေးမှုမဆိုကဲ့သို့ပင် အိမ်ရှင်ထိုင်းများအပေါ် ယဉ်ကျေးလိုပါက ရှောင်ရမည့်အရာများ ရှိသည်။ ထိုင်းနိုင်ငံသို့မသွားမီ ပြင်ဆင်ရမည့် အမူအကျင့်အနည်းငယ်ကို ဖေါ်ပြလိုက်ပါသည်။

ထိပ်ပုတ်ခေါင်းပုတ် မလုပ်ပါနှင့်

ထိုင်းနိုင်ငံတွင် ဦးခေါင်းသည် မြင့်မြတ်သည်ဟု ယူဆသည်။ အသန့်ရှင်းဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းအဖြစ် ယူဆသောကြောင့် မည်သည့်အခါမျှ မထိကိုင်သင့်ပေ။ ကမ္ဘာတဝန်းမှ နိုင်ငံအများစုကဲ့သို့ပင် ထိုင်းနိုင်ငံတွင် သူစိမ်းတဦး၏ ဦးခေါင်းကို ထိကိုင်ခြင်းသည် ရိုင်းသည်ဟု သတ်မှတ်သည်။

ထိပ်ပုတ်ခေါင်းပုတ် မလုပ်ပါနှင့်

ရုပ်တုများ အထူးသဖြင့် ဗုဒ္ဓဆင်းတုတော်များ၏ ဦးခေါင်းကို ထိကိုင်ခြင်းသည် မရိုသေ မလေးစားရာရောက်သည်။ သို့သော် ရင်းနှီးသော မိတ်ဆွေများနှင့် မိသားစုဝင်များ တဦး၏ ဦးခေါင်း သို့မဟုတ် ဆံပင်ကို ထိကိုင်လေ့ရှိကြပြီး ထိုအခါ ရိုင်းသည်ဟု သတ်မှတ်ခြင်းမရှိပေ။ သူစိမ်းတဦး၏ဆံပင်၊ ဦးခေါင်းကို မေ့လျော့၍ဖြစ်စေ၊ မတော်တဆဖြစ်စေ ထိကိုင်မိပါက ယဉ်ကျေးစွာတောင်းပန်ပြီး ခွင့်လွှတ်ရန် ပြောပါ။ တစုံတဦး၏ ဦးခေါင်းပေါ်မှကျော်ပြီး လှမ်းယူစရာရှိလျှင် ခွင့်ပြုပါဟု ဦးစွာပြောပါ။

စားပွဲပေါ် ခြေထောက်မတင်ရ၊ မမြှောက်ထားရ

စားပွဲပေါ် ခြေထောက်မတင်ရ

ခြေထောက်သည် ခန္ဓာကိုယ်၏ အောက်ဆုံးအပိုင်းဖြစ်ပြီး သဘာဝအားဖြင့် ညစ်ပတ်တတ်သောကြောင့် ခြေထောက်ကို စားပွဲပေါ် သို့မဟုတ် အခြားမျက်နှာပြင် တခုခုအပေါ် တင်မထားသင့်ပေ။ ထိုင်းယဉ်ကျေးမှုတွင် ခြေထောက်သည် အရေးမကြီးဆုံး၊ မသန့်ရှင်းဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်သည်။ ဘုရားကျောင်းတခုတွင် ခြေထောက်ကို ရှေ့သို့ ဆန့်တန်းမထားရ။ အထူးသဖြင့် သင်၏ခြေထောက်သည် သံဃာတော်တပါး သို့မဟုတ် ဗုဒ္ဓဆင်းတုတော်ဘက်သို့ ဦးတည်နေလျှင် ခြေဆင်းမထားရ။ စာအုပ်များနှင့် အစားအသောက်များကဲ့သို့သော အခြားအရာများကို ထိုင်းယဉ်ကျေးမှုတွင် မြင့်မားစွာတန်ဖိုးထားသည်။ ထို့ကြောင့် ကော်ဖီစားပွဲပေါ် ခြေထောက်မတင်ရ သို့မဟုတ် အစားအသောက်ဘက်သို့ ခြေထောက်မထားရ။ ထိုသို့လုပ်လျှင် လွန်စွာ အရုပ်ဆိုး အကျည်းတန်သည်။

အများပြည်သူကြားတွင် ပွေ့ရမ်းနမ်းရှုံ့ခြင်း မလုပ်ရ

ထိုင်းနိုင်ငံသည် ချစ်စရာကောင်းသည့် နိုင်ငံဖြစ်ပြီး မေတ္တာတရားကို ဖော်ပြသည့် အမူအယာ အများအပြားကို လက်ခံသော်လည်း အများပြည်သူရှေ့တွင် မေတ္တာတရားကို ဖော်ပြခြင်းနှင့် ပတ်သက်လျှင် ထိန်းချုပ်ကြသည်။ ထို့ကြောင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် အလွန်အကျွံ ချစ်ခင်စုံမက်သည့် အမူအယာများ မပြုလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

သန္တာကျောက်တန်း အပိုင်းအစ၊ ခရုများ မကောက်ရ

သန္တာကျောက်တန်း အပိုင်းအစများနှင့် ခရုများကို ၎င်းတို့၏ သဘာဝနေရာများမှ မကောက်ယူရန် လက်တွေ့ကျသည့် အကြောင်းရင်းများစွာ ရှိသည်။ ပထမအရေးအပါဆုံး အကြောင်းရင်းမှာ ထိုနေရာ၏ ဂေဟစနစ်ကို ထိခိုက်စေခြင်းဖြစ်သည်။ ထိုအရာများသည့် ထိုင်းနိုင်ငံမှ ကျော်ကြားလှသော ကမ်းခြေများကို သဘာဝအတိုင်း မပျက်ယွင်းအောင် ထိန်းသိမ်းထားပေးသော အရာများဖြစ်သည်။ ၎င်းတို့တွင် ဒေသခံ သက်ရှိမျိုးစိတ်များ နေထိုင်နေနိုင်သည်။

သန္တာကျောက်တန်း အပိုင်းအစ၊ ခရုများ မကောက်ရ

ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ထိုင်းတွင် သန္တာကျောက်တန်း အရေအတွက် ကျဆင်းနေသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် သန္တာကျောက်တန်းများကို ကာကွယ်ရန် အားထုတ်မှုများကို လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အရှိန်မြှင့် လုပ်ဆောင်နေသည်။ သန္တာကျောက်တန်း အပိုင်းအစများ၊ ခရုများကို ကောက်ယူပါက ဒဏ်ငွေဆောင်ရနိုင်သည်။ အဖမ်းခံရနိုင်သည်။

ထိုအကြောင်းကြောင့်ပင် အခြားသောပစ္စည်းများကို အမှတ်တရပစ္စည်းအဖြစ် ယူဆောင်လာရန် အကြံပြုသည်။ ဗုဒ္ဓဆင်းတုတော်များမှသည် ထိုင်းပိုးပုဝါများနှင့် အုန်းဆီကဲ့သို့သော ထိုင်းနိုင်ငံနှင့် သက်ဆိုင်သည့် အခြားအရာ ရွေးစရာအမှတ်တရပစ္စည်း အများအပြားရှိသည်။

လက်ညှိုးမထိုးရ

လက်ညှိုးမထိုးရ

အခြားယဉ်ကျေးမှု အများအပြားကဲ့သို့ပင် လက်ညှိုးထိုးခြင်းကို ထိုင်းနိုင်ငံတွင် ရိုင်းသည်ဟု သတ်မှတ်သည်။ လူတဦးကို ကိုယ်နေဟန်ဖြင့် ဖော်ပြလိုပါက ဦးခေါင်းကိုမော့ပြီး မေးဖြင့်ထိုးပြရမည်။ အရာဝတ္တုများ၊ တိရစ္ဆာန်များကို လက်ညှိုးထိုးပြခြင်းကို တခါတရံ လက်ခံကြသော်လည်း ထိုသို့လုပ်ရမည်ဆိုလျှင် လက်ညှိုးတချောင်းတည်း ထိုးခြင်းထက် လက်တခုလုံးဖြင့် ညွှန်ပြသည်က ပိုမို ကောင်းမွန်သည်။

အခြားခရီးသွားဒေသများကဲ့သို့ပင် ထိုင်းနိုင်ငံတွင် နိုင်ငံသို့လာရောက်သည့် ဧည့်သည်များထံမှ မျှော်လင့်ထားသည့် ယဉ်ကျေးသော အမူအယာများနှင့် ပတ်သက်သည့် ထုံးတမ်းစဉ်လာများ ရှိသည်။ ထိုယဉ်ကျေးမှုဓလေ့ထုံးစံများ အားလုံးကို သိမည်ဟု မျှော်လင့်မထားသော်လည်း ထိုင်းတွင်ရှိစဉ် ၎င်းတို့ကို လေ့လာသင်ယူကျင့်သုံးခြင်းသည် ယဉ်ကျေးသောအမူအရာအဖြစ် သေချာပေါက်ဖြစ်စေမည် ဖြစ်သည်။

(Thailand Insider မှ National Courtesy Month: Thai Cultural Do’s and Don’ts ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

နိုင်ငံခြားသားတွေ လေးစား သဘောကျတဲ့ ထိုင်းရဲ့ ယဉ်ကျေးမှု

ကျမတို့ အမွေအနှစ်တွေက တဖြည်းဖြည်း လုံးပါးပါးမှာပဲ

နီပေါ – ထိုင်း ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာနိုင်ဖွယ်ရှိ

မယဉ်ကျေးသော တရုတ်ခရီးသွားများကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်

ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ သိသင့်တဲ့ အချက်များ

Your Thoughts …
Tags: ကမ္ဘာလှည့်ခရီးသည်ကျင့်ဝတ်ခရီးသွားလုပ်ငန်းထိုင်းထုံးတမ်းစဉ်လာနန်းတော်ဗုဒ္ဓဘာသာဘာသာရေးဘုရားကျောင်းကန်ယဉ်ကျေးမှုသဘာဝ ပတ်ဝန်းကျင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

by မောင်ကဝိ
19 March 2024
23.5k

ကွမ်းလုံအပြင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ နမ့်ခမ်း စတဲ့ ရှမ်းမြောက်မြို့တွေကို ဆက်တိုက်လက်လွှတ်ရလို့ မင်းအောင်လှိုင်လည်း ဗိုလ်မြောက်ရှုံးရယ်လို့ အမည်တွင်ခဲ့တော့တယ်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

Next Post
PDF များ စစ်သင်တန်းတက်ကြစဉ်

တိုက်ပွဲကြားက လက်ဗလာနဲ့ ရဲဘော်

ရိုဟင်ဂျာ ဒုက္ခသည်တဦး / ဧရာဝတီ

စစ်ကောင်စီ၏ ဖိတ်ခေါ်မှု ရိုဟင်ဂျာများ သံသယရှိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved