• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နျူလက်နက် တားဆီးရေး စာချုပ်တွင် မြန်မာလက်မှတ်ရေးထိုး

by ဧရာဝတီ
28 September 2018
in သတင်း
A A
နျူကလီးယား လက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် လက်မှတ်ရေးထိုးစဉ်  / Ministry of Foreign Affair Myanmar's / Facebook

နျူကလီးယား လက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် လက်မှတ်ရေးထိုးစဉ် / Ministry of Foreign Affair Myanmar's / Facebook

8.8k
VIEWS
Share on FacebookShare on Twitter

နျူကလီးယား လက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (TPNW) ကို မြန်မာနိုင်ငံက စက်တင်ဘာလ ၂၆ ရက်နေ့တွင် နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပသော အခမ်းအနားတခု၌ လက်မှတ် ရေးထိုး လိုက်သည်။

ထိုသို့ လက်မှတ်ရေးထိုးရန် လွှတ်တော်က လွန်ခဲ့သောတပတ်က သဘောတူခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်အရ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်သည် မြန်မာ ကိုယ်စားလှယ်များ တက်ရောက်နေသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေချိန်အတွင်း လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

TPNW ကို လက်မှတ်ရေးထိုးရန် စက်တင်ဘာလ ဒုတိယပတ်အတွင်းက သမ္မတ ဦးဝင်းမြင့်သည် လွှတ်တော်၏ သဘောတူညီချက်ကို ရရှိခဲ့သည်။ ထိုသို့ လက်မှတ်ရေးထိုးရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များကလည်း သဘောတူခဲ့ကြသည်။

အစိုးရသည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးကို ထောက်ခံသည်ဟု ဦးကျော်တင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။ နျူကလီးယား လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုသည် နျူကလီးယား လက်နက်များ ပျံ့နှံ့မှုနှင့် ထိုကဲ့သို့သော လက်နက်မျာကို ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ မတော်တဆဖြစ်စေ အသုံးပြုခြင်းကို တားဆီးသည့် တခုတည်းသော နည်းလမ်းဖြစ်သည်ဟု မြန်မာအစိုးရက ယုံကြည်ကြောင်း ဦးကျော်တင်က ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
10
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
9
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
20

ထိုစာချုပ်ကို လက်မှတ်ရေးထိုးခြင်းကြောင့် မြန်မာနိုင်ငံသည် နျူကလီးယား လက်နက်များ ထုတ်လုပ်နေသည် ဟူသည့် သံသယများကို ရှင်းလင်းသွားစေမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး ဇော်ထွန်းဦးက လွှတ်တော်တွင်ပြောသည်။

ထိုစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုသည့် ပြဌာန်းချက်များအရ အဖွဲ့ဝင်များသည် နျူကလီးယား လက်နက်မထုတ်လုပ်ရန်၊ မစမ်းသပ်ရန်၊ မရယူရန်၊ မပိုင်ဆိုင်ရန်၊ မသိုလှောင်ရန်၊ အသုံးမပြုရန် သို့မဟုတ် အသုံးပြုမည်ဟု မခြိမ်းခြောက်ရန် စသည့် နျူကလီးယား လက်နက်နှင့် ပတ်သက်သော လုပ်ရပ်များကို တားဆီးသည့် ကျယ်ပြန့်သော ကတိကဝတ်များကို လိုက်နာရမည်ဖြစ်သည်။

ထိုစာချုပ်အရ နိုင်ငံပိုင်နက်တွင် နျူကလီးယားလက်နက်များ ဖြန့်ချထားခြင်းအပါအဝင် တားမြစ်ထားသော လုပ်ရပ်များကို လိုက်နာရန် မည်သည့်နိုင်ငံသို့မဆို အကူအညီပေးရန်လည်း လိုအပ်သည်။

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် မပျံ့ပွားရေး သဘောတူစာချုပ်ကို ၁၉၉၂ ခုနှစ်က လက်မှတ် ရေးထိုခဲ့ပြီး အရှေ့တောင်အာရှ နျူကလီးယားကင်းမဲ့ဇုန် သဘောတူစာချုပ်ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးကာ နျူကလီးယားလက်နက် မထုတ်လုပ်ရန် ကတိပြုခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့်လည်း Comprehensive Safeguards Agreement နှင့် Small Quantities Protocol တို့ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည်။

သို့သော် ၂၀၀၀ ပြည့်နှစ်များအတွင်း ထိုစဉ်က စစ်အစိုးရသည် မြောက်ကိုရီးယားနိုင်ငံနှင့် လက်နက်ရောင်းချမှု၊ နျူကလီးယား လက်နက်ထုတ်လုပ်မှုနှင့် နျူကလီးယားထိပ်ဖူး နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ ရှိသောကြောင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ ရှိလာသည်။

မြန်မာနိုင်ငံသည် နျူကလီးယား ဒုံးကျည်နှင့် နျူကလီးယား လက်နက်နည်းပညာများ ရယူရန် မျှော်လင့်ချက်ဖြင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ထူထောင်ခဲ့သည်ဟု ဝါရှင်တန် အခြေစိုက် နျူကလီးယား ခြိမ်းခြောက်မှု အစီအစဉ်က ပြောကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံသည် နျူကလီးယား စမ်းသပ်မှုပိတ်ပင်ရေး သဘောတူစာချုပ် (CTBT) ကို ၂၀၁၆ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော်လည်း အတည်ပြုရခြင်း မရှိသေးပေ။

နိုင်ငံပေါင်း ၆၇ နိုင်ငံတို့က ထိုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အာစီယံ အဖွဲ့ဝင်များဖြစ်သော အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဘရူနိုင်းနှင့် ဗီယက်နမ် အပါအဝင် နောက်ထပ် ၁၉ နိုင်ငံက လက်မှတ်ရေးထိုးရန် သဘောတူထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Your Thoughts …
Tags: နိုင်ငံခြားရေးနျူလက်နက် တားဆီးရေး စာချုပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အာဆီယံအစည်းအဝေးသို့ အကြီးတန်းအရာရှိတဦး စစ်ကောင်စီ ပထမဆုံး စေလွှတ်

အာဆီယံအစည်းအဝေးသို့ အကြီးတန်းအရာရှိတဦး စစ်ကောင်စီ ပထမဆုံး စေလွှတ်

by ဧရာဝတီ
29 January 2024
3.5k

မြန်မာစစ်ကောင်စီလက်အောက်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်သည် လုံပရာဘန်းမြို့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ခဲ့သည်။

ဗဟိုဘဏ်၊ စီးပွားကူးသန်း၊ လဝကနှင့် နိုင်ငံခြားရေး ယခုလထဲ ရန်ကုန် ရွှေ့မည်

ဗဟိုဘဏ်၊ စီးပွားကူးသန်း၊ လဝကနှင့် နိုင်ငံခြားရေး ယခုလထဲ ရန်ကုန် ရွှေ့မည်

by ဧရာဝတီ
18 April 2025
2.6k

လက်ရှိတွင် ယာယီတဲထိုးပြီး လည်ပတ်နေရသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ဗဟိုဘဏ် အစရှိသည့် ရုံးများအား ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့ရန် စီစဉ်နေကြောင်း နေပြည်တော်နှင့် နီးစပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ...

ထိုင်းဦးဆောင်မယ့် မြန်မာ့အရေးဆွေးနွေးပွဲက ဘာမျှော်လင့်နိုင်မလဲ (ရုပ်/သံ)

ထိုင်းဦးဆောင်မယ့် မြန်မာ့အရေးဆွေးနွေးပွဲက ဘာမျှော်လင့်နိုင်မလဲ (ရုပ်/သံ)

by ဧရာဝတီ
18 December 2024
336

မြန်မာ့အရေး အကြပ်အတည်းအတွက် အာဆီယံနိုင်ငံတွေအနေနဲ့ ဝိုင်းဝန်း ဖြေရှင်းကြဖို့ ထိုင်းနိုင်ငံက ဦးဆောင် ကျင်းပမယ့် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ဘန်ကောက်မှာ ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

တရုတ်နဲ့ စစ်ကောင်စီ ဝေးသွားပြီလား (ရုပ်/သံ)

တရုတ်နဲ့ စစ်ကောင်စီ ဝေးသွားပြီလား (ရုပ်/သံ)

by စောမေရီ
13 August 2024
292

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း ဟာ သြဂုတ်လ ၈ ရက်က နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ...

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှာ ဘာတွေဆွေးနွေးခဲ့လဲ (ရုပ်/သံ)

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှာ ဘာတွေဆွေးနွေးခဲ့လဲ (ရုပ်/သံ)

by ဧရာဝတီ
8 December 2025
146

ထိုင်း-မြန်မာ နယ်စပ်အနီး လုံခြုံရေးစစ်ဆင်ရေး ဆောင်ရွက်ရာမှာ ပြည်သူတွေကို ထိခိုက်မှုမရှိစေဖို့အထူးသတိထား ဆောင်ရွက်ရန် စစ်ကော်မရှင်နဲ့ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံးမှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာသည့် အတိုင်ပင်ခံ ပုဂ္ဂိုလ်  / ထက်ဝေ / ဧရာဝတီ

ICJ အရေး ပြည်သူ့ ဘဏ္ဍာငွေ သုံးစွဲမှု စာရင်း အစစ်ခံနိုင်တယ်လို့ အစိုးရ ပြော

by ထက်နိုင်ဇော်
15 July 2020
16.1k

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဆိုသော စွပ်စွဲချက် များအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံက သွားရောက် ရင်ဆိုင်နေရချိန် ကုန်ကျစရိတ်များရှိရာ ယင်း ဘဏ္ဍာငွေ သုံးစွဲမှုစရိတ်များ မှန်ကန်မှု...

Next Post
ယနေ့ ဒီဂျစ်တယ်ခေတ်မှာ ဆက်သွယ်ရေးအတွက် ကျနော်တို့ အားလုံး “စမတ်ဖုန်း”တွေကို အဓိက အားထား အသုံးပြုကြပါတယ်

လုံခြုံမှု အမြင့်ဆုံး Messaging App များ

Dateline Irrawaddy : MLM စနစ်နိဂုံးချုပ်သင့်ပြီလား

Dateline Irrawaddy : MLM စနစ်နိဂုံးချုပ်သင့်ပြီလား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved