Entertainment

ဟင်းချက်ပြီး ရောင်းရငွေ အမြတ် ၅၀ရာခိုင်နှုန်းကို ပြန်လှူဒါန်းမယ့် ခင်သဇင်

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ခင်သဇင်က သူကိုယ်တိုင် ချက်ပြုတ် ရောင်းချမယ့် ဟင်း ၃ မျိုးမှ ရောင်းရငွေ အမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ပြန်လည် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“ဒီနေ့ အပင်ပန်းခံပြီး ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို အွန်လိုင်းကနေ ရောင်းချပြီး လိုအပ်နေတဲ့ ကလေးငယ်တွေအတွက် ပြန်လှူဒါန်းပေးနိုင်တော့မှာမို့ အထူး ရင်ခုန်နေပါတယ်”

“အမြတ်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို လိုအပ်တဲ့ နေရာတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ကျန်ငွေကိုတော့ လုပ်ငန်းရဲ့ အကျိုးအမြတ်အတွက် ဆက်လက် အသုံးပြုသွားမှာပါ။ ဒီ အကြောင်းအရာက COVID-19 တတွင်းလုံး ခင်သဇင် ပရဟိတနဲ့ ပတ်သက်လို့ ပါဝင်သူ အားလုံး ကုသိုလ်ရစေချင်တဲ့ ဆန္ဒနဲ့ ဆောင်ရွက်ချင်တဲ့ သဘော ဖြစ်ပါတယ်”လို့ ခင်သဇင်က ပြောပါတယ်။

သရုပ်ဆောင် ခင်သဇင်

ဒီလို ဟင်းချက် ရောင်းရတာဟာ ခင်သဇင့်အတွက် သရုပ်ဆောင်ရတာထက် ခက်ခဲသော်လည်း ဝယ်ယူအားပေးတဲ့သူများကို ဗိုက်ဝစေတဲ့အတွက် ကုသိုလ်ရပြီး နွမ်းပါးသူများကို လုပ်အားခ ပေးနိုင်တဲ့အပြင် လိုအပ်တဲ့ ကလေးငယ်များကို ထောက်ပံ့ကြေးငွေ ပေးနိုင်တဲ့အတွက် ပျော်ရတယ်လို့ ခင်သဇင်က သူ့ရဲ့ Facebook အကောင့်မှာ ပြောပြထားတာ ဖြစ်ပါတယ်။

“တကယ်တော့ ကိုယ့်အတွက် ဟင်းချက်ရတာက ကင်မရာရှေ့ သရုပ်ဆောင်ရတာထက် အဆ ၁၀၀၀ လောက်ကို ပင်ပန်းပါတယ်။ အခုလိုလုပ်တာ ဝယ်ယူအားပေးသူတွေကို ဗိုက်ဝပြီး ကုသိုလ်ရစေပါတယ်။ ရောင်းချသူကို ကူညီပေးတဲ့ အလုပ်လိုအပ်နေတဲ့ နွမ်းပါးသူမိသားစုတွေကို လုပ်အားခ ပေးနိုင်ပါမယ်။ လိုအပ်နေတဲ့ ကလေးငယ်တွေကို ထောက်ပံ့ကြေးငွေ ပေးနိုင်ပါမယ်။ ငွေကြေးက အနည်းအများပဓာန မဟုတ်ပေမယ့် ရောင်းချသူ အနေနဲ့လည်း ရောင်းရငွေလေး မြင်ရတော့ ပျော်ပါတယ်”လို့ ခင်သဇင်က ပြောပါတယ်။

ဆက်လက်ပြီး “နောက်ပိုင်း Part time သဘောမျိုး ကျောင်းတတ်နေတဲ့ ကျောင်းသားတွေ ကိုယ်ပိုင် အပိုငွေ ရရှိစေရန် အထိ အလုပ်ပေးနိုင်အောင် ကြိုးစားသွားပါမယ်။ အခု ကာလမှာ ကိုယ်တတ်နိုင် သလောက်လေးနဲ့ စတင်ခြင်း ဖြစ်ပါတယ်။ အားပေးသူ အပေါင်းကို သာဓု အကြိမ်ကြိမ် ခေါ်ဆိုပါတယ်” လို့ ခင်သဇင်က ဆိုထားပါတယ်။

ခင်သဇင်က “စိန်ခင်” စားသောက်ကုန် ဆိုတဲ့ Facebook Page ကနေ ကဏန်းချိုစပ်၊ ကဏန်းချဉ်စပ်၊ ကဏန်းမဆလာ ဟင်းတပွဲကို ငွေကျပ် ၆၅၀၀ ဖြင့်ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ခင်သဇင်ရောင်းတဲ့ ကဏန်းချိုစပ်ဟင်း

“ကဏန်းများကို အသေကိုသာ အသုံးပြုပါတယ် ။ ဟင်းချိုမှုန့် လုံးဝ အသုံးမပြုပါ။ အလှူအတွက် ဆိုပေမယ့် အမြတ်ကို မတန်တဆ မယူထားဘဲ အများတန်းတူ ပမာဏပဲ ကောက်ယူထားပါတယ်။ အစားအသောက်များကို စိန်ခင် Page လေးကပဲ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်”လို့ ခင်သဇင်က ပြောထားပါတယ်။

သရုပ်ဆောင် ခင်သဇင်ကတော့ လက်ရှိ MRTV- 4 မှာပြသနေတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာ မိုးကလျာဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

ငွေကြေးမပြေလည်လို့ ဆက်သွယ်လာသူတိုင်းကို ငွေကျပ် ၁သောင်းပို့ပေးမယ့် ဇဏ်ခီ

“အမေများနေ့”မှာ မိခင်တွေကို ဆုတောင်းစကားဆိုကြတဲ့ အနုပညာရှင်များ

ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းမှုများရှိလာတယ်လို့ Facebook Cele နေဆန်း ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading