• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

အသွင်း၊ အထုတ် လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ Vivo V15 Pro ကို မိတ်ဆက်

by Nigma
20 February 2019
in IT
A A
အသွင်း၊ အထုတ် လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ Vivo V15 Pro စမတ်ဖုန်း

အသွင်း၊ အထုတ် လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ Vivo V15 Pro စမတ်ဖုန်း

5.5k
VIEWS
Share on FacebookShare on Twitter

Vivo ဟာ ယခုနှစ်တွေအတွင်း စမတ်ဖုန်းလောကမှာ အသစ်အဆန်း ဒီဇိုင်းတွေ၊ နည်းပညာတွေကို လုပ်ပြနေတဲ့ ကုမ္ပဏီတခု ဆိုရင် မမှားပါဘူး။ NEX ဖုန်းတွေမှာ မော်တာတပ်ကင်မရာ ဆလိုက်ဒါစနစ်ကို စတင် မိတ်ဆက်ခဲ့သလို၊ မျက်နှာပြင်အောက် လက်ဗွေရာဖတ်စနစ်ကို အစောဆုံး ထည့်သွင်းနိုင်ခဲ့တဲ့ ကုမ္ပဏီတခုလည်း ဖြစ်ပါတယ်။

အခု ထပ်မံမိတ်ဆက်လိုက်တဲ့ V15 Pro ဖုန်းကတော့ အဆိုပါ နည်းပညာတွေကို မော်ဒယ်လတ် အမျိုးအစား ဖုန်းထဲမှာ ထည့်ထားတဲ့ဖုန်းတလုံးလို့ ဆိုရမှာပါ။

NEX S ဖုန်းမှာတုန်းက 8MP ဆန်ဆာကိုပဲ သုံးခဲ့ပေမယ့်၊ V15 Pro ရဲ့ Pop-up ကင်မရာက 32MP အထိ ဖြစ်သွားပါတယ်။ ဒါ့အပြင် ကျောဘက်ကင်မရာသုံးလုံးမှာ အဓိကကင်မရာဆန်ဆာကလည်း 48MP အထိ ဖြစ်သွားပြီး၊ f/1.8 အပါချာနဲ့ ဖြစ်ပါတယ်။ Exposure မတူညီတဲ့ ဓာတ်ပုံအများအပြားကို ပေါင်းစည်းကာ ကြည်လင်ပြတ်သားတဲ့ ညဘက်မြင်ကွင်းတွေကို ပေးစွမ်းမယ့် Super Night Mode လည်း ပါဝင်လာပါတယ်။

နောက်ထပ် တလုံးကတော့ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးပေးနိုင်မယ့် 8-megapixel Ultra-wide angel camera ပါ။ တတိယမြောက်ကတော့ 5MP Depth Sensor ဖြစ်ပါတယ်။

Vivo V15 Pro မှာ 6.39-inch Super AMOLED Display ကို အသုံးပြုထားပြီး၊ Display အပေါ်ဘက်မှာ ၂.၂၂ မီလီမီတာပဲ ရှိတဲ့ ဘောင်ကို တွေ့မြင်ရမှာပါ။ ဘေးဘက်ဘောင်တွေက ပိုသေးသွားပြီး၊ ၁.၇၅ မီလီမီတာပဲ ရှိပါတယ်။

ရုပ်ထွက်အရည်အသွေးကတော့ FHD+ (1080×2340 pixels) ရှိပါတယ်။ ဖုန်းတခုလုံးရဲ့ ကိုယ်ထည်နဲ့ စခရင်အချိုးအစားက ၉၁.၆၄ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုထားပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153

ဒါ့အပြင် Vivo V15 Pro ရဲ့ Display အောက်မှာ ပဉ္စမမြောက်မျိုးဆက် မျက်နှာပြင်အောက်လက်ဗွေရာဖတ် စနစ် ပါဝင်ပါတယ်။ ဖုန်းနားထောင်ခွက် Earpiece, Proximity နဲ့ Ambient Light sensors အားလုံးက Display အနောက်မှာ ဖြစ်ပါတယ်။ AMOLED Display ဖြစ်တာနဲ့ အညီ Always-On Mode ပါဝင်ပြီး၊ DCI-P3 Color Gamut လည်း ပြပေးနိုင်ပါတယ်။

