ဖိလစ်ပိုင်နိုင်ငံ၊ Oslob ငါးဖမ်းရွာလေးကို လာလည်တဲ့ဧည့်သည်တွေဟာ ရေငုပ်ရင်း ရေအောက်မှာ ငါးမန်းမျိုး နွယ် ရှားပါးမျိုးစိတ်ဖြစ်နေပြီဖြစ်တဲ့ Whale Shark ကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက်နိုင်မယ့် အခွင့်အရေးရှိနေပါတယ်။
မြင်ရခဲပြီး ကြီးမားတဲ့ကိုယ်ခန္ဓာကြီးတွေကြောင့် မြင်လိုက်ရုံနဲ့ အံ့သြမှင်သက်စေမယ့် ငါးမန်းကြီးတွေနဲ့ ဓာတ်ပုံ တွဲရိုက်ခွင့်ကတော့ တကယ့်ကို ထူးထူးခြားခြားပါပဲ။
တံငါရွာလေး Oslob အနီးအနားက ပင်လယ်ထဲက Theme Park မှာ Whale Shark ကောင်တွေနဲ့ နေ့စဉ် လှည့်လည်ဖျော်ဖြေပွဲတွေရှိနေပါတယ်။ Whale Shark ဟာ ငါးမန်းမျိုးနွယ်ဖြစ်ပြီး မှတ်တမ်းတွေအရ အကြီး ဆုံးအကောင်ဟာ ၁၅ မီတာကျော်လောက်ထိရှိတယ်လို့ ဆိုပါတယ်။
လာရောက်တဲ့ဧည့်သည်တွေဟာ Theme Park မှာ သူတို့ကို အစားကျွေးနိုင်သလို Snorkeling လုပ်ရင်းလည်း အနီးကပ်မြင်တွေ့နိုင်ပါတယ်။ မြင်ရခဲပြီး မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာပဲ တွေ့ရလေ့ရှိပေမယ့် ခုတော့ ဖိလစ်ပိုင် တံငါရွာလေးမှာ တွေ့ခွင့်ရပြီမို့ တကယ့် Adventure ကြိုက်တဲ့ဧည့်သည်တွေကို ဆွဲဆောင်ရာနေရာ တခုဖြစ်နေ လာတာပါ။
လူများတဲ့နေ့တွေဆို တရက်တည်း လူအယောက် ၂,၀၀၀ လောက်လာရောက်ကြည့်ရှုကြပြီး Whale Shark ကြီးတွေက သူတို့ပတ်ပတ်လည်ကို လှည့်လည်သွားခိုက် ဧည့်သည်တွေက Selfie ဆွဲနိုင်သလို အစာကျွေးလို့ လည်း ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံ အဏ္ဏဝါမျိုး စိတ်စောင့်ကြည့်ရေးအဖွဲ့ကြီးက တာဝန်ရှိသူတဦးကတော့ “Oslob ကို ဧည့်သည်တွေ လုံးဝရူးသွပ်နေကြပါပြီ။ ခုဆိုရင် ဒီနိုင်ငံကိုလာလည်တဲ့သူတိုင်းက ဒီနေရာလေးကို မသွား မဖြစ်စာရင်းထဲ ထည့်ထားကြတာပါ။ လူတိုင်း Whale Shark မှ Whale Shark ဖြစ်ကုန်ပြီ” လို့ ဆိုပါတယ်။
လာလည်ကြတဲ့ဧည့်သည်အများစုက တရုတ်၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံမှဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ Whale Shark တွေကို အနီးကပ်ကြည့်ချင်လို့ပါ။ Whale Shark တွေကို ထိခိုက်မှုမရှိအောင် ကာကွယ်စောင့် ရှောက်ထားတဲ့နေရာဆီကို လူ ၈ ယောက်လောက်စီးတဲ့ လှေတွေနဲ့ ကမ်းခြေကနေလာကြပြီး အစာကျွေးဖို့နဲ့ ဓာတ်ပုံရိုက်နိုင်ဖို့ တစီးကို မိနစ် ၃၀ ခွင့်ပြုထားကာ သတ်မှတ်ထားတဲ့ အကွာအဝေးကနေပဲ ကြည့်ရှုခွင့်ရပါ တယ်။
ငါးမန်းမျိုးနွယ်ဝင်ဖြစ်တာမို့ လူအထိအခိုက်မဖြစ်အောင် သတ်မှတ်ထားတဲ့ အကာအဝေးသတ်မှတ်ထားတာဖြစ် ပြီး အန္တရာယ်များတဲ့အကောင်ကြီးတွေမို့ ဝေဖန်မှုတွေရှိနေပေမယ့် အခုချိန်ထိတော့ တယောက်မှ ထိခိုက်တာမျိုး မရှိသေးဘူးလို့ ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။
“အရင်ကတော့ Oslob ရွာလေးက ခြောက်သွေ့နေတာပါ။ ခုတော့ Whale Shark တွေကြောင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးလာပြီ” လို့ ခရီးသွားအရာရှိက ဆိုပါတယ်။
နှစ်စဉ်ထောင်နဲ့ချီတဲ့ ခရီးသွားတွေဟာ Whale Shark ကြီးတွေကို မြင်တွေ့ခွင့်ရဖို့ Oslob ရွာလေးကို လာရောက်လည်ပတ်နေကြပါပြီ။ ၂၀၁၈ ခုနှစ်တုန်းကဆိုရင် တနှစ်တည်း ခရီးသွား ၆၃,၀၀၀ ကျော်လာရောက်ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၉ မှာတော့ အရေအတွက်ပိုများ လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
Ref: CNA
You May Also Like These Stories:
ဈေးသက်သာတဲ့အချိန် ရွေးပြီး လည်ပတ်သင့်တဲ့ နေရာများ
အီတလီနိုင်ငံရဲ့ အလှဆုံး ကျေးရွာများ
ကမ္ဘာ့အလှဆုံး စာရင်းဝင်ဖြစ်လာတဲ့ ထိုင်းနိုင်ငံက Khao Sok အမျိုးသားဥယျာဉ်