နံနက်ခင်း အစောပိုင်းသာ ရှိသေးသော်လည်း ပူလောင်နေပြီ ဖြစ်သည်။ နဖူးမှ ချွေးများကို သုတ်လိုက်ရင်း ချီအဲကို ကီရီအာကေသည် အရိပ်ရသည့်နေရာ ရှာဖွေလိုက်သည်။ ထိုသို့ လုပ်နေစဉ် မျက်စိကန်းလောက်သည့် အလင်းရောင်ကို မြင်လိုက်ရသည်။ ထိုအချင်းအရာသည် အသက် ၁၅ နှစ်အရွယ် သူမ ဘဝတွင် မကြုံဖူးသည့် အချင်းအရာ ဖြစ်သည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ဖြစ်သည်။
“နေမင်းကြီး ပြုတ်ကျလာသလို ခံစားရပြီး မူးဝေလာတယ်” ဟု ၎င်းက ပြောသည်။
အမေရိကန် ပြည်ထောင်စုသည် ချီအဲကို၏ ဇာတိမြို့ ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲချလိုက်ခါစဖြစ်ပြီး စစ်ရေးတွင် နျူကလီးယားလက်နက် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်။ ဥရောပတွင် ဂျာမနီ လက်နက်ချလိုက်ပြီ ဖြစ်သော်လည်း ဒုတိယကမ္ဘာစစ် တိုက်နေသည့် မဟာမိတ်တပ်များသည် ဂျပန်နှင့် စစ်ဖြစ်နေဆဲ ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ချီအဲကို၏ ဇာတိမြို့ ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲချလိုက်ခါစဖြစ်ပြီး စစ်ရေးတွင် နျူကလီးယားလက်နက် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်။ ဥရောပတွင် ဂျာမနီ လက်နက်ချလိုက်ပြီ ဖြစ်သော်လည်း ဒုတိယကမ္ဘာစစ် တိုက်နေသည့် မဟာမိတ်တပ်များသည် ဂျပန်နှင့် စစ်ဖြစ်နေဆဲ ဖြစ်သည်။
ချီအဲကိုသည် ကျောင်းသူတဦး ဖြစ်သော်လည်း အတန်းကြီးသည့် ကျောင်းသား အများအပြားကဲ့သို့ပင် စစ်အတွင်း စက်ရုံများတွင် အလုပ်လုပ်ရန် စေလွှတ်ခံရသည်။ သူသည် ဒဏ်ရာရနေသည့် သူငယ်ချင်းတယောက်ကို ကျောပိုးပြီး ကျောင်းသို့ ထော့နင်းထော့နင်းသွားသည်။ ကျောင်းသားအများအပြားသည် အပြင်းအထန် အပူလောင်နေကြသည်။ အိမ်တွင်း စီးပွားရေးစာသင်ခန်းတွင် တွေ့ရသည့် ဆီအဟောင်းများကို သူတို့၏ ဒဏ်ရာများပေါ်သို့ လိမ်းပေးသည်။
“အဲဒါက သူတို့အတွက် ကျမတို့ ကုသပေးနိုင်တဲ့ တခုတည်းသော အရာပဲ။ တယောက်ပြီးတယောက် သေဆုံးကုန်တယ်” ဟု မစ္စ ချီအဲကိုက ပြောသည်။
“ရှင်ကျန်ရစ်တဲ့ ကျမတို့လို အတန်းကြီးတဲ့ ကျောင်းသားကျောင်းသူတွေကို ကျမတို့ဆရာတွေက ကစားကွင်းထဲမှာ ကျင်းတခုတူးခိုင်းပြီး ကျမရဲ့အတန်းဖော်တွေကို ကျမလက်နဲ့ မြှုပ်နှံခဲ့ရတယ်။ သူတို့အတွက် ကျမ ဆိုးဆိုးရွားရွား ခံစားရတယ်” ဟု ပြောသည်။
မစ္စ ချီအဲကိုသည် ယခုအခါ အသက် ၉၄ နှစ်ရှိပြီဖြစ်သည်။ ဟီရိုရှီးမားနှင့် နာဂါစာကီမြို့ပေါ်သို့ ဗုံးကြဲချခဲ့သည်မှာ နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်ပြီး ဂျပန်ဘာသာစကားဖြင့် ‘ဟီဘာကူရှာ’ ဟုခေါ်သည့် ရှင်ကျန်ရစ်သူများအတွက် ၎င်းတို့၏ ဇာတ်လမ်းများကို ပြောပြရန် အချိန်နည်းလာပြီ ဖြစ်သည်။
အဏုမြူတိုက်ခိုက်မှုကြောင့် အများအပြားသည် ကျန်းမာရေးပြဿနာများဖြင့် နေထိုင်ရပြီး ချစ်ခင်ရသူများကို ဆုံးရှုံးကာ ခွဲခြားဆက်ဆံခံရသည်။ ယခုအခါ ၎င်းတို့သည် အနာဂတ်အတွက် သတိပေးချက်တခု ဖြစ်လာမည့် အတိတ်ကို မှတ်တမ်းတင်သော BBC Two ၏ ရုပ်ရှင်တကားအတွက် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေနေကြသည်။
ဝမ်းနည်းကြေကွဲမှုအပြီးတွင် သူ၏မြို့သို့ ဘဝသစ်ပြန်လည် စတင်ကြောင်း မစ္စ ချီအဲကိုက ပြောသည်။
“၇၅ နှစ်လောက် မြက်တွေ ပြန်ပေါက်မှာ မဟုတ်ဘူးလို့ လူတွေက ပြောတယ်။ ဒါပေမယ့် နောက်နှစ် နွေဦးရောက်တော့ စာကလေးတွေ ပြန်လာကြတယ်” ဟု ၎င်းက ပြောသည်။
သူ၏ဘဝတွင် သေလုနီးပါး အချိန်များစွာ ကြုံတွေ့ဖူးသော်လည်း ကြီးကျယ်မြင့်မြတ်သည့် တန်ခိုးတခုက သူ့ကို ရှင်သန်အောင် ထိန်းသိမ်းထားပေးသည်ဟု ယုံကြည်ကြောင်း မစ္စ ချီအဲကိုက ပြောသည်။
ယနေ့ သက်ရှိထင်ရှားရှိသေးသော ဟီဘာကူရှာများသည် အဏုမြူဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားချိန်က ကလေးငယ်များသာ ဖြစ်သည်။ ဗုံးဒဏ်ခံပြည်သူများဟု အဓိပ္ပာယ်ရသည် ဟီဘာကူရှာများ အသက်အရွယ် ကြီးရင့်လာချိန်တွင် ကမ္ဘာ့ပဋိပက္ခများလည်း ပြင်းထန်လာသည်။ ၎င်းတို့အတွက် နျူကလီးယား စစ်အန္တရာယ်သည် ယခင်ကထက် ပိုမိုစစ်မှန်သည်။
ယနေ့ သက်ရှိထင်ရှားရှိသေးသော ဟီဘာကူရှာများသည် အဏုမြူဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားချိန်က ကလေးငယ်များသာ ဖြစ်သည်။ ဗုံးဒဏ်ခံပြည်သူများဟု အဓိပ္ပာယ်ရသည် ဟီဘာကူရှာများ အသက်အရွယ် ကြီးရင့်လာချိန်တွင် ကမ္ဘာ့ပဋိပက္ခများလည်း ပြင်းထန်လာသည်။ ၎င်းတို့အတွက် နျူကလီးယား စစ်အန္တရာယ်သည် ယခင်ကထက် ပိုမိုစစ်မှန်သည်။
“ကျမ ခန္ဓာကိုယ်တွေတုန်ပြီး မျက်ရည်တွေ စီးကျလာတယ်” ဟု အသက် ၈၆ နှစ်အရွယ် မစ္စ မီချီကို ကိုဒါမာက ယူကရိန်းကို ရုရှားကျူးကျော်မှုနှင့် အစ္စရေး-ဂါဇာ စစ်ပွဲကဲ့သို့ ယနေ့ကမ္ဘာတဝန်းမှ ပဋိပက္ခများအကြောင်း စဉ်းစားရင်းပြောသည်။ “အဏုမြူဗုံးငရဲကို ကျမတို့ ပြန်လည် မဖန်တီးရဘူး။ အကျပ်အတည်းဖြစ်နေသလို ခံစားနေရတယ်” ဟုလည်း ၎င်းကပြောသည်။
မစ္စ မီချီကိုသည် နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ကျော်ကြားသော လှုပ်ရှားသူဖြစ်ပြီး ကွယ်လွန်သူများ၏ အသံကို ကြားနိုင်ရန် ထုတ်ဖော်ပြောဆိုကာ နောက်မျိုးဆက်သစ်များသို့ သက်သေခံချက်များ လက်ဆင့်ကမ်းပေးသည်။
“ဗုံးဒဏ်ကို တိုက်ရိုက်တွေ့ကြုံရတဲ့ ဟီဘာကူရှာတွေရဲ့ ကိုယ်တွေ့ ပြောကြားချက်တွေကို နားထောင်ဖို့ အရေးကြီးတယ်လို့ ထင်တယ်” ဟု ၎င်းကပြောသည်။
ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲချိန်တွင် အသက် ၇ နှစ်ရှိပြီဖြစ်သော မီချီကိုသည် ကျောင်းတွင် ရောက်နေသည်။
“ပြင်းထန်တဲ့ အလင်းရောင်တခုက ကျမတို့ဆီကို အရှိန်အဟုန်နဲ့ လာနေတာကို စာသင်ခန်း ပြတင်းပေါက်တွေကနေ တွေ့နေရတယ်။ အဝါရောင်၊ လိမ္မော်ရောင်၊ ငွေရောင်တွေ” ဟု ၎င်းကပြောသည်။
ပြတင်းမှန်များ ကွဲကုန်ပြီး စာသင်ခန်းတခုလုံးတွင် ပြန့်ကျဲနေကြောင်း၊ အပျက်အစီးများ နေရာတိုင်းတွင် ဖြစ်ကုန်ကာ နံရံများ၊ စာရေးစားပွဲများ၊ ကုလားထိုင်များတွင် စိုက်ဝင်နေကြောင်း ပြောပြသည်။
“မျက်နှာကြက် ပြိုကျလာတယ်။ ဒါကြောင့် စားပွဲအောက်မှာ ဝင်နေရတယ်” ဟု မစ္စ မီချီကိုက ပြောသည်။
ပေါက်ကွဲမှုအပြီးတွင် မီချီကိုသည် ပျက်စီးနေသည့် အခန်းတွင်းကို ကြည့်မိသည်။ ကြည့်မိသည့်နေရာတိုင်းတွင် လက်များ၊ ခြေများညပ်နေသည်ကို သူတွေ့ရသည်။
“ကျမ စာသင်ခန်းထဲမှာ တွားသွားပြီး စင်္ကြံကို ထွက်ရတယ်။ ကျမ သူငယ်ချင်းတွေက ငါ့ကိုကယ်ပါလို့ ပြောနေကြတယ်” ဟု ၎င်းကပြောသည်။
သူ့ဖခင်က ကျောင်းသို့ ရောက်သောအခါ သူ့ကို ကျောပိုးပြီး အိမ်သို့ပြန်ရသည်။
ရွံ့နှင့်တူသော အမည်းရောင်မိုးများ ကောင်းကင်မှ ကျလာကြောင်း မီချီကိုက ပြောသည်။ ရေဒီယိုသတ္တိကြွပစ္စည်းများနှင့် ပေါက်ကွဲမှု အကြွင်းအကျန်များ ရောနှောကျလာခြင်း ဖြစ်သည်။
ရွံ့နှင့်တူသော အမည်းရောင်မိုးများ ကောင်းကင်မှ ကျလာကြောင်း မီချီကိုက ပြောသည်။ ရေဒီယိုသတ္တိကြွပစ္စည်းများနှင့် ပေါက်ကွဲမှု အကြွင်းအကျန်များ ရောနှောကျလာခြင်း ဖြစ်သည်။
ထိုအိမ်အပြန်ခရီးကို သူတသက်လုံးမမေ့ နိုင်တော့ပေ။
“ငရဲပြည်က မြင်ကွင်းပဲ” ဟု မစ္စ မီချီကိုက ပြောသည်။ “ကျမတို့ဆီကို လွတ်မြောက်လာသူတွေက အဝတ်အစားတွေ လုံးဝ လောင်ကျွမ်းကုန်ပြီး အသားတွေ အရည်ပျော်နေတယ်” ဟုလည်း ပြောသည်။
သူနှင့်ရွယ်တူခန့် မိန်းကလေးငယ်တဦးအား တဦးတည်းတွေ့ရပုံကို သူကပြန်ပြောပြသည်။ ထိုမိန်းကလေးသည် ဆိုးဆိုးရွားရွား အပူလောင်ခံထားရသည်။
“ဒါပေမယ့် သူ့မျက်လုံးတွေက ပြူးနေတယ်။ အဲဒီ မိန်းကလေးရဲ့ မျက်လုံးတွေက ကျမစိတ်ထဲကို ထိုးဖောက်နေတယ်။ သူ့ကို မမေ့နိုင်ဘူး” ဟု မစ္စ မီချီကိုက ပြောသည်။
“၇၈ နှစ် ကြာတာတောင်မှ သူ့ကို ကျမစိတ်၊ ဝိညာဉ်ထဲမှာ စွဲထင်နေတယ်” ဟုလည်း ၎င်းကပြောသည်။
သူ၏ မိသားစုသည် ယခင်အိမ်ဟောင်းတွင်သာ ဆက်လက်နေထိုင်ပါက မီချီကို ယနေ့ အသက်ရှင်နေနိုင်မည် မဟုတ်ပေ။ ထိုအိမ်ဟောင်းသည် ဗုံးကျပေါက်ကွဲသည့်နေရာနှင့် မီတာ ၃၅၀ (၀ ဒသမ ၂၁ မိုင်) သာ ဝေးသည်။ ထိုမပေါက်ကွဲမီ ရက် ၂၀ ခန့်ကမှ သူတို့မိသားစုသည် ကီလိုမီတာ အနည်းငယ်ဝေးသည့် နေရာသို့ ပြောင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြောင်းရွှေ့ခဲ့သောကြောင့် သူအသက်ရှင်နေခြင်း ဖြစ်သည်။
၁၉၄၅ ခုနှစ် ကုန်သောအခါ ဟီရိုရှီးမားတွင် အသက်ဆုံးရှုံးသူ ၁၄၀,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းကြသည်။
နောက် သုံးရက်အကြာတွင် အမေရိကန် ပြည်ထောင်စုက အဏုမြူဗုံးကြဲသည့် နာဂါစာကီတွင် လူအနည်းဆုံး ၇၄,၀၀၀ သေဆုံးသည်။
ဆုအဲအိချိ ကီဒိုသည် နာဂါစာကီပေါက်ကွဲမှု ဗဟိုချက်မှ ၂ ကီလိုမီတာ (၁ ဒသမ ၂၄ မိုင်) သာ ဝေးသောနေရာတွင် နေသည်။ ထိုစဉ်က အသက် ၅ နှစ်သာ ရှိသေးသောသူသည် မျက်နှာတခြမ်း အပူလောင်ခံရသည်။ ပိုမိုပြင်းထန်သော ဒဏ်ရာများရသည့် သူ၏မိခင်က ပေါက်ကွဲမှုဒဏ် အပြည့်အဝ မခံစားရစေရန် ကာကွယ်ပေးထားသည်။
“ကျနော်တို့ ဟီဘာကူရှာတွေက နောက်ထပ် ဟီဘာကူရှာတွေ ဖန်တီးမှု တားဆီးရေးဆိုတဲ့ ကျနော်တို့ ရည်မှန်းချက်ကို ဘယ်တော့မှ မစွန့်လွှတ်ဘူး” ဟု အသက် ၈၃ နှစ်ရှိပြီဖြစ်သော မစ္စတာ ဆုအဲအိချိက ပြောသည်။ သူသည် နျူကလီးယားလက်နက် အန္တရာယ်ကို သတိပေးရန်အတွက် မကြာသေးမီက နယူးယောက်သို့သွားပြီး ကုလသမဂ္ဂတွင် မိန့်ခွန်းတခု ပြောကြားခဲ့သည်။
“ကျနော်တို့ ဟီဘာကူရှာတွေက နောက်ထပ် ဟီဘာကူရှာတွေ ဖန်တီးမှု တားဆီးရေးဆိုတဲ့ ကျနော်တို့ ရည်မှန်းချက်ကို ဘယ်တော့မှ မစွန့်လွှတ်ဘူး” ဟု အသက် ၈၃ နှစ်ရှိပြီဖြစ်သော မစ္စတာ ဆုအဲအိချိက ပြောသည်။ သူသည် နျူကလီးယားလက်နက် အန္တရာယ်ကို သတိပေးရန်အတွက် မကြာသေးမီက နယူးယောက်သို့သွားပြီး ကုလသမဂ္ဂတွင် မိန့်ခွန်းတခု ပြောကြားခဲ့သည်။
ပေါက်ကွဲမှုအရှိန်ကြောင့် သတိလစ်ပြီး ပြန်လည် သတိရလာသောအခါ သူမြင်တွေ့ရသည့် ပထမဆုံး မှတ်မိသောအရာမှာ အနီရောင် ဆီသံဘူးကလေးတခု ဖြစ်သည်။ ထိုဆီဘူး ပေါက်ကွဲပြီး ပတ်ဝန်းကျင်ကို ပျက်စီးစေသည်ဟု နှစ်ပေါင်းများစွာ သူထင်ခဲ့သည်။
ထိုအထင်မှားခြင်းကို သူ့မိဘများက အမှန်ပြင်ပေးခြင်းမရှိဘဲ နျူကလီးယားတိုက်ခိုက်မှု ဖြစ်ခဲ့သည်ဆိုသည့် အချက်ကို မသိစေရန် ရွေးချယ်ခဲ့သည်။ သို့သော် ထိုအကြောင်းကို သူပြောတိုင်း မိဘများ ငိုကြသည်။
ဒဏ်ရာအားလုံးကို ချက်ချင်း မမြင်ရပေ။ ပေါက်ကွဲမှုဖြစ်ပြီး ရက်သတ္တပတ်များ၊ လများကြာမှသာ အထက်ပါ မြို့ နှစ်မြို့မှ လူများတွင် ဓာတ်ရောင်ခြည် အဆိပ်သင့်သည့် လက္ခဏာများ ပြသလာကြပြီး သွေးကင်ဆာနှင့် ကင်ဆာဖြစ်ပွားမှု မြင့်မားလာသည်။
ရှင်ကျန်သူများသည် လူ့အဖွဲ့အစည်းတွင် ခွဲခြားဆက်ဆံမှုခံရပြီး အထူးသဖြင့် အိမ်ထောင်ဘက် ရွေးချယ်ရာတွင် ခွဲခြားဆက်ဆံခံရသည်။
“ငါတို့မျိုးဆက်ထဲကို ဟီဘာကူရှာသွေးနှောမှာ မလိုချင်ဘူးလို့ ကျမ အပြောခံရတယ်။ ဒါပေမယ့် နောက်တော့ ကျမ တကယ်အိမ်ထောင်ကျပြီး ကလေး နှစ်ယောက်ရခဲ့တယ်” ဟု မစ္စ မီချီကိုက ပြောသည်။
သူ၏မိခင်၊ ဖခင်နှင့် မောင်နှမ တော်သူ နှစ်ဦး ကင်ဆာကြောင့် ကွယ်လွန်သည်။ သူ၏ သမီးသည်လည်း ကင်ဆာကြောင့်ပင် ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သည်။ “ကျမ အထီးကျန်တယ်၊ ဒေါသထွက်တယ်၊ ကြောက်တယ်။ ပြီးတော့ နောက်တခါ ငါ့အလှည့်လားလို့ ထင်မိတယ်” ဟု ပြောသည်။
ဗုံးဒဏ်ကြောင့် မသေဘဲ လွတ်မြောက်လာသူ နောက်တဦးဖြစ်သော ကီယိုမီ အီဂူရိုသည် နာဂါစာကီမြို့ ဗုံးကြဲခံရချိန်တွင် အသက် ၁၉ နှစ် ရှိပြီဖြစ်သည်။ ဆွေမျိုးဝေးသော မိသားစုတွင် အိမ်ထောင်ကျပြီး ကိုယ်ဝန်ပျက်ကျကြောင်း ၎င်းကပြောသည်။ ထိုသို့ ကလေးပျက်ကျခြင်းမှာ အဏုမြူဗုံးဒဏ်ကြောင့် ဖြစ်သည်ဟု သူ၏ယောက္ခမက ယူဆသည်။
“နင့်ရဲ့အနာဂတ်က ကြောက်စရာကောင်းတယ်လို့ ယောက္ခမက ကျမကို ပြောတယ်” ဟု ၎င်းက ပြန်ပြောပြသည်။
အဏုမြူဗုံးဒဏ်ခံခဲ့ရသည့်အကြောင်း အိမ်နီးချင်းများကို မပြောရန်လည်း သူ့ကို မှာထားကြောင်း မစ္စ ကီယိုမီက ပြောသည်။
မှတ်တမ်းရုပ်ရှင်အတွက် တွေ့ဆုံမေးမြန်းပြီးနောက် မစ္စ ကီယိုမီ ဝမ်းနည်းဖွယ် ကွယ်လွန်ခဲ့သည်။
မစ္စ ကီယိုမီသည် အသက် ၉၈ နှစ်အရွယ်အထိ ငြိမ်းချမ်းရေးဆုတောင်းရန် နာဂါစာကီရှိ ငြိမ်းချမ်းရေးဥယျာဉ်သို့ သွားရောက်ပြီး မြို့ကို ဗုံးထိမှန်သည့်အချိန်ဖြစ်သော ၁၁ နာရီ ၂ မိနစ်တွင် ခေါင်းလောင်းတီးခဲ့သည်။
မစ္စတာ ဆုအဲအိချိသည် တက္ကသိုလ်တွင် ဂျပန်သမိုင်း သင်ကြားပို့ချသည်။ သူ့ကို ဟီဘာကူရှာဟု သိခြင်းသည် သူ့ပုံရိပ်အပေါ် အရိပ်မည်းကျစေကြောင်း ပြောသည်။ ထို့နောက် သူသည် သာမန်လူသား မဟုတ်ကြောင်း သဘောပေါက်လာပြီး လူသားမျိုးနွယ်ကို ကယ်တင်ရေးအတွက် ထုတ်ဖော်ပြောဆိုရန် တာဝန်ရှိသည်ဟု ခံစားရကြောင်း ပြောသည်။
မစ္စတာ ဆုအဲအိချိသည် တက္ကသိုလ်တွင် ဂျပန်သမိုင်း သင်ကြားပို့ချသည်။ သူ့ကို ဟီဘာကူရှာဟု သိခြင်းသည် သူ့ပုံရိပ်အပေါ် အရိပ်မည်းကျစေကြောင်း ပြောသည်။ ထို့နောက် သူသည် သာမန်လူသား မဟုတ်ကြောင်း သဘောပေါက်လာပြီး လူသားမျိုးနွယ်ကို ကယ်တင်ရေးအတွက် ထုတ်ဖော်ပြောဆိုရန် တာဝန်ရှိသည်ဟု ခံစားရကြောင်း ပြောသည်။
“ကျနော်ဟာ တဖန် ပြန်လည်မွေးဖွားလာတဲ့ ထူးခြားတဲ့သူဖြစ်တယ်ဆိုတဲ့ အသိမျိုးပေါ့” ဟု ၎င်းကပြောသည်။
ထိုခံစားချက်သည် ဟီဘာကူရှာတိုင်း ခံစားရသည့် တခုသော အတိတ်သည် ပစ္စုပ္ပန် ပြန်လည် မဖြစ်စေရန် ခိုင်မာသော ဆုံးဖြတ်ချက်ဖြစ်သည်။
(BBC ပါ Lucy Wallis ၏ ‘Atomic bomb hell must never be repeated’ say Japan’s last survivors ကို ဘာသာပြန်သည်။)
နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ
စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်
မြန်မာစစ်တပ်၏ နျူကလီးယား ရည်မှန်းချက်မှတ်တမ်း
ယခင်စစ်အုပ်စုကဲ့သို့ စစ်ကောင်စီလည်း နျူလက်နက် ပိုင်ဆိုင်လို
နျူလက်နက် တားဆီးရေး စာချုပ်တွင် မြန်မာလက်မှတ်ရေးထိုး
မြန်မာတွင် နျူကလီးယားစက်ရုံ ဆောက်ရန် ရုရှား အတည်ပြု
ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဂျပန်နိုင်ငံက ဟီရိုရှီးမား အမှတ်တရ ပြတိုက်