• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မြန်မာသရဲကားစစ်စစ် (သို့မဟုတ်) လိပ်ပြာစံအိမ်

by ယုမွန်ကျော်
9 February 2019
in Entertainment
A A
လိပ်ပြာစံအိမ်ဇာတ်ကား  / လိပ်ပြာစံအိမ်ဖေ့စ်ဘုတ်

လိပ်ပြာစံအိမ်ဇာတ်ကား / လိပ်ပြာစံအိမ်ဖေ့စ်ဘုတ်

23k
VIEWS
Share on FacebookShare on Twitter

ဒီတပတ်ရုံတင်ပြသလာတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကတော့ “လိပ်ပြာစံအိမ်” ဆိုတဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရုပ်ရှင်ကြည့်ပရိသတ်တွေကို ထိတ်လန့်ခြောက်လန့်မှုအပြည့်အဝရစေမယ့် သရဲကား စစ်စစ်ဖြစ်ပြီး ထိုင်းဒါရိုက်တာရိုက်ကူးပြီး မြန်မာသရုပ်ဆောင်များပါဝင်ထားပါတယ်။

လိပ်ပြာစံအိမ်ဇာတ်ကားဇာတ်လမ်းအကျဉ်းကတော့ ..

နိုင်းနိုင်းက နာမည်ကြီးဓာတ်ပုံဆရာတယောက်ဖြစ်ပြီး ဝတ်မှုံရွှေရည်ကတော့ နိုင်းနိုင်းရဲ့ ဇနီးအဖြစ်ပါဝင်ထားပါတယ်။ သူတို့မှာ တဦးတည်းသောသမီးလေး ပြည့်ပြည့်ရှိပြီး သမီးဖြစ်သူက စိတ်ပုံမှန်မဟုတ်တဲ့အတွက်ပဲ ကျောင်းမှာ တခြားကလေးငယ်များကို ထိခိုက်စေတဲ့အတွက် ကျောင်းကနေအနားပေးခံရတဲ့ ကလေးငယ်တဦးပါ။ မိခင်တာဝန်မကျေပွန်ဘဲ သမီးကို မဆုံးမနိုင်ဘူးလို့ ဝတ်မှုံရွှေရည်က ကိုယ့်ကိုယ်ကို အမြဲတမ်းအပြစ်တင်နေသူ တဦးလည်းဖြစ်ပါတယ်။

ဓာတ်ပုံဆရာနိုင်းနိုင်းက နယ်မြို့လေးတမြို့ကိုမိသားစုလိုက်ပြောင်းရွေ့နေထိုင်ပြီး ဟိုးအရင် ကိုလိုနီခေတ်က အိမ်ဟောင်းကြီးမှာ သူတို့နေရဖို့ ဖြစ်လာပါတယ်။ အိမ်ထဲမှာ ရှေးခေတ်က မိသားစုကလေးဓာတ်ပုံတွေကို ကပ်ထားတာကို တွေ့ရပြီး ဓာတ်ပုံဆရာဖြစ်တဲ့နိုင်းနိုင်းက ဖြုတ်မပစ်ဘဲ သဘောကျတဲ့အတွက် ဆက်လက်ချိတ်ထားခဲ့ပါတယ်။ အိမ်တက်ကိုရောက်ရှိလာတဲ့ ဘုန်းကြီးတပါးက ဒီပုံကို ဖြုတ်ပစ်လိုက်ဖို့ ပြောခဲ့ပေမယ့် နိုင်းနိုင်းကတော့ အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

အိမ်ကြီးကိုရောက်ပြီး မကြာခင်မှာပဲ သမီးဖြစ်သူက ညညတယောက်တည်းမိုးလင်းထိ ထဆော့နေပြီး တနေကုန်အိပ်နေတတ်ပါတယ်။ မိခင်ဖြစ်သူနဲ့ အရင်က မတဲ့ပေမယ့် သမီးဖြစ်သူက အိမ်ကြီးရောက်ပြီးမကြာခင်မှာတော့ လိမ္မာတဲ့ကလေးတယောက်ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဒါတွေဟာ မကောင်းဆိုးဝါးတွေနဲ့ ဘယ်လိုစပ်ဆက်နေလဲ ဆိုတာ ရုပ်ရှင်ဇာတ်လမ်းကို ဆက်လက်ကြည့်ရှှုစေချင်ပါတယ်။

မိန်းကလေးပရိသတ်များအခိုင်အမာရရှိထားတဲ့ မင်းသားချောဒေါင်းက ဒီဇာတ်လမ်းမှာ ပရိသတ်မထင်ထားတဲ့ အဓိကနေရာကနေ ဇာတ်ကို ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။

ဒါက ဇာတ်လမ်းအကျဉ်းဖြစ်ပြီး အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်၊ ဒေါင်း နဲ့ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ဟာ မြင်နေကျမြန်မာဇာတ်ကားတွေထဲကလို သရုပ်ဆောင်နေတယ်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းနေပြီး အခန်းတိုင်းအခန်းတိုင်းက ပရိသတ်ကို ဆွဲခေါ်သွားနိုင်ပါတယ်။

တမလွန်နဲ့ ဒီဘက်ခေတ်က မိခင်နှစ်ဦးရဲ့ အားပြိုင်မှုလို့ပြောရမှာ ဖြစ်ပြီး အဓိက ဝတ်မှုံရွှေရည်ဟာ ဒီဇာတ်ကားမှာ မိတ်ကပ်ကို မလိမ်းသလောက်မျက်နှာကိုချထားပြီး ဒီဇာတ်ကားထဲက မေနှင်းဆိုတဲ့ အမျိုးသမီးနဲ့ ကွက်တိကျအောင် သရုပ်ဆောင်သွားနိုင်ပါတယ်။ သရဲဝင်ပူးတဲ့အခန်းတွေမှာ ဝတ်မှုံရွှေရည်ရဲ့ အခန်းက သရုပ်ဆောင်တာ အပိုအလိုမရှိ ကွက်တိဖြစ်မှ ကြည့်ရတာ အဆင်ပြေစေမယ့် အခန်းကို ဝတ်မှုံရွှေရည်က ပိုင်နိုင်စွာသရုပ်ဆောင်နိုင်သွားပါတယ်။ The Only Mom ဆိုတဲ့အတိုင်း မိခင်မေတ္တာကို အသားပေးရိုက်ကူးသွားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ နိုင်းနိုင်းက ဓာတ်ပုံဆရာလို့ပြောပေမယ့် အဓိက ဓာတ်ပုံရိုက်တဲ့အခန်းက သိပ်မပါဘဲ သူရဲ့ ဇာတ်ကောင်ကို စကားပြောနဲ့သာ ပုံဖော်ထားတာတွေ့တာက အားနည်းချက်လို့ မြင်မိပါတယ်။

အသံပိုင်းစနစ်က ကောင်းမွန်တာပြီး ကာလာအယူအဆ၊ ဇာတ်လမ်းအလှည့်အပြောင်း တင်ဆက်ပုံတွေက ဇာတ်လမ်းကို ကြည့်ရှုရတာ ပိုပြီးအရှိန်မြင့်စေပါတယ်။ ဒီဇာတ်ကားက ထိုင်းဒါရိုက်တာရိုက်ကူးထားတာမို့ မြန်မာဒါရိုက်တာတွေလည်း ဒီလိုအဆင့်တန်းမြင့်မြင့် ဇာတ်ကားမျိုးရိုက်ကူးနိုင်ဖို့ မြန်မာပရိသတ်တွေကလည်း မျှော်လင့်နေကြပါတယ်။

Your Thoughts …
Tags: The Only Momလိပ်ပြာစံအိမ်
ယုမွန်ကျော်

ယုမွန်ကျော်

​Copy Editor

Similar Picks:

သရုပ်ဆောင် ဒေါင်းနဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်  / ယုဖြူဟန် / ဧရာဝတီ

ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပထမဆုံးတွေ စုနေတဲ့ “လိပ်ပြာစံအိမ်”

by ယုဖြူဟန်
3 February 2019
10.3k

ဒီကားကြည့်ပြီးတော့ အမေနဲ့ သမီးကြားက ခံစားချက်ကို ခံစားလိုက်ရတာ ရင်ထဲကို ဆို့နင့်တယ်။ သူ သရုပ်ဆောင်သွားတာ အမေတယောက်ရဲ့မေတ္တာကို မြင်ရပါတယ်” လို့ ဒေါင်းက ပြောပါတယ်။

စင်ကာပူမှာ ဆုရရှိခဲ့တဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်  / ဝေဝေနှင်း / ဧရာဝတီ

နိုင်ငံတကာပွဲမှာ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ရရှိခဲ့တဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်

by ချစ်ပိုး
8 December 2019
6.9k

"ဆုကြေညာခါနီး ခံစားချက်က တခြားနိုင်ငံက မင်းသမီးတွေက အရမ်းကောင်းတယ်ပေါ့။ မရတော့ဘူး ထင်နေပြီး မေတ္တာပဲ ပို့နေတာ။ 'Pyae Pyae, Myanmar' လို့ ပြောတော့ အရမ်းပျော်သွားတယ်။

သရုပ်ဆောင် ဒေါင်း  / ဧရာဝတီ

“ကျနော့် ပုံတွေ Share ကြတဲ့ ကောင်မလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”

by ချစ်ပိုး
25 December 2018
4.2k

"ပုံတွေ Share ကြတဲ့ ကောင်မလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို အရမ်းချစ်ပါတယ်"လို့ ဒေါင်းက ပြောပါတယ်။

Next Post
၂၀၁၀ ခုနှစ် ဟောင်ကောင်တွင် ကျင်းပသော ထိုင်းရုပ်ရှင်နှင့် ဖျော်ဖြေရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပွဲတပွဲသို့ ထိုင်းမင်းသမီး ဦးဘိုလ်ရတနာ တက်ရောက်စဉ် / Reuters

ဝန်ကြီးချုပ် လုပ်ပြီး လူကြိုက်များစေချင်တဲ့ ထိုင်းမင်းသမီး

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက် နေပြည်တော်တွင် ပြုလုပ်သော "မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပါ" ထိပ်သီးဆွေးနွေးပွဲ (၂၀၁၉) / ထက်နိုင်ဇော်

အနောက်နိုင်ငံ ကုန်သည် အသင်းများက မြန်မာနိုင်ငံတွင် ပိုမို ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved