• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

by Diana George
8 October 2025
in ဆောင်းပါး
A A
ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

အောက်တိုဘာ ၄ ရက် မစ္စ ဆာနာအဲ တာကာအိချိကို ဂျပန် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌအဖြစ် ရွေးချယ်အပြီး/AFP

436
VIEWS
Share on FacebookShare on Twitter

ကျားနှင့်မ တန်းတူညီမျှမှု မရှိခြင်းကြောင့် ကာလကြာရှည်စွာ ဝေဖန်ခံနေရသည့် ဂျပန်နိုင်ငံတွင် မစ္စ ဆာနာအဲ တာကာအိချိကို အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ခြင်းသည် သမိုင်းဝင်ကာလဖြစ်သည်။

ယခုလနှောင်းပိုင်းတွင် ဒိုင်းယက် အမျိုးသားလွှတ်တော်၏ အောက်လွှတ်တော်က အတည်ပြုခြင်းကို စောင့်ဆိုင်းပြီး သူသည် ဂျပန်နိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။ သို့သော် သူအာဏာရလာခြင်းသည် ထူးခြားပုံရသော်လည်း ထုံစံအတိုင်း အစဉ်အလာကွန်ဆာဗေးတစ် နိုင်ငံရေးသို့ ပြန်လာကြောင်းလည်း ဖော်ပြနေသည်။

သက်ချာနှင့် အာဘေးကို လေးစားအားကျ

အသက် ၆၄ နှစ်အရွယ် မစ္စ တာကာအိချိသည် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မစ္စ မာဂရက် သက်ချာကို လေးစားအားကျသူနှင့် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး၏ ဂျပန်အတွက် ကွန်ဆာဗေးတစ် ရည်မှန်းချက်ကို အမာခံ ထောက်ခံသူဖြစ်သည်။

မစ္စ သက်ချာအပေါ် သူ၏လေးစားအားကျမှုအပြင် သူအာဏာရလာခြင်းသည် ဗြိတိန်၏ သံမဏိအမျိုးသမီးကြီးနှင့် အလွန်နီးကပ်စွာတူညီပြီး အမျိုးသမီးများအတွက် ထူခြားမှုနှင့် ကွန်ဆာဗေးတစ်နိုင်ငံရေးသို့ ခိုင်မာသော စိတ်ပိုင်းဖြတ်မှုကိုလည်း ထင်ဟပ်နေသည်။

မစ္စ သက်ချာအပေါ် သူ၏လေးစားအားကျမှုအပြင် သူအာဏာရလာခြင်းသည် ဗြိတိန်၏ သံမဏိအမျိုးသမီးကြီးနှင့် အလွန်နီးကပ်စွာတူညီပြီး အမျိုးသမီးများအတွက် ထူခြားမှုနှင့် ကွန်ဆာဗေးတစ်နိုင်ငံရေးသို့ ခိုင်မာသော စိတ်ပိုင်းဖြတ်မှုကိုလည်း ထင်ဟပ်နေသည်။

“အခု LDP မှာ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌ ရှိလာတာနဲ့အတူ အခင်းအကျင်း နည်းနည်းပြောင်းလဲသွားလိမ့်မယ်” ဟု အောက်တိုဘာလ ၄ ရက်နေ့က သူ၏အောင်ပွဲအပြီးတွင် သတင်းထောက်များကို ပြောသည်။

ရုံးဝန်ထမ်းဖခင်နှင့် ရဲအရာရှိမိခင်တို့က ၁၉၆၁ ခုနှစ် နာရာခရိုင်တွင် မွေးဖွားပြီး တာကာအိချိသည် နိုင်ငံရေးနှင့် အလှမ်းဝေးသည့် မိသားစုမှလာသည်။ ရွေးကောက်ခံရာထူးသို့ မဝင်ရောက်မီက သူသည် စိတ်ထက်သန်သည့် ဟဲဗီးမက်တယ် ဒရမ်သမားတဦးဖြစ်ပြီး သူ၏ ပြင်းထန်သော တီးခတ်မှုအတွက် လုံလောက်စေရန် ဒရမ်စတစ် အများအပြား ယူလာတတ်သောကြောင့် ကျော်ကြားသူဖြစ်သည်။

သူသည် ရေငုပ်ဝတ်စုံနှင့် ရေငုပ်ခြင်း၊ မော်တော်ဆိုင်ကယ်စီးခြင်းကိုလည်း တစိုက်မတ်မတ်လုပ်သည်။ သူ အနှစ်သက်ဆုံး Toyota Supra ပြိုင်ကားကို ယခုအခါ နာရာပြတိုက်တွင် ပြသထားသည်။ ထို့နောက် သူသည် ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ်လည်း ခဏလုပ်ကိုင်ခဲ့သည်။

တာကာအိချိ နိုင်ငံရေးနိုးကြားလာခြင်း

၁၉၈၀ ပြည့်နှစ်များက အမေရိကန်-ဂျပန် ကုန်သွယ်ရေး ပွတ်တိုက်မှုကာလတွင် သူ၏နိုင်ငံရေး နိုးကြားလာသည်။ ဂျပန်အပေါ် အမေရိကန် ထင်မြင်ယူဆချက်များကို နားလည်ရန် ဆုံးဖြတ်ပြီး သူသည် ဒီမိုကရက်တစ် ကွန်ဂရက်အမတ် ပက်ထရစ်စီယာ ရှရိုးဒါး၏ ရုံးတွင် အလုပ်လုပ်ခဲ့သည်။ ရှရိုးဒါးသည် ဂျပန်ကို ဝေဖန်သည့် အမျိုးသမီးကွန်ဂရက်အမတ်ဖြစ်သည်။

အမေရိကန်တို့သည် ဂျပန်၊ တရုတ်နှင့် ကိုရီးယားယဉ်ကျေးမှုများကို ရှုပ်ထွေးနေတတ်ကြောင်း သိရှိပြီးနောက် “ဂျပန်ဟာ ကိုယ့်ကိုကိုယ် မကာကွယ်နိုင်ရင် ဂျပန်ရဲ့ ကံကြမ္မာဟာ အမေရိကန် အမြင်တိမ်မှုရဲ့ သားကောင်ဖြစ်နေမှာပဲ” ဟု သူက ကောက်ချက်ချသည်။

မစ္စ တာကာအိချိသည် ၁၉၉၂ ခုနှစ်တွင် တသီးပုဂ္ဂလအဖြစ် ပထမဆုံး ရွေးကောက်ပွဲဝင်သော်လည်း ရှုံးနိမ့်သည်။ ၁၉၉၃ ခုနှစ်တွင် သူ လွှတ်တော်အမတ်ဖြစ်လာပြီး ၁၉၉၆ ခုနှစ်တွင် LDP သို့ ဝင်ရောက်သည်။ ထိုနောက်ပိုင်းတွင် သူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၁၀ ကြိမ် ရွေးကောက်ခံရပြီး တကြိမ်သာ ရှုံးနိမ့်ဖူးကာ ပါတီ၏ အထင်ရှားဆုံး ကွန်ဆာဗေးတစ် အာဘော်များအနက် တဦးအဖြစ် ဂုဏ်သတင်းတည်ဆောက်သည်။

သူသည် စီးပွားရေးလုံခြုံရေးဝန်ကြီးနှင့် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးစသည့် အဆင့်မြင့်ရာထူးများတွင် လုပ်ကိုင်ခဲ့ပြီး ပြည်တွင်းရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် စံချိန်တင် ကာလကြာမြင့်စွာ လုပ်ကိုင်ခဲ့သည်။

ဆာနာအဲ တာကာအိချိ(ယာ) နှင့် ဗြိတိန်၏ “သံမဏိ အမျိုးသမီးကြီး” မာဂရက် သက်ချာ (ဝဲ)

ဂျပန်၏ ‘သံမဏိ အမျိုးသမီးကြီး’

“ကျမရဲ့ရည်မှန်းချက်က သံမဏိ အမျိုးသမီးကြီး ဖြစ်လာဖို့ပဲ” ဟု သူ၏ မဲဆွယ်ပွဲအတွင်း ကလေးငယ် ကျောင်းသူ ကျောင်းသားများကို ပြောပြီး မာဂရက်သက်ချာအပေါ် သူ၏ လေးစားအားကျမှုကို ပဲ့တင်ထပ်သည်။

သူသည် ၂၀၂၁ ခုနှစ်တွင် LDP ပါတီခေါင်းဆောင်မှုအတွက် စတင်ယှဉ်ပြိုင်ပြီး ဖူမီယို ကီရှီဒါကို ရှုံးနိမ့်ကာ ၂၀၂၄ ခုနှစ်တွင် ထပ်မံယှဉ်ပြိုင်ပြီး ပထမအကျော့တွင် ထိပ်မှပြေးသော်လည်း ရှီဂဲရု အီချီဘာကို ရှုံးနိမ့်သည်။ တတိယအကြိမ် ကြိုးစားသောအခါ မစ္စ တာကာအိချိ အောင်မြင်ပြီး သမိုင်းဝင် ဝန်ကြီးချုပ်ဖြစ်ရေး စင်မြင့်ကို လှမ်းနိုင်ခဲ့သည်။

မစ္စ တာကာအိချိသည် အမာခံ ကွန်ဆာဗေးတစ်ဖြစ်သည်။ သူသည် အိမ်ထောင်ရှင်အမျိုးသမီးများ အပျိုဘဝက အမည်ကို ဆက်လက်ထိန်းသိမ်းခွင့်ပြုသည့် ဥပဒေနှင့် လိင်တူထိမ်းမြားလက်ထပ်ခြင်းကို ဆန့်ကျင်သည်။ သူသည် ဧကရာဇ်မိသားစု၏ အမျိုးသားများသာ ထီးနန်းဆက်ခံရေးကို ထောက်ခံပြီး အငြင်းပွားစရာ ယာစုကုနီ စစ်သင်္ချိုင်းသို့ ပုံမှန် သွားရောက်သူဖြစ်သည်။ ထိုအလေ့အထသည် တရုတ်၊ တောင်ကိုရီးယားတို့နှင့် ဆက်ဆံရေးတွင် ရှုပ်ထွေးစေဖွယ်ရှိသည့် အလေ့အထဖြစ်သည်။

မစ္စ တာကာအိချိသည် အမာခံ ကွန်ဆာဗေးတစ်ဖြစ်သည်။ သူသည် အိမ်ထောင်ရှင်အမျိုးသမီးများ အပျိုဘဝက အမည်ကို ဆက်လက်ထိန်းသိမ်းခွင့်ပြုသည့် ဥပဒေနှင့် လိင်တူထိမ်းမြားလက်ထပ်ခြင်းကို ဆန့်ကျင်သည်။ သူသည် ဧကရာဇ်မိသားစု၏ အမျိုးသားများသာ ထီးနန်းဆက်ခံရေးကို ထောက်ခံပြီး အငြင်းပွားစရာ ယာစုကုနီ စစ်သင်္ချိုင်းသို့ ပုံမှန် သွားရောက်သူဖြစ်သည်။ ထိုအလေ့အထသည် တရုတ်၊ တောင်ကိုရီးယားတို့နှင့် ဆက်ဆံရေးတွင် ရှုပ်ထွေးစေဖွယ်ရှိသည့် အလေ့အထဖြစ်သည်။

သို့သော်လည်း သူသည် လူမှုကိစ္စအချို့တွင် မကြာသေးမီက လေသံပျော့လာသည်။ သူ၏ မဲဆွယ်ပွဲအတွင်း အခွန်တစိတ်တပိုင်း နုတ်ယူနိုင်သည့် ကလေးထိန်းအတွက် ကုန်ကျစရိတ်နှင့် ဌာနတွင်း ကလေးသူငယ် စောင့်ရှောက်ရေး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအတွက် အခွန်ဆိုင်းငံ့ခြင်းကို အဆိုပြုသည်။

“ကျမကိုယ်တိုင် ဘဝမှာ ကလေးပြုစုစောင့်ရှောက်မှု သုံးကြိမ် ကြုံတွေ့ဖူးတယ်။ ဒါကြောင့် ကလေးပြုစုပျိုးထောင်လို့ အလုပ်က ထွက်ရတဲ့သူနဲ့ ကျောင်းတက်ဖို့ ငြင်းဆန်တဲ့ ကျောင်းသားအရေအတွက် လျှော့ချဖို့ ကျမရဲ့ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာနေတယ်။ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းတွေကို ပြည်သူတွေ မစွန့်လွှတ်ရစေတဲ့ လူ့အဖွဲ့အစည်းကို ကျမ ဖန်တီးချင်တယ်” ဟု မစ္စ တာကာအိချိက ပြောသည်။

အလုပ်ကို အလွန်အာရုံစိုက်သူအဖြစ် ကျော်ကြားသော မစ္စ တာကာအိချိက လူမှုဆက်ဆံရေးလုပ်ရသည်ထက် အိမ်တွင် လေ့လာသင်ယူခြင်းကို ပိုမိုနှစ်သက်ကြောင်း ဝန်ခံသည်။ ပါတီခေါင်းဆောင်ရာထူးကိုရရန် မအောင်မြင်သည့် ကြိုးစားမှု နှစ်ခုနောက်ပိုင်းတွင် သူသည် ကွန်ရက်များတည်ဆောက်ရန် သတိရှိစွာ အားထုတ်မှု ပြုလုပ်သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
449
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

“မြင်းတကောင်သဖွယ် အလုပ်လုပ်ရန်” လွှတ်တော်ကိုယ်စားလှယ်များကို အောက်တိုဘာလ ၄ ရက်နေ့တွင် ပြောကြားပြီး “အလုပ်နဲ့ဘဝ အချိုးညီရေးဆိုတဲ့ စကားလုံးမျိုးတွေကို ကျမ စွန့်လွှတ်လိုက်ပြီ။ ကျမ အလုပ်တွေ ဆက်တိုက်လုပ်မယ်” ဟု ကြေညာသည်။ ထိုစကားများသည် ကျယ်ပြန့်စွာ ရေးပန်းစားသော်လည်း လေးစားမှုခံရသလို စိုးရိမ်ပူပန်မှုများလည်း ဖြစ်စေသည့် စကားများဖြစ်သည်။

အသက် ၆၄ နှစ်အရွယ် မစ္စ တာကာအိချိသည် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး၏ ဂျပန်အတွက် ကွန်ဆာဗေးတစ် ရည်မှန်းချက်ကို အမာခံ ထောက်ခံသူဖြစ်သည်/AP

မူဝါဒ ဦးစားပေးများ

မစ္စ တာကာအိချိသည် ပိုမို အင်အားတောင့်တင်းသောစစ်တပ်၊ စီးပွားရေးတိုးတက်မှုအတွက် အသုံးစရိတ် ပိုမိုသုံးရေး၊ နျူကလီးယား အားပေးရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ပိုမိုတင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးကို အမြဲတမ်း တောင်းဆိုသည်။

အမျိုးသမီးကျန်းမာရေးနှင့် ပဋိသန္ဓေရရန် ကုသမှုအတွက် ဘဏ္ဍာရေးအထောက်အပံ့ကို ထောက်ခံသော်လည်း အစဉ်အလာ အမျိုးသမီးအခန်းကဏ္ဍအတွက် LDP ၏ ရည်မှန်းချက် မူဘောင်အတွင်းကသာ ထောက်ခံခြင်းဖြစ်သည်။

မစ္စ တာကာအိချိသည် သွေးဆုံးကိုင်ရောဂါလက္ခဏာများနှင့် သူ၏ ရုန်းကန်မှုကို လူသိရှင်ကြား ပြောကြားပြီး ကျောင်းများနှင့် လုပ်ငန်းခွင်များတွင် အမျိုးသမီးကျန်းမာရေးအကြောင်း အမျိုးသားများကို ပညာပေးခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြသည်။

ဖရိုဖရဲဖြစ်နေသော နိုင်ငံရေးအခင်းအကျင်းတွင် မစ္စ တာကာအိချိ ပါတီခေါင်းဆောင်ဖြစ်လာသည်။ သွေးစည်းညီညွတ်ရေး ဘုရားကျောင်း (Unification Church) နှင့် တရားမဝင်နိုင်ငံရေး ရန်ပုံငွေများပါဝင်သည့် အရှုပ်တော်ပုံများ နောက်ပိုင်းတွင် LDP အတွင်း အုပ်စုများသည် မစ္စ တာကိုင်ချီ၏နောက်မှ ရပ်တည်ကြပြီး ဂျပန်၏ ကွန်ဆာဗေးတစ်ဝါဒကို ကာလကြာမြင့်စွာဖွင့်ဆိုသည့် အထက်လွှာကွန်ရက်ကို အင်အားတောင့်တင်းစေသည်။

သူ၏ ခေါင်းဆောင်မှုသည် အကျပ်အတည်းကာလတွင် လုပ်ငန်းလည်ပတ်ရသည့်ပါတီကို ထင်ဟပ်နေပြီး ဆန်ဆေတိုပါတီကဲ့သို့ လူများကြိုက် လက်ယာစွန်းသို့ ယိမ်းလာသည့် မဲဆန္ဒရှင်များကို ပြန်လည်ရရှိရန်တွက် အမျိုးသားရေးဝါဒ၊ သမိုင်းဆိုင်ရာ ပြန်လည်ပြင်ဆင်ရေးဝါဒနှင့် ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်စကားများကို အရှိန်မြှင့်တင်သည်ဟု သုတေသီများက ပြောသည်။ ဆန်ဆေတိုပါတီသည် ယခင်က အမတ်နေရာ တနေရာသာရရာမှ မကြာသေးမီက ၁၅ နေရာအထိ ရလာသည်။

“ကျမတို့ဟာ ကျမတို့ကို အမာခံထောက်ခံသူတွေ၊ ကွန်ဆာဗေးတစ်တွေနဲ့ ပါတီဝင်တွေထံက အထူးပြင်းထန်တဲ့ ဝေဖန်မှုတွေ ရနေတယ်” ဟု မစ္စ တာကာအိချိက ဝန်ခံသည်။ “LDP ဟာ ဂျပန်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် အပြောင်းအလဲ လုပ်ရမယ်။ အမျိုးသားအကျိုးစီးပွားကို အမြဲတမ်း ပထမဦးစားပေးနေရာမှာထားပြီး နိုင်ငံကို ချိန်ခွင်လျှာညီမှုနဲ့ စီမံရမယ်” ဟု သူကပြောသည်။

နိုင်ငံခြားရေးမူဝါဒတွင် သူသည် ရှင်ဇို အာဘေး၏ “လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်”၊ အမေရိကန်နှင့် Quad (အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျ) မဟာမိတ်များနှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဖြစ်ပွားမှုဟန့်တားရေး တောင့်တင်းစေရန် ဒေသတွင်းမိတ်ဖက်များနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်ကို ထောက်ခံသည်။

နိုင်ငံခြားရေးမူဝါဒတွင် သူသည် ရှင်ဇို အာဘေး၏ “လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်”၊ အမေရိကန်နှင့် Quad (အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျ) မဟာမိတ်များနှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဖြစ်ပွားမှုဟန့်တားရေး တောင့်တင်းစေရန် ဒေသတွင်းမိတ်ဖက်များနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်ကို ထောက်ခံသည်။

ကာကွယ်ရေးစရိတ် တိုးမြှင့်ရန်နှင့် ငြိမ်းချမ်းရေးဖွဲ့စည်းပုံကို ပြင်ဆင်ရန် ရှင်ဇို အာဘေး၏ တွန်းအားကို ပြီးပြတ်အောင် ဆောင်ရွက်ရန် သူက ကတိပြုသည်။ မစ္စ တာကာအိချိသည် စောင့်ဆိုင်းနေသည့် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၅၀ တန် အမေရိကန်-ဂျပန် ကုန်သွယ်ရေး သဘောတူညီချက်ကိုလည်း ဆက်လက်ကိုင်တွယ်ရသည်။ သို့သော် ထိုသဘောတူညီချက်၏ အသေးစိတ်များကို မဖြေရှင်းရသေးပေ။