Chipset အတွက် Snapdragon 675 AIE ကို အသုံးပြုထားပြီး၊ 6GB RAM ဒါမှမဟုတ် 8GB RAM နဲ့ 128GB Storage တို့ ပါဝင်လာမှာပါ။ Snapdragon 675 ကို ပထမဆုံး သုံးထားတဲ့ ဖုန်းဆိုလည်း မမှားပါဘူး။ Android 9 Pie စနစ် အခြေခံ Funtouch OS 9 နဲ့ ဖြစ်ပါတယ်။ ဖရိန်နှုန်း မကျဆင်းစေဘဲ ဂိမ်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် Game Mode 5.0 လည်း ထည့်ထားပါတယ်။

3,700mAh ဘက်ထရီကို အသုံးပြုထားပြီး၊ “Dual Engine” အားအမြန်သွင်းစနစ် အသုံးပြုနိုင်မှာပါ။ အား ၀ ကနေ ၂၄ ရာခိုင်နှုန်းကို ၁၅ မိနစ်အတွင်း သွင်းပေးနိုင်တယ်လို့ ဆိုထားပါတယ်။ USB-C (USB 2.0) Port နဲ့ပါ။ 3.5mm Audio ပေါက်ကိုတော့ ဖုန်းအပေါ်ဘက်မှာ ထားပေးထားပါတယ်။

Vivo V15 Pro ရဲ့ နောက်ထပ်ထူးခြားချက်တခုကတော့ Google Assistant နဲ့ Jovi တို့ ခေါ်သုံးနိုင်မယ့် သီးသန့် Smart Button ခလုတ် ပါဝင်လာတာပါ။ တချက်နှိပ်ရင် Assistant ၊ နှစ်ချက်ဆို Jovi Image Recognizer တက်လာပါမယ်။ Jovi Image Recognizer က နာမည်ကြီး e-commerce ဆိုဒ်ပေါင်း ၁၀၀ ကျော်က ပစ္စည်းတွေကို ရှာဖွေပေးနိုင်ပါတယ်။

V15 Pro ရဲ့ ကျောဘက်ကိုတော့ လှိုင်းဂယက်လေးတွေ ထနေတဲ့ ပုံစံ Spectrum Ripple Design ကို အသုံးပြုထားကာ၊ အပြာရောင် Topaz Blue နဲ့ အနီရောင် Coral Red ဆိုပြီး နှစ်ရောင် ထုတ်မှာပါ။ ဒေါ်လာ ၄၀၀ လောက် ကျသင့်ပါမယ်။ ယနေ့ကစ Pre-order မှာယူနိုင်ပြီး၊ မတ်လ ၆ ရက်နေ့မှ ရမယ်လို့ သိရပါတယ်။

Ref: GSM Arena

Your Thoughts …
Tags: Vivo V15 Pro
Nigma

Nigma

Contributor

Similar Picks:

No Content Available
Next Post
၁၉၈၆ ခုနှစ်က တွေ့ရသည့် အန်ဒရူး ရေးနက်နှင့် ၂၀၀၉ခုနှစ်က ထုပ်ဝေခဲ့သည့် သူ၏စာအုပ်

မြန်မာ့ပန်းချီသမိုင်း ပြုစုခဲ့သူ အင်ဒရူး ရေးနက် ကွယ်လွန်

တရုတ် ပိုးလမ်းမ စီမံကိန်း မြန်မာအတွက် အကျိုးရှိနိုင်၍ ပါဝင်ရန် ဆုံးဖြတ်ထား(ရုပ်/သံ)

တရုတ် ပိုးလမ်းမ စီမံကိန်း မြန်မာအတွက် အကျိုးရှိနိုင်၍ ပါဝင်ရန် ဆုံးဖြတ်ထား(ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved