လက်ရှိမှာ အမေရိကန် အခြေစိုက် Fordကနေ ပြည်တွင်းမှာ Showroomလာရောက်ဖွင့်လှစ်ရောင်းချနေတာ တွေ့နိုင်သလို ပြင်ပ ဈေးကွက်ကိုလည်း Fordရဲ့ မော်ဒယ်တွေ တင်သွင်းရောင်းချမှုတွေ ရှိနေတာ တွေ့နိုင်ပါ တယ်။
ဒီထဲကမှာ လက်ရှိမှာ Toyota Hilux Vigoတွေနဲ့ အပြိုင်လည်းဖြစ်၊ Fordရဲ့ လက်ရှိ ပြည်တွင်းမှာ လူစီးအများဆုံး လည်း ဖြစ်တဲ့ မော်ဒယ် Rangerအကြောင်းကို အခု နည်းနည်းလောက် ပြောပြချင်ပါတယ်။ Ford Ranger ရဲ့ ထုတ်လုပ်မှု သမိုင်းကို ပြန်ပြောချင်တာပါ။
Fordရဲ့ ထုတ်လုပ်မှု မော်ဒယ် တခု ဖြစ်ပြီးတော့ အဓိက အနေနဲ့ ဒီနာမည်ရဲ့ အောက်မှာ မော်ဒယ်ခွဲ သုံးမျိုးကို အဓိက ထုတ်လုပ်ရောင်းချနေတာ တွေ့နိုင်ပါတယ်။ သက်တမ်းရင့် မော်ဒယ် တစ်ခု ဖြစ်သလို ရှေ့ပိုင်းမှာ Edsel Ranger အမည်နဲ့ ထုတ်လုပ်ခဲ့တာ တွေ့နိုင်သေးသလို နောက်ပိုင်း ၁၉၆၅ခုနှစ်ကနေ ၁၉၈၁ခုနှစ် အတွင်း Ranger ကိုပဲ F-Seriesပုံစံနဲ့ မြောက်အမေရိက ဈေးကွက်မှာ ရောင်းချခဲ့သေးတာလည်း တွေ့နိုင်ပါတယ်။
ထုတ်လုပ်မှု အနေနဲ့တော့ အဓိကပုံစံ နှစ်ခုရှိပြီး အမေရိကမှာပဲ ထုတ်လုပ်ရောင်းချတဲ့ ပုံစံနဲ့ တစ်ကမ္ဘာလုံး ဈေးကွက်ထိအောင် တင်ပို့ရောင်းချတဲ့ ပုံစံဆိုပြီး ခွဲခြားတာ တွေ့ရပါတယ်။ အထက်မှာ ပြောခဲ့သလို F-Seriesပုံစံနဲ့ရော Edsel Rangerအနေနဲ့ရော မဟုတ်တော့ပဲ Rangerရယ်လို့ သတ်သတ်မှတ်မှတ် ခွဲခြား သတ်မှတ်လိုက်တာကတော့ ၁၉၈၃ခုနှစ်လို့ ဆိုရမှာပါ။
အမေရိက ဈေးကွက်အတွင်း ၁၉၈၃ခုနှစ်ကနေ ၂၀၁၂ခုနှစ်ထိအောင် Rangerတွေ ထုတ်လုပ် ရောင်း ချခဲ့ပါတယ်။ အထူးသဖြင့်တော့ မြောက်အမေရိက ဈေးကွက်အတွက် ဖြစ်ပြီး ၂၀၀၁၊ ၂၀၀၄နဲ့ ၂၀၀၆ခုနှစ်ထုတ် မော်ဒယ်တွေမှာ အဆင့်မြှင့်တင် ထုတ်လုပ်ရောင်းချမှုမျိုး တွေ့ရပါတယ်။ အမေရိက ဈေးကွက်အတွက် Ranger ရဲ့ နောက်ဆုံး မော်ဒယ်ကိုတော့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့က စိန့် ပေါလ်မှာရှိတဲ့ Minnesota စက်ရုံ က နေ ထုတ်လုပ် ရပ်နားလိုက်တော့ ဖြစ်ပါတယ်။
နိုင်ငံတကာ ဈေးကွက်အတွက်ကိုတော့ ၁၉၉၈ခုနှစ်ကနေ လက်ရှိ အချိန်ထိအောင် ထုတ်လုပ်ရောင်းချနေဆဲ ဖြစ် ပြီး Mazda B-Seriesကို အခြေခံပြီး ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီမော်ဒယ်တွေမှာ မျိုးဆက် ပြောင်း လဲ ထုတ်လုပ်မှုတွေ ရှိခဲ့ပြီး ဒုတိယမျိုးဆက်ဖြစ်တဲ့ ၂၀၀၆ခုနှစ်ကနေ ၂၀၁၁ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ မော်ဒယ် တွေ ဆိုရင် Mazdaကနေပဲ ဒီဇိုင်းရေးဆွဲပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒုတိယ မျိုးဆက် မော်ဒယ်တွေက Mazda BT-50 မော်ဒယ်နဲ့ ဆင်တူနေတာလည်း ဖြစ်ပါတယ်။ တတိယ မျိးဆက်ကတော့ Ford Australiaကနေ ဒီဇိုင်းရေးဆွဲ ပေးခဲ့ပြီး ၂၀၁၁ခုနှစ်ကတည်းက ထုတ်လုပ် နေတာ ဖြစ်သလို ဒုတိယမျိုးဆက်ရဲ့ အငွေ့အသက်တွေ မကင်းသေးပေမယ့် လက်ရှိ အချိန်ထိအောင် လူကြိုက် များ နေဆဲ ဖြစ်နေတာ ဖြစ်ပါတယ်။
နောက်ပြီး Rangerဟာ Fordရဲ့ နောက်ထွက် SUV မော်ဒယ် Everestနဲ့ တည်ဆောက်မှုချင်း ဆင်တူသလို ရှေ့ ထွက် မော်ဒယ် သရုပ်ပြ မော်ဒယ် အနေနဲ့ ရပ်တည်နိုင်ခဲ့ပြီး များစွာသော ဆင်တူတဲ့ အချက်တွေနဲ့ တည် ဆောက် ထားတာ တွေ့နိုင်ပါတယ်။