• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြို့တွင်းသုံးအတွက် အဆင်ပြေမယ့် Honda Cross Road

by လင်းထက်(IA)
7 March 2017
in စီးပွားရေး
A A
မြို့တွင်းသုံးအတွက် အဆင်ပြေမယ့် Honda Cross Road

Honda မှ ထုတ်သော Cross Roadမော်ဒယ် ကားအမျိုးအစား

20.6k
VIEWS
Share on FacebookShare on Twitter

တကယ်ဆို Cross Road မော်ဒယ်က လက်ရှိထုတ်လုပ်နေခြင်းမရှိတော့ပါဘူး။ ရုပ်ထွက်၊ အင်ဂျင်၊ အရည်အ သွေးသင့်ပေမယ့် ခရီးဝေးမောင်းနှင်နိုင်မှု အားနည်းချင်တာကြောင့် ဈေးကွက်မှာ အောင်မြင်မှု မရခဲ့တာလည်း ဖြစ်ပါတယ်။

ပထမအကြိမ် ထုတ်လုပ်မှုကို ၁၉၉၃ခုနှစ်ကနေ စတင်ခဲ့ပြီး ၁၉၉၈ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။ ဒါပေမယ့် Honda က အားမ လျှော့ဘဲ မော်ဒယ်ကို ပြင်ဆင်ပြီး ၂၀၀၈ခုနှစ်မှာ ပြည်လည် ထုတ်လုပ်ခဲ့ပေမယ့် အောင်မြင်မှု မရဘဲ ၂၀၁၀ခုနှစ်မှာ ပြန် လည်ရပ်နားထားတာ ဖြစ်ပါတယ်။

အထက်မှာပြောခဲ့သလို မော်ဒယ်က SUV ဖြစ်ပေမယ့် ဝန်တင်ဆောင်နိုင်မှုနဲ့ ခရီးဝေး မောင်းနှင်နိုင်မှုအကောင်းဆုံး ပုံစံ မဟုတ်လို့ မြို့တွင်းသုံးအတွက်ပဲ အဆင်ပြေမယ်လို့ ဆိုချင်ပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာတော့ ၂၀၀၈ခုနှစ် မော်ဒယ်တွေ အဝင်များပါတယ်။ Auto ပုံစံနဲ့ ဖြစ်ပြီး ဂီယာချက် အသုံးပြု နိုင်မှုက ၅ ချက်တည်းပါ။

အင်ဂျင်စနစ်က ၁.၈လီတာသုံးနဲ့လည်းလာသလို ၂.ဝလီတာသုံးလည်း တွေ့ရ ပါတယ်။ ဒါပေမယ့် ဈေးကွက်မှာတော့ ၂.၀ လီတာသုံးက အဝင်နည်းပါတယ်။ ညာမောင်းပုံစံနဲ့ အထိုင်နဲ့ပါ။ Gasoline ဆီသုံးအင်ဂျင် ဖြစ်ပါတယ်။

အတွင်းခန်းတပ်ဆင် ပစ္စည်းအစုံပါရှိပါတယ်။ အားလုံးနီးပါးက Ori ဖြစ်ပါတယ်။ ဒါပေမယ့် ပြသမျက်နှာပြင်စနစ်မှာ ဂျပန် စာတွေနဲ့ ဖြစ်နေလို့ နည်းနည်းတော့ အသားကျဖို့ အချိန်ပေးရမှာပါ။ တကယ်လို့ နောက်ပိုင်း မော်ဒယ်မြင့် Kenwood လို စနစ်တွေ ပြောင်းထည့်မယ် ဆိုရင်လည်း အဆင်ပြေပါတယ်။

အသက်ကယ် လေအိတ်စနစ် ပါရှိပါတယ်။ နောက်ဘက်ခန်းအတွက်ကတော့ မော်ဒယ်တိုင်းမှာ လေအိတ်စနစ် မပါတတ် ပေမယ့် တချို့မော်ဒယ်မှာသာ တွေ့ရပါတယ်။ ဒါက တင်သွင်းမှုအပေါ်မှာ နည်းနည်းကွဲပြားချင်တာ ဖြစ်ပေမယ့် အဆိုပါ အသက်ကယ်လေအိတ်စနစ် ပါရှိမှု အပေါ်မှာတော့ ဈေးနှုန်းကွာဟချက် မရှိပါဘူး။

ဘရိတ်စနစ်က နောက်ပိုင်းထွက် ABS စနစ်ကို ထည့်ထားတာ တွေ့ရပါတယ်။ စွမ်းဆောင်ရည် ဦးစားပေးမော်ဒယ် မဟုတ် တဲ့ အနေအထားမှာ ဘရိတ်စနစ်က အသုံးပြုရတာ အဆင်ပြေပါတယ်။

Power Steering စနစ်ပါရှိပါတယ်။ မောင်းနှင်မိသလောက်တော့ မြို့တွင်းလမ်းကျပ်ကျပ် အနေအထားမှာ လက်ကိုင်ပိုင်း အထူး ပေါ့ပါးသလို တည်ငြိမ်မှုလည်းရှိပါတယ်။ TV နဲ့ CD-DVD တွေ ပါရှိပါတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.1k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

အသံထွက်ပိုင်းစနစ်ကတော့ စိတ်ကြိုက် မဖြစ်မိပါဘူး။ အပျော်တမ်းနားထောင်လိုသူတွေအတွက်လောက်ပဲ အဆင်ပြေ မယ် ထင်ပါတယ်။

မော်ဒယ်ရဲ့ အားနည်းချက်ကတော့ မော်ဒယ်နိမ့်တွေပဲရနိုင်တယ်၊ အမြင့်ဆုံး ၂၀၁၀ခုနှစ်ထုတ်တွေပဲ ဖြစ်ပြီး အရောင်နဲ့ မော်ဒယ်နှစ် ရွေးချယ်နိုင်မှု အားနည်းချင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အားသာချက်ကတော့ မြို့တွင်းသုံး SUV အဖြစ် အကောင်းဆုံးသုံးနိုင်မှာ ဖြစ်ပြီး ဆီစားနှုန်းလည်းချိုသာတာပဲ ဖြစ်ပါတယ်။

Honda CR-V ထက် ဈေးချိုချိုနဲ့ ရနိုင်ပြီး ဈေးကွက်မှာတော့ Cross Road ကို အပြင် တပိုင်တနိုင် ကားပွဲစားတန်းနဲ့ကား ရောင်းဝယ်ရေးစခန်းတွေမှာ သိပ်မတွေ့ရဘဲ ကားအရောင်းပြခန်းနဲ့ စင်တာတွေမှာပဲ ရနိုင်ပါတယ်။

အရောင်ပိုင်းမှာတော့ ပုလဲဖြူရောင် Cross Road တွေ အဝင်များပြီး ဈေးကွက်မှာ ၂၀၀၈ခုနှစ်ထုတ် ကီလို ၈ သောင်းကျော် မောင်းနှင်ပြီး မော်ဒယ်ကို သိန်း ၃၄၀ အခေါ် ရှိပါတယ်။

ဈေးကွက် အနေအထားအရ ရန်ကုန်လိုင်စင်အနေနဲ့ဆိုရင် ဈေးမာနိုင်ပေမယ့် နယ်လိုင်စင်အနေနဲ့ ဆိုရင်တော့ အကျဘက် မှာ ရှိမှာပါ။

Your Thoughts …
Tags: Cross Road
လင်းထက်(IA)

လင်းထက်(IA)

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မှတ်ဉာဏ်တို အားကောင်းစေဖို့

မှတ်ဉာဏ်တို အားကောင်းစေဖို့

ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသည့် ဗိုလ်ချုပ်ကြီးကျော်ဆွေ / မျိုးမင်းစိုး / ဧရာဝတီ

ဦးကိုနီ လုပ်ကြံသူများ နောက်ကွယ် မည်သူတွေ ရှိနေသနည်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved