အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ ပြည့် တရုတ်အမျိုးသားနေ့မှာ ကျင်းပမယ့် စစ်ရေးပြ အခမ်းအနားကို ကြည့်ရှုနိုင်ဖို့အတွက် ဆင်းရဲနွမ်းပါးပြီး တီဗီ မရှိတဲ့ အိမ်ထောင်စုပေါင်း ၆၂၀,၀၀၀ ကျော်ခန့်ကို တရုတ်အစိုးရဟာ တီဗွီတွေ အခမဲ့ပေးဝေခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ရေးပြ အခမ်းအနားအတွက် ကြည်း၊ရေ၊လေ တပ်မတော်အသိုင်းအဝိုင်းက ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေကို ပြုလုပ်နေခဲ့တာဖြစ်ပြီး တမူထူးခြားတဲ့ စစ်ရေးပြအခမ်းအနားအတွက် တက်တက်ကြွကြွ ပြင်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလိုတမူထူးခြားတဲ့ စစ်ရေးပြအခမ်းအနားကို ကြည့်ရှုနိုင်ဖို့အတွက် အာဏာပိုင်တွေဟာ နိုင်ငံတွင်းထုတ်လုပ်ထားတဲ့ ၃၂ လက်မ LCD တီဗီ တွေကို စီမံချက်နဲ့ အခမဲ့ ပေးဝေနေတာဖြစ်ပြီး တီဗီ လက်ခံရရှိသူတွေကို အခွန်ကောက်ခံမှာ မဟုတ်သလို အခမဲ့ ကြည့်ရှုခွင့်တွေလည်း ပေးသွားမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံသတင်းဌာနတွေရဲ့ ဖော်ပြထားသလို The Publicity Department of The CPC Central Committee ရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ဖော်ပြထားပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ဒီလိုမျိုး တီဗီတွေ အခမဲ့ပေးဝေလိုက်တာကြောင့် နိုင်ငံမှာရှိတဲ့ မိသားစုတိုင်း စစ်ရေးပြအခမ်းအနားကို ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီစစ်ရေးပြအခမ်းအနားကို တရုတ်နိုင်ငံသမ္မတ Xi Jinping ကိုယ်တိုင်တက်ရောက်ပြီး အလေးပြုချီတက်မှုကို ခံယူမှာဖြစ်တယ်လို့လည်း သိရပါတယ်။ တပ်စု ၅၉ ခုက တိုက်လေယဉ် ၁၆၀ ကျော်၊ အသစ်ထုတ်လုပ်ထားတဲ့ လက်နက်ပေါင်း ၅၈၀ ကျော်၊ စစ်သား ၁၅၀၀၀ နဲ့ ဒရုန်းတွေလည်း ပါဝင်လိမ့်မယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘေဂျင်းမြို့မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး Cai Zhijun က ပြောကြားခဲ့ပါတယ်။
Ref. www.msn.com
You may also like these stories:
မနက်ဖြန် ကျရောက်မယ့် အိန္ဒိယနိုင်ငံရဲ့ Republic Day