• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ရေဗက္ကာဝင်းရဲ့ ကချင်သီချင်းခွေ “Maka”

by ယုဖြူဟန်
13 February 2018
in Entertainment
A A
အဆိုတော် ရေဗက္ကာဝင်း  / ယုဖြူဟန် / ဧရာဝတီ

အဆိုတော် ရေဗက္ကာဝင်း / ယုဖြူဟန် / ဧရာဝတီ

4.6k
VIEWS
Share on FacebookShare on Twitter

ပရိသတ်တွေနဲ့ နှစ်တော်တော်ကြာကြာ ဝေးကွာနေခဲ့တဲ့ အဆိုတော် ရေဗက္ကာဝင်းဟာ ကချင်ဘာသာနဲ့ သီဆိုထားတဲ့ တကိုယ်တော်သီချင်းခွေ “Maka”ထဲမှ သီချင်းများမှာ ကချင်ဘာသာနဲ့ သီဆိုထားပေမယ့် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ ပြောပါတယ်။

“ကချင်ဘာသာနဲ့ ထုတ်တယ်ဆိုတာက ဒီနိုင်ငံမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအကုန်လုံးကို ကိုယ်စား ပြုပါတယ်။ ကချင်လူမျိုး တခုထဲကို ကိုယ်စားပြုတာမဟုတ်ပါဘူး။ တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်ရှိတဲ့ ယဉ်ကျေးမှုတွေ၊ ဝတ်စားဆင်ယဉ်မှုတွေ၊ ထုံးတမ်းစဉ်လာတွေ၊ ဂီတအနုပညာတွေ စာပေဘာသာ စကားတွေ အသီးသီး ရှိကြပါတယ်။ အဲဒီဟာကို အနုပညာအဖြစ်ပြောင်းပြီးတော့ တနိုင်ငံလုံး နားဆင်လို့ ရအောင် တခြားတိုင်းရင်းသားအခွေတွေလည်း ဈေးကွက်ကျယ်ပြန့်သွားအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထုတ်တာပါ” လို့ အဆိုတော် ရေဗက္ကာဝင်းက ပြောပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
477
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
357
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.9k

အဆိုပါ ကချင်ဘာသာစကားနဲ့ သီဆိုထားတဲ့ Maka အခွေထဲမှာ သီချင်းစုစုပေါင်း ၁၁ ပုဒ် ပါဝင်ပြီး သီချင်းများကိုလည်း Music Video ရိုက်ကူးထားကာ သီချင်းစာသားများကိုလည်း ပရိသတ်များ နားလည်နိုင်စေရန်အတွက် မြန်မာဘာသာပြန်ကာ စာတန်းထိုးပေးထားတယ်လို့ သိရပါတယ်။

“ဒီအခွေ ခေါင်းစဉ်လေးရဲ့ မြန်မာလို အဓိပ္ပာယ်ကတော့ ရေဗက္ကာရဲ့ အရောင်အသွေး၊ အရောင်အဆင်း ပုံရိပ်၊ အဲဒီလိုသဘောမျိုးကို အမည်ရပါတယ်။ တိုင်းရင်းသားအခွေဆိုရင် တိုင်းရင်းသားတွေထဲမှာပဲ ပြီးသွားတာ မဟုတ်ဘဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် တခြားလူမျိုးတွေရော အားလုံးနားထောင်လို့ရတဲ့ အနေအထားအထိ ဈေးကွက်ရော နားထောင်တဲ့သူတွေရော ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်တယ်” လို့ ရေဗက္ကာဝင်းက ပြောပါတယ်။

တေးသံရှင် ရေဗက္ကာဝင်းကို ပရိသတ်များက သူမရဲ့သီချင်းအသစ်များနဲ့ တကိုယ်တော်အခွေကို မျှော်လင့် ထားကြပြီး ယခုထွက်ရှိလာတဲ့အခါ ကချင်ဘာသာစကားနဲ့ သီဆိုထားတဲ့ သီချင်းများ ထွက်လာတဲ့အပေါ် မြန်မာသီချင်းများ နားထောင်ချင်တဲ့ ပရိသတ်များအတွက် “မြန်မာအချစ် သီချင်းတွေလည်း လုပ်နေပါတယ်။ အရင်တုန်းက သီချင်းတွေနဲ့ ယှဉ်ရင် ဂီတပုံစံက တော်တော်လေး ပြောင်းလဲမှု ရှိသွားပါပြီ။ အဲဒီ သီချင်းခွေ ထွက်လာရင်လည်း အားပေးကြပါ။ တော်တော်များများတော့ ပြီးနေပါပြီ။ ကချင်ခွေ အရင် ထွက်လိုက်တဲ့ အခါ ကျတော့ ခဏနားလိုက်တဲ့ သဘောပါ။ အဲဒါလည်း အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားမှာပါ” လို့ ရေဗက္ကာဝင်းက ပြောပါတယ်။

အဆိုတော် ရေဗက္ကာဝင်းရဲ့ ကချင်ဘာသာစကားနဲ့ သီဆိုထားတဲ့ ပထမဆုံး တကိုယ်တော် တေးသီချင်းခွေ “Maka” သီချင်း Album မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဆာကူရာတာဝါမှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Your Thoughts …
Tags: Maka သီချင်းခွေရေဗက္ကာဝင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အဆိုတော် ရေဗက္ကာဝင်း  / Rebecca Win's Facebook

နေရွှေသွေးအောင်နဲ့ ဓာတ်ပုံအကြောင်း ပြန်ရှင်းပြလိုက်တဲ့ ရေဗက္ကာဝင်း

by ဧရာဝတီ
2 June 2021
25.7k

“ကျမ အကောင့် ဟက်ခံရတာ လုံးဝ မဟုတ်ပါဘူးရှင်။ ကျမအနေနဲ့ ပြည်သူလူထုကို ၁၇ နှစ်လုံးလုံး တတ်နိုင်တဲ့ဘက်က စေတနာ၊ မေတ္တာနဲ့ အလုပ်အကျွေး ပြုခဲ့ပါတယ်”

အဆိုတော် ရေဗက္ကာဝင်း  / ဝေဝေနှင်း / ဧရာဝတီ

“သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ရင် ပရိသတ် အမုန်းခံရတယ်”လို့ ရေဗက္ကာဝင်း ပြော

by ချစ်ပိုး
18 February 2020
7.2k

“ပရိသတ်ကလည်း သူတို့ရဲ့ ထင်မြင်ယူဆချက် ပေးပိုင်ခွင့် ရှိတယ်။ ဒီလူဆိုတာ ကောင်းကောင်း၊ မကောင်းကောင်း သူတို့ ကြိုက်တယ်ဆိုရင် Vote မှာပဲလေ။ ဒါကိုလည်း ကျမတို့က လက်ခံရမယ်။

အဆိုတော် ရေဗက္ကာဝင်း  / ယုဖြူဟန် / ဧရာဝတီ

“ပြန်ဆိုတေးပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သီချင်းပဲ ဖြစ်ဖြစ် အားပေးပါတယ်”လို့ ပြောတဲ့ ရေဗက္ကာဝင်း

by ယုဖြူဟန်
24 June 2019
62.6k

တကယ်တမ်းပြောရရင် ကျမတို့က အဆိုတော်တွေဖြစ်ကြပေမယ့် ကျမတို့ခေတ်တုန်းက ပြန်ဆိုတေးတွေနဲ့ အဆိုတော်လုပ်ခဲ့ကြရတယ်လေ။

အဆိုတော် ရေဗက္ကာဝင်း  / ယုဖြူဟန် / ဧရာဝတီ

Show ပွဲတွေ မဆိုဖြစ်တာ ၈ နှစ်ခန့်ရှိပြီဖြစ်တဲ့ အဆိုတော် ရေဗက္ကာဝင်း

by ယုဖြူဟန်
1 October 2019
6.8k

“၄ယောက်တွဲ Mini Concert ကတော့ အခုလာမယ့် ခရစ္စမတ်ကျရင် Yangon Yangon Bar မှာပဲဖျော်ဖြေမှာပါ။ ဒီလို ၄ ယောက်တွဲပွဲက တခါမှမလုပ်ဖူးဘူး။ ဒါက ပထမဆုံးအကြိမ်ပါ။

အဆိုတော် ရေဗက္ကာဝင်းနဲ့ ဂျပန် အဆိုတော် မိုရီဆာကီဝင်း / ယုဖြူဟန် / ဧရာဝတီ

မိုရီဆာကီဝင်းနဲ့ TV Program တခု ရိုက်ကူးနေတဲ့ အဆိုတော် ရေဗက္ကာဝင်း

by မန်းသူ
4 July 2018
11.3k

အဆိုပါ TV Program မှာ ရေဗက္ကာဝင်းနဲ့အတူ ဂျပန် အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်းနဲ့ မြန်မာ ဟာသ သရုပ်ဆောင် အရိုင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။

Next Post
အလွတ်ကျက်ထားတယ်

အလွတ်ကျက်ထားတယ်

ဆံကေသာ အတွက် ဘာကြောင့် သစ်သားခေါင်းဘီးကို သုံးသင့်တာလဲ

ဆံကေသာ အတွက် ဘာကြောင့် သစ်သားခေါင်းဘီးကို သုံးသင့်တာလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate