• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

UWSA ၏ စစ်ရေးပြ အခမ်းအနား စင်ပြိုင်အစိုးရ ပုံပေါက်နေ၍ သည်းခံနေရဟု တပ်မတော်ပြော

by ထက်နိုင်ဇော်
2 June 2019
in သတင်း
A A
ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ - ) / မျိုးမင်းစိုး / ဧရာဝတီ

ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ - ) / မျိုးမင်းစိုး / ဧရာဝတီ

77.5k
VIEWS
Share on FacebookShare on Twitter

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ၎င်းထိန်းချုပ်ရာ ပန်ဆန်းတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြအခမ်းအနားသည် စင်ပြိုင် အစိုးရ၊ စင်ပြိုင် တပ်မတော်ပုံစံ ပေါက်နေ၍ မြန်မာ့ တပ်မတော်က အဆုံးစွန် သည်းခံနေရသည့် အနေအထား ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားတွင် UWSA က စက်လက်နက် ပစ္စည်း အပြည့်အစုံဖြင့် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် စိုးနိုင်ဦးက “ဝ ရဲ့ စစ်ရေးပြ အခမ်းအနားမှာ လက်နက် ကိုင်ဆောင်ပြီးတော့ စစ်ရေး ပြခဲ့တာ ရှိပါတယ်။ ဒါကြောင့်မိုလို့ စစ်ရေးပြ အခမ်းအနားကို ကြည့်ခြင်းအားဖြင့် ဝ အနေနဲ့တော့ ဒါဟာ စစ်ပြိုင်အစိုးရ သဘောမျိုး၊ စင်ပြိုင် တပ်မတော် ပုံစံမျိုးဆောင်ရွက်တာ တွေ့ရပါတယ်။ ဒါသည် တပ်မတော် အနေနဲ့ အဆုံးစွန် သည်းခံထားတဲ့ အနေအထား ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု သတင်းထောက်များကို နေပြည်တော်တွင် ယနေ့ ပြောကြားသည်။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

UWSA စစ်သေနာပတိချုပ် ဦးပေါက်ယူချန်း က “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို ခဲ့သည့် ယင်းအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို ဖိတ် ကြားသော်လည်း တက်ရောက်ခြင်း မရှိပါ။

ဝ အနေဖြင့် အစိုးရမှ ကမ်းလှမ်းထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပါဝင်ရန် လိုကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
381
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
54

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း “ခုနက ဗိုလ်ချုပ် စိုးနိုင်ဦးလည်း ပြောပြီးပါပြီ။ စင်ပြိုင်သဘောမျိုး ဖြစ်နေတာပေါ့။ စစ်ပြိုင် သဘောမျိုး ဖြစ်နေတော့ မလုပ်သင့်ဘူးလို့ပဲ မြင်ပါတယ်။ တရားဝင် ကန့်ကွက်တာမျိုးကတော့ ကျနော်တို့နဲ့ ဝ နဲ့က ဆက်ဆံရေးရုံး ရှိပါတယ်။ အဲဒီဆက်ဆံရေးရုံး ကနေတော့ မလွဲမသွေ ဒါက အကြောင်းကြားရမယ့် ကိစ္စ ဖြစ်ပါတယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

ယခုလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့တွင် ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ်ပွဲကို အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) က ဖိတ်ကြားမည်ဟု သိထားရာ မိုင်းလားခေါင်းဆောင်များ၏ ဖိတ်ကြားမှု ပုံစံ အပေါ်တွင် မူတည်၍ တပ်မတော် အနေဖြင့် တက်၊ မတက်ကို ဆုံးဖြတ်မည်ဟု သိရသည်။

ဧရာဝတီ သတင်းဌာန က “ဝ” ကို တရားဝင် မကန့်ကွက်ဘဲ ဘာကြောင့် ငြိမ်ခံနေရသလဲဟု မေးခွန်းထုတ်ရာ “ငြိမ်းချမ်းရေး လိုချင်၍ သည်းခံနေခြင်း” ဖြစ်ကြောင်း ဗိုလ်ချုပ် စိုးနိုင်ဦးက တုန့်ပြန်ခဲ့သည်။

UWSA အဖွဲ့ ၏ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ၎င်းတို့အဖွဲ့ အနေဖြင့် တပ်မတော် အပါအဝင် မည်သည့် အဖွဲ့ကိုမျှ ရန်သူကဲ့သို့ သဘောမထားကြောင်း၊ ထို့ကြောင့်လည်း အားလုံးကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

ဦးညီရန်း က “ဒီလို အခမ်းအနား ကျင်းပတာ လက်နက်ကိုင် အဖွဲ့ တွေ အများကြီး ရှိတယ်။ စစ်ရေးပြတာ ကျနေ်ာတို့ တဖွဲ့ တည်းမှ မဟုတ်တာ။ အဖွဲ့ အစည်းတိုင်း လိုလို စစ်ရေးပြတာက မထူးဆန်းပါဘူး”ဟု ပြောသည်။

ဝ နှင့် မိုင်းလားတို့သည် ဗမာပြည် ကွန်မြူနစ် ပါတီက ခွဲထွက်ပြီး ၎င်းတို့ဒေသတွင် ကိုယ့်တပ်ဧရိယာနှင့် ကိုယ် ရပ်တည်နေသည်မှာ နှစ် ၃၀ ရှိပြီ ဖြစ်ကြောင်း၊ ယခင် တပ်မတော် အစိုးရကလည်း အထူးဒေသများ သတ်မှတ်ပေးပြီး တရားဝင် အသိအမှတ်ပြုခဲ့ ကြောင်း၊ သို့သော် ၂၀၀၈ အခြေခံ ဥပဒေ ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် တရားမဝင်သည့် သဘော ဖြစ်သွားကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။

ဦးမောင်မောင်စိုး က “ဂုဏ်သိက္ခာ ပြဿနာကြောင့်လို့ ထင်ပါတယ်။ တခုတည်းသော တပ်မတော်မူနဲ့တော့ ကွဲလွဲနေတာပေါ့”ဟု သုံးသပ်သည်။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

UWSA သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ၊ ပုဒ်မ ၅၆ (စ) အရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင် ၂ခုခွဲ၍ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် အုပ်ချုပ်ခွင့် ရရှိထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗဟိုအစိုးရလက်အောက်တွင် ရှိရမည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တခုဖြစ်သာ ဖော်ပြထားသော်လည်း လက်ရှိတွင် ၎င်း၏ ဒေသများကို ဗဟိုအစိုးရ၏ စွက်ဖက်မှု မရှိဘဲ အပြည့်အဝ စီမံ ခန့်ခွဲလျှက် ရှိသည်။

Your Thoughts …
Tags: UWSAစစ်ရေးပြအခမ်းအနားတပ်မတော်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.7k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
အဓိကရုဏ်းတွင် ရာနှင့် ချီ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့၏ တရားဝင် သတင်းရင်းမြစ်များအဆိုအရ လူ ၇ ဦး သေဆုံးခဲ့သည် / Reuters

ကြွေးကြော်သံ၊ ကျည်ဆံများနှင့် အင်ဒိုနီးရှား ရွေးကောက်ပွဲအလွန်

ခေတ်သစ် ခရီးရှည် ချီတက်ပွဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရင်ဆိုင်မည့် ရှီကျင့်ဖျင်၏ ဗျူဟာဖြစ်သည် / Reuters

တရုတ် သမ္မတရဲ့ ခရီးရှည် ချီတက်ပွဲသစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved