• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပြည်ပ ဝယ်လိုအား ကျဆင်းနေ၍ မန္တလေး ပဲနှမ်း ဈေးကွက်ပျက်

by မြတ်ပြည့်ဖြိုး
25 April 2017
in စီးပွားရေး
A A
မန္တလေးပဲနှမ်း ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် ပြုလုပ်နေကြသည့် ကုန်သည်ပွဲစားများ  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးပဲနှမ်း ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် ပြုလုပ်နေကြသည့် ကုန်သည်ပွဲစားများ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

မန္တလေး ပဲဈေးကွက် အတွင်းရှိ ပဲမျိုးစုံမှာ အဓိကဝယ်လက် (တရုတ်နှင့် အိန္ဒိယနိုင်ငံ) တို့၏ ဝယ်လိုအား ကျဆင်းမှုကြောင့် အရောင်းအဝယ် ကျဆင်းနေပြီး အချို့ပဲများမှာ သင်္ကြန်ကာလပြီးနောက် ဈေးပိုမို ကျဆင်း လာကြောင်း မန္တလေး ပဲနှမ်း ကုန်စည်ဒိုင် ပြန်ကြားရေးအဖွဲ့မှ သိရသည်။

၂၀၁၆ခုနှစ်တွင် အိန္ဒိယက ပဲစင်းငုံနှင့် မတ်ပဲ တန်ချိန် ၂သောင်းခွဲစီ ဝယ်ယူခဲ့သည့်အတွက် တကျော့ပြန် ဦးမော့ခဲ့သည့် ပဲစင်းငုံဈေးသည် မန္တလေးဈေးကွက်တွင် သင်္ကြန်မတိုင်မီက သုံးတင်းဝင် တအိတ်လျှင် ကျပ် ၇၁၀၀၀ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၆၅၀၀၀ သာ ဈေးရှိတော့ကြောင်း မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာ ကထိန်တော် အသင်း (ပဲနှမ်းကုန်စည်ဒိုင်)မှ သိရသည်။

ပြည်တွင်း သုံးစွဲမှု နည်းပြီး အိန္ဒိယဝယ်လိုအားကိုသာ အားကိုးနေရသည့် ပဲစင်းငုံသည် ယခုနှစ်တွင် အရောင်းအဝယ် အေးကာ ဈေးနှုန်းတဖြည်းဖြည်း ကျဆင်းလာကြောင်း မန္တလေးဈေးကွက် အတွင်းမှ ကုန်သည်များထံမှ သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
236
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်နေသည့် ဆွေသဟာပွဲရုံမှ ကုန်သည်ဦးစောလွင်က “ပဲစင်းငုံရဲ့ အလားအလာကတော့ အိန္ဒိယဝယ်လိုအား ကောင်းရင်ကောင်းမှာပဲ၊ သူ့ဝယ်လိုအားတက်မလာဘဲ ပြည်တွင်းမှာပဲ ကုမ္ပဏီအချင်းချင်း ပခုံးပြောင်းနေမှာပဲဆိုရင် ဈေးကွက်က သိပ်မကောင်းနိုင်ဘူးလို့ ထင်တယ်” ဟု ပြောသည်။

အိန္ဒိယ၏ ငွေကြေးပြဿနာများ၊ ဒေသထွက် သီးနှံကုန်စည်များ ဈေးအရမ်းထိုးကျပါက တောင်သူနစ်နာမည် စိုး၍ လိုအပ်သည့် ပမာဏကိုသာ ပြည်ပမှ တင်သွင်းနေသည့်အတွက် ယခင်နှစ်များနှင့်ယှဉ်လျှင် ၎င်း၏ ဝယ်လိုအား ကျသွားခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ထို့အပြင် သင်္ကြန်မတိုင်မီက ကုန်သည်အများစုက ပဲစင်းငုံကို လှောင်ထားကြ၍ လက်ရှိတွင် လှောင်လက် အများစုလက်ထဲ၌ ကုန်ပစ္စည်းရှိနေခြင်း၊ အထက်မြန်မာပြည်တဝိုက်မှ ပဲစင်းငုံအသစ်များ ဈေးကွက်အတွင်းသို့ ဝင်လာခြင်းတို့ကြောင့်လည်း ဈေးနှုန်းပိုမို ကျဆင်းခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ပဲစင်းငုံဈေး ကျဆင်းသော်လည်း ပဲကြော်လုပ်ငန်းများတွင် အသုံးပြုရသည့့် ကုလားပဲ၊ ပဲကြီးဖြူတို့မှာ ပြည်တွင်း အသုံးများသောကြောင့် ယခင်နှစ်က ကုလားပဲ သုံးတင်းဝင် တအိတ်လျှင် ကျပ် ၁သိန်းဝန်းကျင်ရှိရာမှ ယခုနှစ်တွင် ၁၃၀၀၀၀ ကျပ်၊ ပဲကြီးဖြူ တအိတ်လျှင် ကျပ် ၁သိန်း ဝန်းကျင်ရှိရာမှ ၁၁၅၀၀၀ ကျပ်တို့ဖြင့် ဈေးကောင်း ရရှိလာ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မန္တလေး ပဲနှမ်းဈေးကွက်တွင် တရုတ်ဘက်မှ အဓိက ဝယ်ယူသည့် ပဲတီစိမ်း၊ နှမ်း၊ ပဲဆန်နှင့် ပြောင်းတို့မှာ ယခု နှစ်ဆန်းပိုင်းမှ စ၍ အားရလောက်သည့် အရောင်းအဝယ် မရှိတော့ကြောင်း သိရသည်။

မန္တလေး ကုန်စည်ဒိုင် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “လွန်ခဲ့တဲ့ သုံးနှစ်လောက်ကဆိုရင် တရုတ်က အထက်မြန်မာပြည်က ထွက်တဲ့ ပဲမှန်သမျှ အကုန်ဝယ်ကြတာ၊ အခုတော့ သူတို့ ဝယ်လိုအားကောင်းရင် ကောင်းသလို အဲဒီပဲတွေရဲ့ ဈေးကလည်း တက်လာလိုက် ပြန်ကျလိုက်နဲ့ ဈေးကွက်က မှန်းရခက်သွားတယ်” ဟု ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့သည့် ပဲနှမ်းဈေးနှုန်းများမှာ ပဲတီစိမ်း (ထိပ်စ) သုံးတင်းဝင် တအိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ နှမ်းနက် (စမုံ) ၁၃၃၀၀၀ ကျပ်၊ ပြောင်း (CP) ၁၈၅၀၀ ကျပ်ဝန်းကျင်နှင့် ပဲဆံ (S1)တပိဿာလျှင် ၂၄၅၀ ဝန်းကျင် ဈေးရှိကြောင်း မန္တလေးဈေးကွက်မှ သိရသည်။

Your Thoughts …
Tags: ပဲဈေးနှုန်း
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ယမန်နှစ် မိုးစပါးစိုက်ပျိုးရာသီက ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ လယ်သမားများ စပါးစိုက်ပျိုးမှုမြင်ကွင်း  / ဆလိုင်းသန့်စင် / ဧရာဝတီ

မြန်မာနှင့် ဂျပန်ပူးပေါင်း၍ မျိုးစပါး တင်း ၃ သောင်းကျော် ရောင်းချပေးနေ

ဆူးလေဘုရားကားမှတ်တိုင်တွင် YBS ယာဉ်လိုင်းများကို စောင့်ဆိုင်းစီနင်းနေကြသည့် ခရီးသွားပြည်သူများ / မျိုးမင်းစိုး / ဧရာဝတီ

၃ လ ကြာ YBS ကို ရန်ကုန်တိုင်း လွှတ်တော်အမတ်များ ဝေဖန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved