စီးပွားရေး

အနောက်နိုင်ငံ ကုန်သည် အသင်းများက မြန်မာနိုင်ငံတွင် ပိုမို ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရှိ အဓိက နိုင်ငံတကာ ကုန်သည်ကြီးများအသင်းများ ၇ သင်းသည် ဖေဖော်ဝါရီလ ၅ ရက်နေ့က ပူးတွဲ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အရေးကြီးကြောင်း အလေးထား ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို ထောက်ခံသော တရားဝင် ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့ ကုန်သည်ကြီးများ အသင်းများ၏ လုပ်ငန်းများကို အကျဉ်းချုံး ရှင်းလင်း ပြောကြားခဲ့သည်။

ထိုစာကို ဥရောပ၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ အမေရိကန်၊ သြစတြေးလျနှင့် ဗြိတိန် ကုန်သည်ကြီးများ အသင်းများမှ ထိပ်တန်း အဖွဲ့ဝင်များက လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ရေးတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ အရေးပါသော အခန်းကဏ္ဍကို ဖော်ပြထားသည်။

မြန်မာအစိုးရက စီစဉ်သော “မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပါ” ထိပ်သီးဆွေးနွေးပွဲ (၂၀၁၉) အပြီး တပတ် အကြာနှင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ကျင်းပမည့် ရခိုင်ပြည်နယ်အတွက် ရင်းနှီးမြှုပ်နှံမှု ညီလာခံမတိုင်မီ ၃ ပတ်အကြာတွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ကာလကြာမြင့်စွာ အထီးကျန် နေထိုင်ခဲ့ရသောကြောင့် မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ခေတ်သစ် ကုန်သွယ်ရေး၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ၎င်း၏ စီးပွားရေးကို ကျယ်ကျယ်ပြန်ပြန့် ပြန်လည် အားသစ်လောင်းရန် လိုနေသည်” ဟု ထိုစာတွင် ဖော်ပြထားသည်။

ထိုစာအရ ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို ပစ်ပယ်ခြင်းမပြုဘဲ၊ ပါဝင်ဆောင်ရွက်သော အနောက်နိုင်ငံ ကုမ္ပဏီ အရေအတွက် ပိုမိုများပြားလာသည်ဟု သိရသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အကြမ်းဖက်မှုနှင့် နောက်ဆက်တွဲအဖြစ် ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းခွဲ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး သောကြောင့် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု သိသိသာသာ လျော့ကျသွားပြီး နောက်မှ ထိုသို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော အနောက်တိုင်း လုပ်ငန်း ပိုမို များပြားလာခြင်း ဖြစ်သည်။

အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများသည် ကော်ပိုရိတ် လုပ်ငန်းများ အတွက် စီမံအုပ်ချုပ်မှု စံနှုန်းများ ထူထောင်ပေးခြင်းဖြင့် စီးပွားရေးကို အထောက်အကူ ပြုနေသည်ဟု ထိုစာက ဖော်ပြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တိုးတက်ရေး စီမံကိန်းနှင့် မြန်မာနိုင်ငံရှိ အသက်မွေးဝမ်းကြောင်းများ တိုးတက် စေရန် ပိုမို ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် လိုအပ်ချက်တို့ကိုလည်း ရည်ညွှန်း ကိုးကား ပြောဆိုထားသည်။

မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက် ကုန်ကြမ်းကို တင်ပို့ခြင်းမှ တန်ဖိုမြင့် ထုတ်ကုန်များ တင်ပို့ခြင်းသို့ ပြောင်းလဲလိုက်ပါက ပို့ကုန်ဝင်ငွေ တိုးလာမည် ဖြစ်သည်။ နိုင်ငံပေါင်း ၃၀ မှ အဖွဲ့အစည်း ၆၀၀ ကျော် ပါဝင်သော အထက်ပါ ကုန်သည်ကြီများ အသင်းဝင် ကုမ္ပဏီ အများအပြားသည် ထိုသို့သော ပို့ကုန်နှင့် ဝန်ဆောင်မှု တင်ပို့သူများ ဖြစ်ကြောင်း ထိုစာတွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading