• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဝန်ကြီးချုပ် လုပ်ပြီး လူကြိုက်များစေချင်တဲ့ ထိုင်းမင်းသမီး

by Chayut Setboonsarng
9 February 2019
in ဆောင်းပါး
A A
၂၀၁၀ ခုနှစ် ဟောင်ကောင်တွင် ကျင်းပသော ထိုင်းရုပ်ရှင်နှင့် ဖျော်ဖြေရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပွဲတပွဲသို့ ထိုင်းမင်းသမီး ဦးဘိုလ်ရတနာ တက်ရောက်စဉ် / Reuters

၂၀၁၀ ခုနှစ် ဟောင်ကောင်တွင် ကျင်းပသော ထိုင်းရုပ်ရှင်နှင့် ဖျော်ဖြေရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပွဲတပွဲသို့ ထိုင်းမင်းသမီး ဦးဘိုလ်ရတနာ တက်ရောက်စဉ် / Reuters

18.1k
VIEWS
Share on FacebookShare on Twitter

သူမသည် လှေလှော်ရွက်တိုက် ချန်ပီယံ ထိုင်း ဘုရင့်သမီးတော်ဖြစ်သည်။ သာမန် နိုင်ငံခြားသားတဦးနှင့် လက်ထပ်သည်။ အမေရိကန်ပြည်ထောင်စုမှ ဘွဲ့ ၂ ခု ရသည်။ ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်သည်။ ၂၀၀၄ ခုနှစ် ဆူနာမီအတွင်း သားဖြစ်သူကို ကြေကွဲစရာ ဆုံးရှုံးခဲ့သည်။

ထိုင်းမင်းသမီး ဦးဘိုလ်ရတနာ ရာဂျာကန်ရာ သီရိဗက်ဓန ဘန်နာဗာဒီသည် အခန်းကဏ္ဍသစ်တခုတွင် ပါဝင်ရန် ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် စတင်ပြင်ဆင်လိုက်သည်။ ဖြုတ်ချခံ ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ကို သစ္စာခံသော ပါတီက တင်သွင်းသော ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်လောင်းဖြစ်လာသည်။ သက်ဆင်သည် စစ်တပ်လိုလားသူများ၊ တော်ဝင်အသိုင်းအဝန်းနှင့် ဘုရင်စနစ် လိုလားသူများ၏ မဟာရန်သူဖြစ်သည်။

သို့သော် တော်ဝင်မိသားစု၏ အစဉ်အလာကို ချိုးဖေါက်ပြီး နိုင်ငံရေးအသိုင်းအဝန်းသို့ ဝင်ရောက်ရန် သူမ၏ အားထုတ်မှုသည် စတင်ပြီး များမကြာမီတွင်ပင် နိဂုံးချုပ်သွားမည့်သဘော ရှိနေသည်။

သူမ၏မောင် ဘုရင် ဗာဂျီယာလောင်ကွန်က ထိုနေ့နှောင်းပိုင်းတွင်ပင် သူမ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုသည် မသင့်တော်သလို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း မညီကြောင်းပြောဆိုကာ ပိတ်ပင်ရန် လုပ်ဆောင်လာသည်။

ဦးဘိုလ်ရတနာက မတ်လ ၂၄ ရက်နေ့ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်ဖြစ်လာနိုင်မည့် အမည်စာရင်းတင်သွင်းမှုကို လက်ခံခြင်းသည် သူမ၏ နိုင်ငံသားအခွင့်အရေးဖြစ်သည်ဟု Instagram တွင် အစောပိုင်းက ရေးခဲ့သည်။

သူမသည် ယခင်ကလည်း တော်ဝင် အစဉ်အလာများကို ချိုးဖောက်ခဲ့ဖူးသည်။ အထင်ရှားဆုံးမှာ အသက် ၂၁ နှစ်အရွယ်က မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် (MIT) တွင် ပညာသင်ကြားစဉ် ကျောင်းနေဖက် အမေရိကန်နိုင်ငံသား ပီတာ ဂျန်ဆင်ကို လက်ထပ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမကို ၁၉၅၁ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံတွင် မွေးဖွားစဉ်က ခမည်းတော် ဘုရင် ဘူမိဘော အဒူရာဒက်က ပေးအပ်ခဲ့သည့် တော်ဝင်သမီးတော်ဘွဲ့နှင့် ကောင်းကင်မယ်တော် ဘွဲများကို စွန့်လွှတ်ခဲ့ရသည်။ ထိုစဉ်က ခမည်းတော်သည် ဆွစ်ဇာလန်တွင် တက္ကသိုလ်ပညာ ဆည်းပူးနေချိန်ဖြစ်သည်။

အိမ်ထောင်ကျပြီး ၁၉၇၃ ခုနှစ်တွင် MIT မှ ဘွဲ့ရပြီးနောက်တွင် မိသားစုနှင့် ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့နေထိုင်ကာ ဂျူလီဂျန်ဆင် အမည်ကို ခံယူသည်။ လော့စ်အိန်ဂျယ်လိစ်ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ရခဲ့သည်။

ကလေးသုံးဦးရှိပြီး ပလွိုင်ပိုင်လင် ဂျန်ဆင်(သမီး) ၊ ဘူမိဂျန်ဆင်( သား) နှင့် (သမီးငယ်) သီရိခေတ္တရာ မိုင် ဂျန်ဆင်တို့ဖြစ်သည်။

သူမသည် အမေရိကန်ပြည်ထောင်စုတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်က ကံတော်ကုန်သည့် ခမည်းတော် ဘုရင်ဘူမိဘောနှင့် မယ်တော်မိဖုရားကြီး သီရိခေတ်တို့ထံ မကြာခဏပြန်သည်။

ဦးဘိုလ်ရတနာ သည် ဆယ်ကျော်သက်အရွယ်က ဖခင်နှင့်နီးစပ်ပြီး အားကစားလိုက်စားသည့် ဝါသနာတူသောကြောင့် တင်းနစ်၊ ကြက်တောင်နှင့် လှေလှော်ရွက်တိုက်တို့တွင် လူကြိုက်အများဆုံး ပူးတွဲကစားသမားများဖြစ်လာသည်။ သူမနှင့်ခမည်းတော်တို့ အသင်းသည် ၁၉၆၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လှေလှော်ရွက်တိုက် ရွှေတံဆိပ်ရသည်။

၁၉၉၀ ခုနှစ်များတွင် သူမသည် ထိုင်းနိုင်ငံသို့ ပိုမိုပြန်လာပြီး မိဖုရားကြီးနှင့်အတူ အလှူအတန်းများ၊ ပွဲလမ်းသဘင်များ တက်ရောက်သည်။

ထိုင်းမဂ္ဂဇင်းမျက်နှာဖုံးများ၊ လူမှုရေးပွဲများ၊ ဖက်ရှင်ပြပွဲများတွင် သူမကို မကြာခဏတွေ့လာရပြီး HIV နှင့်ပတ်သက်သော ရောဂါများကြောင့် မိဘသေဆုံးရသည့် ကလေးများအတွက် ရန်ပုံငွေအဖွဲ့တဖွဲ့ကို ထူထောင်ခဲ့သည်။

သူမနှင့် ဂျန်ဆင်တို့ ၁၉၉၈ ခုနှစ်တွင် ဂျန်ဆင်နှင့် ကွာရှင်းပြီး ကလေး၃ ဦးကို ထိုင်းနိုင်ငံသို့ ခေါ်ဆောင်ကာ တော်ဝင်မိသားစု တာဝန်များ ထမ်းဆောင်သည်။

ကလေးများသည် ထိုင်းနိုင်ငံသား ဖြစ်လာပြီး တော်ဝင်မိသားစုဝင်အဖြစ် သတ်မှတ်ခံရသည်။ သူမသည် တော်ဝင်အခမ်းအနားများတွင် ပိုမိုပါဝင်လာပြီး အထိန်းတော် မိဘုရား၏ သမီးတော်ဟူသော ဘွဲ့ကို သုံးသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
370
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
768

ကြေကွဲစရာဇာတ်လမ်း

သူမသည် ယခင်က တော်ဝင်ဘွဲ့များကို စွန့်လွှတ်ခဲ့သောကြောင့် နန်းတွင်းထုံးစံများ၏ ချည်နှောင်မှု ကြီးကြီးမားမားခံရခြင်း ရှိပုံမရပေ။ သူမသည် ထိခိုက်လွယ် လူငယ်များနှင့် ဆယ်ကျော်သက်များအတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဖေါင်ဒေးရှင်းတခု တည်ထောင်သည်။ သူမသည် ထိုအဖွဲ့၏ ပညာပေးအစီအစဉ်များတွင် သီချင်းဆိုသည်၊ ကပြဖျော်ဖြေသည်။

သူမသည် ၁၄ ရာစုမှ ၁၈ ရာစု အယုဒ္ဓယနောက်ခံ ထိုင်းသမိုင်းနောက်ခံ ရုပ်သံဇာတ်လမ်းတွဲနှင့် အက်ရှင် ရုပ်ရှင်ကားတခုတွင် သရုပ်ဆောင်သည်။ အက်ရှင်ကားတွင် ရက်စက်ကြမ်းကြုတ်မှုတခုကို ဖေါ်ထုတ်သောကြောင့် အန္တရာယ်နှင့် ရင်ဆိုင်ရသည့် ကြံ့ခိုင်သော သတင်းသမားအဖြစ် သရုပ်ဆောင်သည်။

သို့သော် ထိုင်းနိုင်ငံမှ သူမ၏ ဘဝသစ်မှာ အာရှတွင် လူ ၂ သိန်းကျော် သေဆုံးသော ၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာ ဆူနာမီကြောင့် ထိခိုက်ခဲ့ရသည်။ ဆူနာမီလှိုင်းတိုက်ချိန်တွင် သူမသည် ကလေး ၂ ဦးနှင့် တောင်ပိုင်း အပမ်းဖြေကမ်းခြေတွင်ရှိနေခဲ့သည်။

ကြီးမားသော လှိုင်းလုံးကြီးများမှ လွတ်ရန် ထွက်ပြေးကြရသည်။ သို့သော် ထိုစဉ်က အသက် ၂၁ နှစ်ရှိသားဖြစ်သူ ဘူမိသည် လှိုင်းနှင့်အတူ မျောပါသေဆုံးသွားခဲ့သည်။

သူမသည် ထိုဖြစ်ရပ်ကြောင့် ကြေကွဲရပြီး ပရဟိတလုပ်ငန်းများတွင် မြှုပ်နှံလုပ်ကိုင်သည်။

နိုင်ငံရေးလောကသို့ ဦးဘိုလ် ရတနာ ဝင်ရောက်လာသောကြောင့် လူအများအပြား အံ့အားသင့် သွားကြသော်လည်း မကြာသေးမီနှစ်များအတွင်း သူမသည် ပြည်ပြေးဝန်ကြီးချုပ် သက်ဆင်နှင့် နီးစပ်မှုရှိလာသည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသော ဝန်ကြီးချုပ်ဖြစ်ပြီး သူ၏ ညီမ ယင်လတ်မှာ ၂၀၁၄ ခုနှစ် နောက်ဆုံးအာဏာသိမ်းမှုတွင် ဖြုတ်ချခံရသော ဝန်ကြီးချုပ်ဖြစ်သည်။

ခမည်းတော် ဘူမိဘော ၂၀၁၆ ခုနှစ်တွင် ကံတော်ကုန်ပြီး မောင်ဖြစ်သူ ထီးနန်းဆက်ခံပြီးနောက် သူမနှင့် သက်ဆင်၏ သမီးတို့သည် လူမှုကွန်ရက်တွင် လူသိရှင်ကြား အပြန်အလှန်ထောက်ခံရေးသားကြသည်။

ဦးဘိုလ်ရတနာ၊ သက်ဆင်နှင့် ယင်လတ်တို့ ရုရှားတွင် ၂၀၁၈ ကမ္ဘာ့ဖလားပွဲ အတူကြည့်နေသည့်ပုံများ လူမှုကွန်ရက်တွင် တက်လာဖူးသည်။

မကြာသေးမီကဆိုလျှင် ဦးဘိုလ်ရတနာသည် သူမ၏ Instagram တွင် သာမန်ပြည်သူများနှင့် ပိုမို နီးစပ်လာပုံကို ပြသော လမ်းဘေးစာ စားသောက်နေပုံများ၊ ဘန်ကောက်လေထု ညစ်ညမ်းမှုများကို တင်ပြီး ဝေဖန်လာသည်။

( Reuters သတင်းထောက် Chayut Setboonsarng ၏ After storied life, Thai princess turned populist aims to be PM ကို ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: ထိုင်းမင်းသမီးရွေးကောက်ပွဲဝန်ကြီးချုပ်
Chayut Setboonsarng

Chayut Setboonsarng

Reuters

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက် နေပြည်တော်တွင် ပြုလုပ်သော "မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပါ" ထိပ်သီးဆွေးနွေးပွဲ (၂၀၁၉) / ထက်နိုင်ဇော်

အနောက်နိုင်ငံ ကုန်သည် အသင်းများက မြန်မာနိုင်ငံတွင် ပိုမို ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း

တပ်မတော်မှ NSCN-K ဌာနချုပ်တွင် သိမ်းဆည်းထားမိသည့် လက်နက်ကျည်ဆံများ / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး

အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မှုမရှိကြောင်း နာဂအဖွဲ့ငြင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved