• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

လိုအပ်ချိန်မှာရွာခဲ့တဲ့မိုး (သို့) ဒေါ်ငယ်မမသန်း

by မေစစ်ပိုင်
27 April 2018
in Women & Gender
A A
လိုအပ်ချိန်မှာရွာခဲ့တဲ့မိုး (သို့) ဒေါ်ငယ်မမသန်း
13.9k
VIEWS
Share on FacebookShare on Twitter

စစ်အစိုးရလက်ထက်မှာ အမဝမ်းကွဲဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပတ်သက်ကူညီတာကြောင့် ဖမ်းဆီးထောင်ချ ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ငယ်မမသန်းဟာ ကင်ဆာရောဂါနဲ့ ဧပြီ ၂၄ ရက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၆၉ နှစ် အရွယ်မှာ ဆုံးပါးသွားတဲ့ ဒေါ်ငယ်မမသန်းဟာ နိုင်ငံရေးသမား၊ စာရေးဆရာ လည်း ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးသားသည့် စာအုပ်များထဲမှ လူကြိုက်များခဲ့တဲ့ အောင်သန်းရဲ့အောင်ဆန်း စာအုပ် ရေးသားသူ ဦးအောင်သန်းရဲ့ အငယ်ဆုံးသမီး ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူမလည်း ဖြစ်ပါတယ်။

၁၉၇၃ မှ ၇၈ ထိ ရန်ကုန်တက္ကသိုလ်မှာ Diploma in Automatic Computing ဘာသာရပ်ကို သင်ကြားခဲ့ကာ DAC ဘွဲ့ရယူခဲ့သူပါ။ ၁၉၉၁ ခုနှစ်မှာ ကွန်ပျူတာ တက္ကသိုလ် Information Science Department မှာ ဌာနမှူး ဖြစ်ခဲ့ပြီး နဝတ အစိုးရလက်ထက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဟုဆိုကာ နိုင်ငံရေးကင်းရှင်းကြောင်း အချက် ၃၃ ချက်ကို ဝန်ခံလက်မှတ်ထိုးရာမှာ မကိုက်ညီသဖြင့်ဟု ဆိုပြီး အလုပ်ကနေ ပင်စင်ခံစားခွင့်မရပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။

သူဟာ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ စိတ်ဓာတ်ဖြူစင်သူ၊ မေတ္တာတရားကြီးမားသူ၊ ဇွဲကြီးသူ တဦးဆိုပြီး ပြောစမှတ်ရှိသူ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားဟောင်းများစွာကို ကွန်ပျူတာ ပညာရပ်သင်ကြားပေးခဲ့သူလို့ သိရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်ကလည်း ဒေါ်ငယ်မမသန်းဟာ သူ့ကို ကွန်ပျူတာ ပညာ သင်ကြာပေးခဲ့တဲ့ ဆရာမ ဖြစ်ကြောင်း ပြောပြပါတယ်။

RelatedPosts

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

21 November 2025
943
ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

8 October 2025
436
ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

22 September 2025
578

“သူက ကျနော့်ကို ကွန်ပျုတာ သင်ပေးခဲ့တဲ့ ဆရာမ တယောက်ပါ။ ဒါပေမယ့် ဒီထက်ပိုတဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး ကျနော်တို့မှာ ရှိတယ်။ သူ့တန်ဖိုး တချို့တဝက်ကို ကျနော်သိတယ်။ သူဟာ ဘဝမှာ အင်မတန် ယုံကြည်ချက် ခိုင်မာတယ်။ စိတ်ဓာတ် ဇွဲသတ္တိကောင်းတယ်။ ကျနော်တို့တွေမှာ ပျော့ညံ့တဲ့စိတ်ဝင်ရင် ဆရာမဆီ သွားတဲ့အခါ ခွန်အားပေးနိုင်တယ်” လို့ ကိုမင်းကိုနိုင်က ပြောပြတယ်။

ဆက်လက်ပြီး သူက “သူပေးနိုင်တဲ့ ခွန်အားမျိုးက စကားလုံးနဲ့တောင် မဟုတ်ဘူး။ ဘဝကို ဘယ်လိုဖြတ်သန်းလဲဆိုတဲ့ ပုံစံမျိုးနဲ့တောင်ပါတယ်။ ခေတ်ဆိုးခေတ်ကျပ်ကြီးမှာ လုပ်ပေးခဲ့တယ်။ လိုအပ်နေတုန်းမှာ ရွာတဲ့မိုးပါ” လို့ ပြောပြတယ်။

ဒေါ်ငယ်မမသန်းက ၁၉၉၄ ခုနှစ်မှာ PC world Myanmar မဂ္ဂဇင်း အယ်ဒီတာနဲ့ စာရေးသူအဖြစ်လည်း လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပတ်သက်ကူညီမှုကြောင့် ခင်ပွန်းဖြစ်သူ ဦးမြင့်ဆွေ၊ အကိုဖြစ်သူ ဦးချိုအောင်သန်းတို့နဲ့အတူ နအဖအစိုးရရဲ့ ဖမ်းဆီးမှု ကို ခံထားရတယ်။ ပုဒ်မ ၅(ည)၊ ၁၇(၁) တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ်။

၂၀၀၁ ခုနှစ် ဇူလိုင်လမှာတော့ ပြန်လည်လွတ်မြောက်လာပြီး ၂၀၀၂ ခုနှစ်မှာ Pearl Computer Center ကွန်ပျူတာ သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားကာ ကျောင်းအုပ်တာဝန်ယူခဲ့ပါတယ်။

ထောင်က လွတ်မြောက်လာတဲ့အချိန်ကတည်းက ကင်ဆာရောဂါဖြစ်နေကြောင်း သိရှိရပြီး ဆေးကုသမှု ခံယူနေခဲ့ရာက ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်မှာတော့ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

အင်းစိန်ထောင်တွင်း အချုပ်သားဘဝမှာ အတူရှိခဲ့ဖူးသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးကလည်း ဒေါ်ငယ်မမသန်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကို ပြန်ပြောပြတယ်။

“အင်းစိန်ထောင်မှာ အချုပ်ဘဝနဲ့ အတူရှိခဲ့ဖူးတယ်။ အဲဒီအချိန်ကတည်းက ဘာသာတရားရဲ့ အဆုံးအမတွေ လူ့ကျင့်ဝတ်တွေ၊ လူ့လောကကို အကျိုးပြုစေမယ့် အဆုံးအမတွေနဲ့ ထောင်ထဲမှာ ကတည်းက ကျမတို့ကို ဆုံးမခဲ့ပါတယ်။ ပကာသနကင်းတဲ့ မေတ္တာ တရားကြီးမားတဲ့သူပါ” လို့ မမီးမီးက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကြားမှာတော့ ကွန်ပျူတာ ပညာရှင်လည်းဖြစ်၊ စာရေးဆရာမလည်း ဖြစ်တဲ့ ဒေါ်ငယ်မမသန်းရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေက စံပြဖြစ်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပြကြတယ်။

၂၀၁၃ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ နေဒဏ်ခံပန်းသတင်းစာအုပ်မှာ “ဘာပြစ်မှုမှ မကျူးလွန်ဘဲ နိုင်ငံရေးပုဒ်မနဲ့ ရောက်ရတာကို ဖေဖေ့သမီး၊ နိုင်ငံရေးသမားတယောက်ရဲ့ သမီး အနေနဲ့ ဂုဏ်ယူမိပါတယ်။ ဒီနေရာဟာ တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်နိုင်စွမ်းရှိတဲ့ အပြစ်မဲ့သူတွေကို တရားသောနည်းနဲ့ မနိုင်လို့ ခေါ်ထားတဲ့ နေရာဖြစ်မှန်း သိလိုက်ရပါတယ်။ ကိုယ့်ရဲ့ စွမ်းရည် မြှင့်တင်ပေးမယ့် နေရာလို့ပဲ သတ်မှတ်လိုက်ပါတယ်။ ဘယ်လိုအထိမ်းအမှတ်မျိုးနဲ့မှ လွတ်ဖို့ မမေ ျှာ်လင့်သလို နှစ်စေ့အောင် နေရမှာ မဟုတ်ဘူးလို့လည်း ခံယူထားပါတယ်” လို့ ဒေါ်ငယ်မမသန်းက သူ့ရဲ့ ထောင်အတွေ့အကြုံကို ရေးသားခဲ့ပါတယ်။

Your Thoughts …
Tags: ဒေါ်ငယ်မမသန်း
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ငလျင်တွေ ဘာကြောင့် ဆက်တိုက်လှုပ်လာတာလဲ (ရုပ်/သံ)

ငလျင်တွေ ဘာကြောင့် ဆက်တိုက်လှုပ်လာတာလဲ (ရုပ်/သံ)

ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ မင်းသား ဇဏ်ခီတို့အား ဧရာဝတီရုံးတွင် အင်တာဗျူး မေးမြန်းစဉ်  / အောင်ကျော်ထက် / ဧရာဝတီ

ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း - ၁)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved