Entertainment

အကြမ်းဖက်မှုများနဲ့ ၂၀၀၈ မွန်ဘိုင်း (သို့မဟုတ်) Hotel Mumbai (2018)

Want create site? Find Free WordPress Themes and plugins.

ဒီတခါမှာတော့ IMDB Rating (7.8)အထိရရှိထားတဲ့ ဇာတ်ကားကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ ဘောလိဝုဒ်ရဲ့နာမည်ကျော် သရုပ်ဆောင်တွေကို တွေ့မြင်ကြရမှာဖြစ်တဲ့အပြင် ဟောလိဝုဒ်သရုပ်ဆောင်တွေကိုပါ ကြည့်ရှုကြရမှာပါ။

ဒါရိုက်တာ Anthony Maras ကရိုက်ကူးထားတာဖြစ်ပြီး မင်းသားတွေအနေနဲ့ Dev Patel, Armie Hammer, Anupam Kher, Jason Isaacs တို့နဲ့ မင်းသမီး Nazanin Boniadi အပါဝင် တခြားသော သရုပ်ဆောင်ပေါင်းများစွာက ပါဝင်ထားကြတာပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာဆိုရင်တော့ ၂၀၀၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ Taj Mahal Palace ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

မွန်ဘိုင်းမြို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကြယ်ငါးပွင့်ဟိုတယ်ကြီးမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ဘဝနဲ့ ဘာသာရေးကို အကြောင်းပြုပြီး မှိုင်းတိုက်ခံလိုက်ရတဲ့ အကြမ်းဖက်သမားတွေရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို အချိန် ၂ နာရီအတွင်းမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

အလ္လာရှင်မြတ်ကို အကြောင်းပြုပြီး ဘာသာရေးမှိုင်းတိုက်ခံလိုက်ရတဲ့ အကြမ်းဖက်သမားလူတစုဟာ Taj Mahal ဟိုတယ်ကြီးအပါအဝင် မွန်ဘိုင်းမြို့ရဲ့ အချက်အချာကျတဲ့ ဘူတာရုံ၊ စားသောက်ဆိုင်စတာတွေမှာပါ ဗုံးခွဲတိုက်ခိုက်အကြမ်းဖက်ခဲ့ကြတာပါ။

ဘာသာရေးမှိုင်းမိနေသူ လူငယ်ဆယ်ကျော်သက်အရွယ် အကြမ်းဖက်သမားတစုဟာ နောက်ကွယ်က ကြိုးကိုင်နေသူရဲ့ အမိန့်အတိုင်း သေဆိုသေ၊ ရှင်ဆိုရှင်နဲ့ တသဝေမတိမ်း လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မွန်ဘိုင်းတမြို့လုံးမှာလူ ၁၈၀ နီးပါးခန့် သေဆုံးခဲ့ရပြီး Taj ဟိုတယ်တခုတည်းမှာတင် လူအယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေထဲမှာ ရုပ်ဆိုးအကျည်းတန်ဆုံး အကြမ်းဖက်မှုတခုကို ပြန်လည်ရိုက်ကူးထားတဲ့ အခုဇာတ်ကားမှာတော့ သွေးပျက်ဖွယ်အဖြစ်ဆိုးနဲ့အတူ ၊ ဘာသာရေးပဋိပက္ခတွေ၊ လူတွေရဲ့ ရက်စက်မှု၊ ကြင်နာမှု၊စာနာမှု စတဲ့ လူ့သဘာဝတွေကို ကြည့်ရှုကြရမှာဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် ပြန်လည်ညွှန်းဆိုပေးလိုက်ပါတယ်။

You May Also Like These Stories:

“Hotel Mumbai” သရုပ်ဆောင်တွေ ပြန်ပြောပြတဲ့ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ရိုက်ကွင်း

ဗလီ တိုက်ခိုက်မှုပြီးနောက် နယူးဇီလန် ရုပ်ရှင်ရုံများမှ “Hotel Mumbai” ရုပ်ရှင်ကို ဖယ်ရှား< နောက်တကား ရိုက်ဖို့ သေချာနေတဲ့ “Spider-Man: Into The Spider-Verse”

ဇာတ်ဝင်ခန်း အသစ်တွေနဲ့ ရုံပြန်တင်မယ့် “Avengers: Endgame” ရုပ်ရှင်

Did you find apk for android? You can find new Free Android Games and apps.
Loading