ပြည်တွင်းတွင် သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုသည် အစိတ်စိတ်အမွှာမွှာ ကွဲနေသည့် LDP ကို ညီညွတ်စေရေးနှင့် ပြည်သူ့ယုံကြည်မှု ပြန်လည်ရရှိရေးဖြစ်သည်။ ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်တွင် အမျိုးသမီးပါဝင်မှု ၁၅ ရာခိုင်နှုန်းသာရှိပြီး ပြည်နယ်အုပ်ချုပ်ရေးမှူ ၄၇ နေရာတွင် အမျိုးသမီး နှစ်ဦးသာ ပါဝင်သည်။

အမျိုးသမီးဝန်ကြီးအရေအတွက် သိသိသာသာတိုးရန် သူက ကတိပြုသော်လည်း အမျိုးသားသြဇာကြီးမားသူများကို သစ္စာခံမှုက အမှန်တကယ် တိုးတက်မှုကို အကန့်အသတ်ဖြစ်စေမည်ဟု ကျွမ်းကျင်သူများက သတိပေးသည်။

မစ္စ တာကာအိချိ ရွေးကောက်ခံရခြင်းသည် ပကတိအခြေအနေ နှစ်ခုကို ဖော်ပြနေသည်။ အမျိုးသားလွှမ်းမိုးသော ဂျပန်နိုင်ငံရေးတွင် အမျိုးသမီးများအတွက် ထူးခြားသော သမိုင်းဝင်ဖြစ်ရပ်နှင့် ကွန်ဆာဗေးတစ် စဉ်ဆက်မပြတ်မှု ဖြစ်သည်။

သူသည် ဂျပန်နိုင်ငံရေးကို ပြောင်းလဲစေမည် သို့မဟုတ် ပုံစံဟောင်းများ ပိုမို တောင့်တင်းအောင် လုပ်မည်ကို ရေရာစွာ မသိရပေ။ သူအောင်မြင်ပါက သူသည် ဂျပန်ကွန်ဆာဗေးတစ်ဝါဒကို ပြန်လည်ဖွင့်ဆိုပြီး နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် “သံမဏိ အမျိုးသမီးကြီး” ၏ အစဉ်အလာကို ခိုင်မာစေမည်ဖြစ်သည်။

(Times Now ပါ Diana George ၏ Japan’s Male-Dominated Politics Faces A New ‘Iron Lady’: Could Sanae Takaichi Be Its Thatcher? ကို ဘာသာပြန်သည်။)

You may also like these stories:

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

အဏုမြူဗုံးငရဲ ထပ်မဖြစ်စေရန် ဂျပန်မှ နောက်ဆုံး ရှင်ကျန်သူများ တောင်းဆို

စစ်ကောင်စီပို့သည့် ဆင်များ လက်မခံရန် ဂျပန်တိရိစ္ဆာန်ရုံကို တိုက်တွန်း

မြန်မာ့တော်လှန်ရေးအတွက် ဂျပန်ကို အကူအညီတောင်း

ဂျပန်တွင် မြန်မာလုပ်သားများ အလျင်မြန်ဆုံး တိုးပွားနေ

Your Thoughts …
Tags: LDPဂျပန်ဆာနာအဲ တာကာအိချိနိုင်ငံရေးရွေးကောက်ပွဲ
Diana George

Diana George

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ဆောချောင်း ရေကြောင်းပိတ်၍ ဆည်သဖွယ်ဖြစ်လာမှု ဒေသခံများ စိုးရိမ်

ဆောချောင်း ရေကြောင်းပိတ်၍ ဆည်သဖွယ်ဖြစ်လာမှု ဒေသခံများ စိုးရိမ်

ရွေးကောက်ပွဲဝင်မယ့် လူငယ်တွေ သမိုင်းကို နားလည်သင့်တယ် (ရုပ်/သံ)

ရွေးကောက်ပွဲဝင်မယ့် လူငယ်တွေ သမိုင်းကို နားလည်သင့်တယ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved