ကမ္ဘာတဝန်းမှာရှိတဲ့ နိုင်ငံတကာအနုပညာရှင်တွေထဲမှာလည်း LGBT အသိုက်အဝန်းထဲက ပုဂ္ဂိုလ် တော်တော်များများ ရှိပါတယ်။ တချို့ပုဂ္ဂိုလ်တွေကတော့ သူတို့ဟာ လိင်တူချစ်သူတွေ၊ လိင်နှစ်မျိုးလုံး စုံမက်သူတွေ ဖြစ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောထားကြသူများရှိသလို တိတ်တဆိတ်ပဲ နေထိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။
အခုဖော်ပြမယ့် နိုင်ငံတကာ အနုပညာရှင်တွေကတော့ သူတို့ဟာ LGBT အသိုက်အဝန်းမှ ဖြစ်တဲ့အကြောင်း၊ လိင်တူ ချစ်သူဖြစ်တဲ့အကြောင်း တရားဝင်ရော၊ တိတ်တဆိတ် ထုတ်ဖော်ပြောကြားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။
လိင်တူချစ်သူဖြစ်ကြောင်း ကြေညာထားခဲ့ဖူးတဲ့ အခြားနာမည်ကျော် ပုဂ္ဂိုလ်တွေထဲမှာတော့ ဗြိတိသျှ အဆိုတော် Sam Smith နဲ့ သြစတေးလျအဆိုတော် Troye Sivan တို့အထိ ပါဝင်ကြပါတယ်။ မိမိဟာ လိင်တူချစ်သူဖြစ်ကြောင်း ထုတ်ဖော် မပြောကြသေးတဲ့ နာမည်ကျော် ပုဂ္ဂိုလ် တော်တော်များများလည်း ရှိနေပါသေးတယ်။
(၁) Amandla Stenberg

Hunger Games ရုပ်ရှင်သရုပ်ဆောင် Amandla ကတော့ ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Snaps ဇာတ်လမ်းတွဲကနေ တဆင့် Bisexual တယောက်အနေနဲ့ ပေါ်ထွက်လာခဲ့သူဖြစ်ပါတယ်။ လူနည်းစုတွေအပေါ် အသံတိတ်နေရတာနဲ့ ပတ်သက်လို့ သူက “လူမည်း လိင်နှစ်မျိုးချစ်သူ အမျိုးသမီးတဦးလို့ သတ်မှတ်ထားတဲ့ တစံုံတယောက်ဘဝကို ကျမဖြတ်သန်းခဲ့ရပါတယ်။ ပြီးတော့ အရမ်းနာကျင်ရပါတယ်။ ရှက်ကိုးရှက်ကန်းဖြစ်ရပါတယ်။ စိတ်မသက်မသာဖြစ်ရပါတယ်။” လို့ ပြောကြားခဲ့ဖူးပါတယ်။ Amandla ဟာ ၂၀၁၁ ခုနှစ်မှာ “Colombiana” ဆိုတဲ့ ရုပ်ရှင်နဲ့ အနုပညာလောကထဲ ရောက်ရှိလာခဲ့ပြီး မင်းသမီး Jennifer Lawrence ၊ မင်းသား Josh Hutcherson ၊ မင်းသား Liam Hemsworth တို့နဲ့အတူ Hunger Games ရုပ်ရှင်စီးရီးမှာ Roo ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ခဲ့ပါတယ်။
(၂) Wentworth Miller

Prison Break ရုပ်သံစီးရီးစတား Wentworth Miller ဟာ ၂၀၁၃ ခုနှစ်တုန်းက ရုရှားရုပ်ရှင်ပွဲတော်တခုကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့အချိန်မှာ Gay တဦးဖြစ်တဲ့အကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ သူရဲ့ စိတ်ကျန်းမာရေး အခြေအနေနဲ့ သူ့ရဲ့ လိင်ခံယူချက်နဲ့ ပတ်သက်လို့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရဲ့ စိတ်ဒုက္ခတွေ အကြောင်း ထုတ်ပြောဖို့ သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုကိုအသုံးပြုခဲ့ရပါတယ်။
၂၀၁၆ ခုနှစ်တုန်းကလည်း သူ့ကို ယောကျာ်းမဟုတ်ဘူးလို့ ပြောလာတဲ့ Follower တယောက်ကိုလည်း ပြန်လည် ချေပပြောဆိုခဲ့ပြီး စိတ်ကျန်းမာရေးပြဿနာအကြောင်း ဆွေးနွေးတဲ့ ဗီဒီယိုတခုမှာလည်း ပါဝင်ခဲ့ပါတယ်။
(၃) Tim Cook

ကွယ်လွန်သူ စတိဗ်ဂျော့ချ်ဆီကနေ လက်လွှဲယူခဲ့တဲ့ Apple ကုမ္ပဏီသူဌေး Tim Cook ဟာ ၂၀၁၄ ခုနှစ်မှာ သူဟာ Gay တယောက်ဖြစ်ကြောင်းထုတ်ပြောလာပါတယ်။
ဒ့ါအပြင် ဟီလာရီကလင်တန်ကတောင် ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဘက်အဖြစ် Tim ကို စဉ်းစားထား ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ Apple စီအီးအိုဟာ LGBT အခွင့်အရေးကာကွယ်ရေး လုပ်ငန်းတွေအတွက် Newseum Institute ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ဆုကို ရရှိခဲ့ပါတယ်။
(၄) Jodie Foster

နာမည်ကျော်မင်းသမီး Jodie Foster ကတော့ ၂၀၁၃ ခုနှစ်၊ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ လိင်တူချစ်သူတဦး ဖြစ်တဲ့ အကြောင်းနဲ့ သူ့ရဲ့လက်တွဲဖော်အကြောင်းနဲ့ ပတ်သက်လို့ ထုတ်ပြောခဲ့ပါတယ်။ အော်စကာ နှစ်ဆုရှင် မင်းသမီး Jodie ဟာ ၂၀၁၄ ခုနှစ်မှာ Alexandra Hedison ဆိုတဲ့မိန်းကလေးတဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
(၅) Jake Zyrus

အမျိုးသမီးအချင်းချင်း ချစ်ခင်နှစ်သက်သူတဦးဖြစ်ကြောင်း ထုတ်ပြောပြီးတဲ့နောက်မှာ ၂၀၁၇ ခုနှစ်မှာ ဆန့်ကျင်ဘက် လိင်ကဲ့သို့ဝတ်စားဆင်ယင်သူ တဦးဖြစ်တဲ့ Sunshine အဖြစ် Glee ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့ Jake Zyrus ဟာ သူ့ရဲ့နာမည်ဟောင်း Clarice Relucio Pempengco ကနေ နာမည်အသစ်ကို ပြောင်းလဲခဲ့ပါတယ်။
ဇာတ်လမ်းထဲမှာတော့ နိုင်ငံခြားကျောင်းသူ Sunshine Corazon အဖြစ် သရုပ်ဆောင်ထားပါတယ်။ အမြဲတမ်း ဒီအချိန်စီးဆင်းမှုအတိုင်း လိုက်ပါသွားခဲ့ကြောင်း၊ ယောကျာ်းလေး တယောက်လိုနေထိုင်ရတာ မလွယ်ကူဘူးဆိုတာ သိခဲ့တဲ့အတွက် စောင့်ဆိုင်းခဲ့ရကြောင်း ဖိလစ်ပိုင်သတင်းစာ The Inquirer ကို ပြောကြားခဲ့ဖူးပါတယ်။
(၆) Michelle Rodriguez

Fast & Furious မင်းသမီး Michelle Rodriguez ကတော့ ၂၀၁၃ ခုနှစ်မှာ Bisexual ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ အတင်းအဓမ္မလိင်ပြောင်းလဲခိုင်းတဲ့ ခွဲစိတ်မှုတခုမှာသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်နဲ့ ပတ်သက်လို့ ကာကွယ်ပြောကြား ခဲ့ဖူးပါတယ်။ အဲဒီရုပ်ရှင်က သူ့ကိုမိန်းမဆန်မှုဆိုတာ ဘာလဲ ပြသခဲ့ကြောင်း ဆိုပါတယ်။
(၇) Kesha

အဆိုတော် Kesha ကတော့ ၂၀၁၃ ခုနှစ်မှာ လိင်တူလက်ထပ်ပွဲတခုမှာ စီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့ပြီးတဲ့ နောက် Bisexual တဦးအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ အနုပညာလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ခဲ့ချိန်မှာတော့ သူနဲ့အတူ LGBT သင်္ကေတ သက်တံ့ရောင် ပါဝင်လာခဲ့ပါတယ်။
သူ့ရဲ့နောက်ဆုံးသီချင်းထွက်ပြီး လေးနှစ်နီးပါးလောက်အကြာမှာ “Praying” ဆိုတဲ့ သီချင်းကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ သီချင်းဟာ ၂၀၁၇ ခုနှစ်သြဂုတ်လ ၁၁ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ “Rainbow” ဆိုတဲ့ အယ်လ်ဘမ်ထဲက ဖြစ်ပါတယ်။
(၈) Kristen Steward

Twilight မင်းသမီး Kristen Steward ကတော့ ၂၀၁၅ ခုနှစ်မှာ သူဟာ Gay တဦးဖြစ်ကြောင်း ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ထုတ်မပြောခင်မှာတော့ သူဟာ တွဲဖက်သရုပ်ဆောင် Robert Pattinson နဲ့အတူ တွဲလိုက် ခွဲလိုက်လုပ်နေခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ လုံးဝကို လမ်းခွဲခဲ့ကြပါတယ်။
9. Tom Hardy

၂၀၁၀ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မင်းသား Tom Hardy က သူဟာ အမျိုးသားတွေနဲ့ ရော၊ အမျိုးသမီးတွေ နဲ့ရော အတူရှိနေခဲ့ဖူးပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
သူက “ယောကျာ်းလေးလား။ ဒါ့ပေါ့။ ကျနော့်မှာ ရှိတာပေါ့။ ကျနော် လူတိုင်းနဲ့ အပျော်ကစားတယ်။ ကျနော်က အခု အသက် ၃၀ ကျော်အရွယ်ထဲမှာ ဆိုတော့ ပုံစံလိုမျိုး၊ ရုပ်ပိုင်းဆိုင်ရာလိုမျိုး သိပ်မလိုမအပ်ဘူး။ ကျနော် စမ်းသပ်မှုတွေ တော်တော်များများ လုပ်ခဲ့ဖူးပေမယ့် အခြားယောကျာ်းတယောက်၊ အထူးသဖြင့် ကျနော့်ဘဝမှာလိုအပ်တဲ့ လိင်တူချစ်သူ အမျိုးသာ တယောက်နဲ့ ဆက်ဆံရေးကတော့ တော်တော်များများ ရှိပါတယ်။
Ref: pinknews













