Entertainment

လောကကြီးမှာ အဆိုးနဲ့ကြုံလာလေ ပိုပြီးတောက်ပလေ ဆိုတဲ့ ခင်သဇင်

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင်မော်ဒယ် ခင်သဇင်ကတော့ သူမဘဝမှာ အဆိုးများနဲ့ကြုံလာရတိုင်း ဘဝကပိုပြီးတော့ တောက်ပ လာလေဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

ဒါနဲ့ပတ်သတ်လို့ “ဇင့်လိုလူမျိုးက လောကကြီးမှာ အဆိုးနဲ့ကြုံလာလေ ပိုပြီးတော့ တောက်ပလာလေလို့ခံစားရတယ်။ အဆိုးကြုံပြီးတာနဲ့ အခုဆိုရင် ဇင် MBA ဘွဲ့ရသွားပြီ။ စီးပွားရေးတွေလုပ်နေပြီ။ ရုပ်ရှင်တွေ ဗီဒီယိုတွေ ရိုက်ကူးနေ တယ်။ တချက်မှအလုပ်မပျက်ဘူး။ စိတ်ဓာတ်လည်းမကျဘူး။ ဘယ်လို အခက်အခဲတွေပဲကြုံကြုံ စိတ်ဓာတ်မကျဘူး။ ဇင်လုပ်ချင်ရာကို လုပ်နေရတဲ့အတွက် မနက်ဖြန်သေရင်တောင် ကျေနပ်တယ်”လို့ ခင်သဇင်က ပြောပါတယ်။

ခင်သဇင်ကတော့ လတ်တလောမှာ “ခပ်ချေချေ” လို့ အမည်ပေးထားတဲ့ သူမရဲ့ ပထမဆုံးတကိုယ်တော် တေးစီးရီး ကိုလည်း မေလ ၁ရက်နေ့တွင် ထွက်ရှိတော့မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သရုပ်ဆောင်မော်ဒယ်အလုပ်မှ သီချင်းခွေထွက်ဖြစ်တာနဲ့ ပတ်သက်ပြီး ခင်သဇင်က “သီချင်းကငယ်ငယ်လေး ကတည်းက ဝါသနာပါတယ် သီချင်းတွေက ဇင့်ရဲ့ စိတ်ခံစားချက်တွေကို ပြောင်းလဲလိုက်နိုင်တယ်။ စိတ်ဆင်းရဲနေတဲ့ အချိန်မှာ ပျော်စရာကောင်းတဲ့ သီချင်းကို နားထောင်လိုက်ရင် ပျော်သွားတယ်။ သီချင်းက အရမ်း Power ရှိတယ်။ သီချင်းရဲ့ လွှမ်းမိုးမှုကို အရမ်းခံရတယ်။ သီချင်းကိုရူးသွပ်တယ်” လို့ပြောပါတယ်။

သူမကတော့ ၂၀၁၂ခုနှစ်တွင် အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် အနုပညာအလုပ်များကို ဆက်မလုပ်ဖြစ်တော့ဘဲ ၂၀၁၇ခုနှစ်မှစတင်ကာ ပြန်လည်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ခင်သဇင်က အခုအခါမှာ ရုပ်ရှင်ဇာတ်ကားများ ၊တီဗီဇာတ်လမ်းတွဲများကို ရိုက်ကူးထားပါတယ်။ ဒါ့အပြင့် အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ကံမကောင်းဘူးလို့ ပြောခံရတဲ့ ခင်သဇင်က အခုအခါမှာတော့ သူမစိတ်ဝင်စားတဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုသာ ပျော်ပျော်ရွှင်ရွှင်ပြန်လည် လုပ်ကိုင်နေတာကြောင့် ပျော်ရွှင်နေပြီလို့ ယူဆရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading