• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

နေနဲ့ အနီးဆုံးရောက်အောင် ဦးတည်ချဉ်းကပ်နေတဲ့ အာကာသယာဉ်

by ရေဗန်
13 August 2018
in IT
A A
နေကိုချဉ်းကပ်နေတဲ့ Parker Solar Probe  အာကာသယာဉ်

နေကိုချဉ်းကပ်နေတဲ့ Parker Solar Probe အာကာသယာဉ်

7.8k
VIEWS
Share on FacebookShare on Twitter

နေရဲ့အနားကို တတ်နိုင်သလောက် နီးကပ်အောင်သွားဖို့အတွက်ကတော့ သိပ္ပံပညာရှင်တွေရဲ့ အိပ်မက်ပဲ ဖြစ်ပါတယ်။ ဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ တဖြည်းဖြည်းလည်း နီးကပ်လာပါပြီလို့ ပြောရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အာကာသယာဉ်တစီးဟာ နေနဲ့အနီးကပ်ဆုံးလို့ သတ်မှတ်လို့ရတဲ့ နေရာအထိသွားနိုင်ခဲ့ပါပြီ။ ဒီယာဉ်ဟာ ကမ္ဘာကနေ ပို့လွှတ်သမျှ ပစ္စည်းတွေအားလုံးရဲ့ နီးကပ်နိုင်မှုကို ကျော်လွန်ပြီး ရောက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။

အကယ်လို့ ဒီချဉ်းကပ်မှုသာ အောင်မြင်ခဲ့မယ်ဆိုရင် Parker Solar Probe လို့ ခေါ်တဲ့ ဒီအာကာသယာဉ်ဟာ ဒီနှစ် နိုဝင်ဘာလလောက်မှာ နေရဲ့ရောင်ခြည်ဝန်းအထိ ကပ်နိုင်မယ်လို့ ဆိုပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာဆိုရင်တော့ နေမျက်နှာပြင်နဲ့ နေရောင်ခြည်ဝန်းကြား မိုင်ပေါင်း ၃ ဒဿမ ၈ သန်း အတွင်းထိ ကပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ ဒီအာကာသယာဉ်ကို ကာဗွန်နဲ့ အထူးပြုလုပ်ထားတဲ့ အပူနဲ့ ရောင်ခြည်ကာဒိုင်းတွေ တပ်ဆင်ထားပြီး တခြားအဆင့်မြင့် ပစ္စည်းတွေကို အသုံးပြုထားတယ်လို့လည်း သိရပါတယ်။

ဒီအာကာသယာဉ်ဟာ ၇ နှစ်ကျော်ကြာ အာကာသထဲမှာ ခရီးနှင်ခဲ့ပြီး ဒီခရီးစဉ်ဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

“နောက်ဆုံးမှာ နေနားကိုရောက်ခဲ့ပါပြီ။ လူသားတွေအတွက် နောင်နှစ်တွေ အများကြီးအထိ လေ့လာစရာတွေကို တွေ့ရှိတော့မှာပါ”လို့ အသက် ၉၁ နှစ်အရွယ် ဂြိုလ်ဖွဲ့စည်းမှုလေ့လာရေးပညာရှင် Eugene Parker ကဆိုပါတယ်။

ဂြိုလ်ဖွဲ့စည်းမှုလေ့လာရေးပညာရှင် Eugene Parker

ဒီပညာရှင်ဟာ လွန်ခဲ့တဲ့ နှစ် ၆၀ ကတည်းက နေရောင်ခြည်ဝန်းတည်ရှိခြင်းဆိုင်ရာ အယူအဆ၊နေရောင်ခြည်ဟာ အာကာသထဲမှာ ဖြတ်သန်းပြီး ကမ္ဘာကို လာရောက်ရိုက်ခတ်ခြင်းဆိုင်ရာ အယူအဆတွေကို လေ့လာနေခဲ့သူဖြစ်ပါတယ်။

ဒါကြောင့် အာကာသယာဉ်ကို ဒီသိပ္ပံပညာရှင်ရဲ့ အမည် Parker ကို အစွဲပြုပြီး Parker Solar Probe လို့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ Nasa ရဲ့ ပထမဆုံးအကြိမ် သက်ရှိလူတဦးကို အစွဲပြုပြီး အမည်ပေးခြင်းဖြစ်ပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146

ဒီအာကာသယာဉ်ဟာ စနေနေ့မနက်ခင်းမှာတော့ စက်ပစ္စည်းဆိုင်ရာ ချို့ယွင်းမှုတွေရှိခဲ့ပေမယ့် တနင်္ဂနွေနေ့မှာ အောင်မြင်စွာ ချဉ်းကပ်နိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ တက္ကသိုလ်အငြိမ်းစား ပါမောက္ခတဦးဖြစ်သူ Eugene Parker ရဲ့ ကြီးကြပ်မှုနဲ့ ပထမဆုံးလွှတ်တင်ခဲ့တဲ့ အာကာသယာဉ်ဖြစ်ပြီး သူက “အရင်က ဓာတ်ပုံထဲက ကြည့်နေရတဲ့ Taj Mahar ကို အခု အိန္ဒိယမှာ သွားကြည့်ရသလို ခံစားမှုရတယ်” လို့ Nasa TV မှာ ပြောဆိုခဲ့ပါတယ်။

“ကျနော် တချိန်လုံးရင်တမမနဲ့ ဖြစ်နေတဲ့ ဒီဒုံးပျံလွှတ်တင်မှုအောင်မြင်သွားတဲ့အတွက် ကျနော်မသိသေးတဲ့ နေပေါ်က စိတ်ဝင်စားစရာအကြောင်းတွေကို နောင် ၄၊ ၅ နှစ်အတွင်း ရှင်းရှင်းလင်းလင်းသိရတော့မယ်” လို့လည်း ထပ်သွင်း ပြောဆိုခဲ့ပါသေးတယ်။

နေရောင်ခြည်ဝန်းဟာ နေမျက်နှာပြင်ထက် အဆ ၁၀၀ ပိုမိုပူပြင်းမှုရှိလား၊ နေရဲ့ အလင်းရောင်ဟာ ဘာကြောင့် ပြန့်ကားလာတာလဲ စတဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တော့မယ် လို့ဆိုပါတယ်။

ဒီ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ဆိုတာ နေကိုချဉ်းကပ်နိုင်မှ ဖြစ်မယ်လို့ Johns Hopkins တက္ကသိုလ်မှ သိပ္ပံပညာရှင် Nicola Fox ကဆိုပါတယ်။

“ကျနော်တို့ ဒါတွေကို စောင့်ကြည့်လေ့လာနေတာကြာပါပြီ။ မာကျူရီဂြိုလ်ကို နီးနိုင်သလောက်နီးအောင်ကပ်နိုင်ခဲ့သလို နေကိုလည်း ကပ်နိုင်မယ် ထင်ပါတယ်” ဆိုပါတယ်။

Ref;bangkokpost.com

Your Thoughts …
Tags: Parker Solar Probeအာကာသယာဉ်
ရေဗန်

ရေဗန်

Similar Picks:

ချန်ဒရာယန်း ၂ ကို စတင်ပစ်လွှတ်စဉ်/Reuters

လ၏ တောင်ဝင်ရိုးစွန်းကို အိန္ဒိယ အာကာသယာဉ် လေ့လာနိုင်မည်ဟု မျှော်လင့်

by ဧရာဝတီ
23 July 2019
7k

လရဲ့တောင်ဝင်ရိုးစွန်းကို ဘေးကင်းကင်းနဲ့ အသေအချာ ဆင်းသက်နိုင်ဖို့ ၁၅ မိနစ်လောက် ထိတ်လန့်စရာတွေ ကျနော်တို့ ဖြတ်သန်းနေရဦးမှာပါ

Next Post
BTS အဖွဲ့ဝင်များနဲ့ ဝေဖန်ပြောဆိုသူ ဒါရိုက်တာ Joseph Kahn

ကိုရီးယား အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ BTS ကို ဒါရိုက်တာတဦး ဝေဖန်တိုက်ခိုက်

ဇေယျာဖြိုးမှ တရားလိုဘက်ရှေ့နေများအား အရေးယူပေးဖို့ တရားရုံးကို လျှောက်ထားဟု ဆို (ရုပ်/သံ)

ဇေယျာဖြိုးမှ တရားလိုဘက်ရှေ့နေများအား အရေးယူပေးဖို့ တရားရုံးကို လျှောက်ထားဟု ဆို (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved