• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Show ပွဲတွေ မဆိုဖြစ်တာ ၈ နှစ်ခန့်ရှိပြီဖြစ်တဲ့ အဆိုတော် ရေဗက္ကာဝင်း

by ယုဖြူဟန်
1 October 2019
in Entertainment
A A
အဆိုတော် ရေဗက္ကာဝင်း  / ယုဖြူဟန် / ဧရာဝတီ

အဆိုတော် ရေဗက္ကာဝင်း / ယုဖြူဟန် / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

ဂီတလောကထဲမှာ ကိုယ်ပိုင်စတိုင်တခုနဲ့ သီချင်းများသီဆိုလေ့ရှိတဲ့ ကချင်တိုင်းရင်းသူ အဆိုတော်တယောက်ဖြစ်တဲ့ ရေဗက္ကာဝင်းကတော့ Show ပွဲများ မဆိုဖြစ်တာ ၈ နှစ်ခန့်ရှိပြီလို့ သိရပါတယ်။

“ကြားထဲမှာ ၈ နှစ်လောက် မဆိုဖြစ်ဘူး။ အဓိကက ကျောင်းတက်တယ်။ မာစတာ တက်လိုက်တယ်။ ပြီးတော့ အိမ်ထောင် ကျသွားတယ်။ တခြားစီးပွားရေးအလုပ်တွေ လုပ်လိုက်တဲ့အခါကျတော့ နယ်ကိုသွားဖို့အဆင်မပြေဘူးဖြစ်သွားတာ နေ့တိုင်း ကျောင်းက တက်ရတယ်။ တနင်္လာကနေ သောကြာထိ တက်ရတယ်။ အဆိုင်းမန့်တွေလည်း ရှိတယ်”

“စာမေးပွဲတွေလည်း ရှိတယ်။ အဲ့တော့ကျောင်းကိုပဲ အဓိကထားလိုက်တာဖြစ်တဲ့အတွက် နယ်ကိုလုံးဝမသွားနိုင်ဘဲနဲ့ ရန်ကုန်မှာပဲနေဖြစ်တော့ သီချင်းဆိုတာနဲ့ ဝေးသွားတာပါ” လို့ အဆိုတော် ရေဗက္ကာဝင်းကပြောပါတယ်။

မကြာခင်မှာတော့ အဆိုတော် ယုဇန၊ ခင်ဘုဏ်း၊ ရှင်ဖုန်းတို့နဲ့အတူ ၄ယောက်တွဲ သီချင်းခွေ ထွက်ဖို့ရှိပြီး အခွေထွက်ပြီးပါကလည်း Mini Concert တခု ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။

“၄ယောက်တွဲ Mini Concert ကတော့ အခုလာမယ့် ခရစ္စမတ်ကျရင် Yangon Yangon Bar မှာပဲဖျော်ဖြေမှာပါ။ ဒီလို ၄ ယောက်တွဲပွဲက တခါမှမလုပ်ဖူးဘူး။ ဒါက ပထမဆုံးအကြိမ်ပါ။ သီချင်းတွေကတော့ ၄ ယောက်တွဲသီချင်းမှာပါတဲ့ သီချင်းတွေပေါ့။ ၂ ပုဒ်စီကိုတော့ ဆိုဖြစ်အောင် ဆိုမယ်။ တခြားသီချင်းအသစ်တွေရယ် ပရိသတ်ကြိုက်မယ့် သီချင်းတွေရယ် ဆိုမှာပါ” လို့ ရေဗက္ကာဝင်းကပြောပါတယ်။

ရေဗက္ကာဝင်းက သူ့ရဲ့စိတ်လှုပ်ရှားမှုကိုလည်း “သီချင်းမဆိုရတာကြာလို့ တော်တော်လေး စိတ်လှုပ်ရှားပါတယ်။ ဒါပေမယ့် ပရိသတ်တွေ အားပေးမယ်ဆိုရင်တော့ အဆင်ပြေသွားမယ် ထင်ပါတယ်” လို့ ပြောပါတယ်။

ကချင်ဘာသာနဲ့ဆိုထားတဲ့ တကိုယ်တော် သီချင်းခွေထွက်ထားတဲ့ ရေဗက္ကာဝင်းကတော့ ညီမဝမ်းကွဲဖြစ်သူ L ဆိုင်းဇီနဲ့လည်း ကချင်ဘာသာအတွဲခွေ တခွေထွက်ဖို့ရှိတယ်လို့ သိရပါတယ်။

“ကချင်အတွဲခွေ တခွေ အောက်တိုဘာထဲမှာပဲ ထွက်ဖို့ရှိတယ်။ Page ကနေပဲ Music Video ကိုတင်လိုက်ကြမယ်။ ပြီးတော့ နိုဝင်ဘာထဲမှာပဲ မယုဇန ၊ မခင်ဘုဏ်း ၊ ရှင်ဖုန်းရယ်၊ ရေဗက္ကာရယ် ၄ ယောက် ပေါင်းပြီးတော့မှ သီချင်းအသစ် တပုဒ်တင်ဖို့ရှိတယ်။ ဒီဇင်ဘာထဲမှာ ၄ယောက်ပေါင်းပြီး အခွေထွက်ဖို့လည်း ရှိတယ်။ Mini Concert လေးလုပ်ဖို့ ရှိပါတယ်” လို့ ရေဗက္ကာဝင်းကပြောပါတယ်။

ဂီတသက်တမ်းတလျှောက် တကိုယ်တော်အခွေကို ကချင်ဘာသာနဲ့သာ ထုတ်ထားဖူးတာကြောင့် မြန်မာလိုဆိုထားတဲ့ တကိုယ်တော်အခွေကိုလည်း ဇန်နဝါရီလမှာ ထုတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

“ဒီတခေါက် တကိုယ်တော်အခွေကတော့ မြန်မာလို ထုတ်မှာပါ။ သီချင်းတွေကတော့ ၆ပုဒ်လောက် ပြီးသွားပါပြီ။ အချောပြီးပြီပေါ့။ ၁၀ ပုဒ်၊ ၁၁ ပုဒ်လောက် ပါမယ်ဆိုတော့ နောက်ထပ် ၅ ပုဒ်၊ ၆ ပုဒ်လောက်တော့ လုပ်ရဦးမှာပါ။ အရင်က ဆိုနေကျပုံစံလည်း ပါမယ်။ ထူးခြားတဲ့ပုံစံဆိုတာထက် Current ဖြစ်တာတွေလည်း ထည့်ဖို့အတွက် စိတ်ကူးထားပါတယ်။ သီချင်းတွေက ကိုယ်တိုင်ရေးတာလည်း ပါတယ်” လို့ ရေဗက္ကာဝင်းက ပြောပါတယ်။

သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတခုကို တည်ဆောင်ထားတဲ့ ရေဗက္ကာဝင်းကတော့ ကလေးယူဖို့အတွက် အစီအစဉ် မရှိသေးတဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“တကိုယ်တော်အခွေ မထွက်ရသေးဘူး။ ဇန်နဝါရီမှာ ထွက်ဖို့အတွက် လုပ်ထားတယ်။ တကိုယ်တော်ပွဲလည်း စီစဉ်နေပါတယ်။ ဆိုဦးမယ်ပေါ့။ လောလောဆယ် ဒီ ၆ လအတွင်းမှာတော့ ကလေးမယူဖြစ်သေးပါဘူး” လို့ ပြောပါတယ်။

Your Thoughts …
Tags: Show ပွဲရေဗက္ကာဝင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အဆိုတော် ရေဗက္ကာဝင်း  / Rebecca Win's Facebook

နေရွှေသွေးအောင်နဲ့ ဓာတ်ပုံအကြောင်း ပြန်ရှင်းပြလိုက်တဲ့ ရေဗက္ကာဝင်း

by ဧရာဝတီ
2 June 2021
25.7k

“ကျမ အကောင့် ဟက်ခံရတာ လုံးဝ မဟုတ်ပါဘူးရှင်။ ကျမအနေနဲ့ ပြည်သူလူထုကို ၁၇ နှစ်လုံးလုံး တတ်နိုင်တဲ့ဘက်က စေတနာ၊ မေတ္တာနဲ့ အလုပ်အကျွေး ပြုခဲ့ပါတယ်”

အဆိုတော် ရေဗက္ကာဝင်း  / ဝေဝေနှင်း / ဧရာဝတီ

“သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ရင် ပရိသတ် အမုန်းခံရတယ်”လို့ ရေဗက္ကာဝင်း ပြော

by ချစ်ပိုး
18 February 2020
7.2k

“ပရိသတ်ကလည်း သူတို့ရဲ့ ထင်မြင်ယူဆချက် ပေးပိုင်ခွင့် ရှိတယ်။ ဒီလူဆိုတာ ကောင်းကောင်း၊ မကောင်းကောင်း သူတို့ ကြိုက်တယ်ဆိုရင် Vote မှာပဲလေ။ ဒါကိုလည်း ကျမတို့က လက်ခံရမယ်။

အကယ်ဒမီ ချိုပြုံး  / ဧရာဝတီ

အသက် ၇၅နှစ်ပြည့်မှာ Show ပွဲလုပ်ဖို့ စိတ်ကူးထားတဲ့ အကယ်ဒမီ ချိုပြုံး

by ယုဖြူဟန်
10 February 2020
6.4k

“လူတွေတော်တော်များများက မြန်မာသံတွေ ကျသွားတယ် ထင်ကြတယ်။ မကျပါဘူး။ မြန်မာသံအဆိုတော်တွေက နေရာတကာတော့ မသွားနိုင်တော့တာ အမှန်ပဲ။ အသက်တွေကြီးကြပြီလေ။

အဆိုတော် ရေဗက္ကာဝင်း  / ယုဖြူဟန် / ဧရာဝတီ

တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ရေဗက္ကာဝင်းရဲ့ ကချင်သီချင်းခွေ “Maka”

by ယုဖြူဟန်
13 February 2018
4.6k

“ကချင်ဘာသာနဲ့ ထုတ်တယ်ဆိုတာက ဒီနိုင်ငံမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအကုန်လုံးကို ကိုယ်စား ပြုပါတယ်။ ကချင်လူမျိုး တခုထဲကို ကိုယ်စားပြုတာမဟုတ်ပါဘူး”

အဆိုတော် ရေဗက္ကာဝင်း  / ယုဖြူဟန် / ဧရာဝတီ

“ပြန်ဆိုတေးပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သီချင်းပဲ ဖြစ်ဖြစ် အားပေးပါတယ်”လို့ ပြောတဲ့ ရေဗက္ကာဝင်း

by ယုဖြူဟန်
24 June 2019
62.6k

တကယ်တမ်းပြောရရင် ကျမတို့က အဆိုတော်တွေဖြစ်ကြပေမယ့် ကျမတို့ခေတ်တုန်းက ပြန်ဆိုတေးတွေနဲ့ အဆိုတော်လုပ်ခဲ့ကြရတယ်လေ။

အဆိုတော် ရေဗက္ကာဝင်းနဲ့ ဂျပန် အဆိုတော် မိုရီဆာကီဝင်း / ယုဖြူဟန် / ဧရာဝတီ

မိုရီဆာကီဝင်းနဲ့ TV Program တခု ရိုက်ကူးနေတဲ့ အဆိုတော် ရေဗက္ကာဝင်း

by မန်းသူ
4 July 2018
11.3k

အဆိုပါ TV Program မှာ ရေဗက္ကာဝင်းနဲ့အတူ ဂျပန် အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်းနဲ့ မြန်မာ ဟာသ သရုပ်ဆောင် အရိုင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။

Next Post
အာဏာပိုင်တွေဟာ နိုင်ငံတွင်းထုတ်လုပ်ထားတဲ့ ၃၂ လက်မ LCD တီဗီ တွေကို စီမံချက်နဲ့ အခမဲ့ ပေးဝေနေတာ ဖြစ်ပါတယ်

စစ်ရေးပြအခမ်းအနား ကြည့်ရှုဖို့အတွက် တီဗီတွေ အခမဲ့ပေးခဲ့တဲ့ တရုတ်အစိုးရ

သရုပ်ဆောင် စည်သူဝင်း / ဧရာဝတီ

တင်မောင်ကျော် ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့လို့ ချီးကျူးခံနေရတဲ့ စည်သူဝင်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved