• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

by Erica Yokoyama
22 September 2025
in ဆောင်းပါး
A A
ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) မှ မစ္စ ဆာနာအဲ တာကိုင်ချီ/AFP

577
VIEWS
Share on FacebookShare on Twitter

အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်မှု ပြိုင်ပွဲမှ ရှေ့ဆုံးပြေးနေသူများတွင် မစ္စ ဆာနာအဲ တာကိုင်ချီ ပါဝင်နေပြီး ဂျပန်နိုင်ငံသည် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ကို မကြာမီတွေ့မြင်ရနိုင်သောကြောင့် အမျိုးသမီးခေါင်းဆောင် ရှားပါးသောနိုင်ငံတွင် အရေးပါသော တိုးတက်မှုဖြစ်သည်။

LDP ပါတီ ခေါင်းဆောင်မှု ရွေးကောက်ပွဲ အောက်တိုဘာလ ၄ ရက်နေ့ မတိုင်မီ သဘောထားတင်းမာသော ကွန်ဆာဗေးတစ် တာကိုင်ချီသည် စိုက်ပျိုးရေးဝန်ကြီး မစ္စတာ ရှင်ဂျီရို ကိုအိဇုမိနှင့်အတူ အများပြည်သူ အကြိုက်ဆုံး ဖြစ်နေသည်။ လွန်ခဲ့သောနှစ်က LDP ခေါင်းဆောင်မှုရွေးပွဲတွင် တာကိုင်ချီသည် နုတ်ထွက်တော့မည့် ဝန်ကြီးချုပ် မစ္စတာ ရှီဂဲရု အီရှီဘာကို ပွတ်ကာသီကာ ရှုံးနိမ့်သည်။

မစ္စ တာကိုင်ချီသည် ပါတီနှင့် ပါလီမန်မဲများ အနိုင်ရပါက ဂျပန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် သမိုင်းဝင်မည်ဖြစ်သည်။ လိင်တန်းတူညီမျှမှု အကန့်အသတ်ဖြင့်သာ တိုးတက်မှုရှိသော၊ အထူးသဖြင့် နိုင်ငံရေးတွင် အကန့်အသတ်ရှိသော နိုင်ငံတနိုင်ငံအတွက် ထိုကိစ္စသည် အရေးပါသော အပြောင်းအလဲကာလ ဖြစ်နိုင်သည်။

မစ္စ တာကိုင်ချီသည် ပါတီနှင့် ပါလီမန်မဲများ အနိုင်ရပါက ဂျပန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် သမိုင်းဝင်မည်ဖြစ်သည်။ လိင်တန်းတူညီမျှမှု အကန့်အသတ်ဖြင့်သာ တိုးတက်မှုရှိသော၊ အထူးသဖြင့် နိုင်ငံရေးတွင် အကန့်အသတ်ရှိသော နိုင်ငံတနိုင်ငံအတွက် ထိုကိစ္စသည် အရေးပါသော အပြောင်းအလဲကာလ ဖြစ်နိုင်သည်။

“အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတာ ကမ္ဘာက ဂျပန်ကို အမြင် အမှန်တကယ် ပြောင်းစေနိုင်တယ်” ဟု နာဂိုယာတက္ကသိုလ်၊ ဥပဒေကျောင်းမှ နိုင်ငံရေးနှင့် လိင်တန်းတူမှု လေ့လာသူ ပါမောက္ခ ဟီရိုကို တာကေဒါက ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208

ဂျပန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ လိင်တန်းတူမှုကွာဟမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၄၈ နိုင်ငံအနက် အဆင့် ၁၁၈ တွင် ရှိနေပြီး ဆီနီဂေါနှင့် အင်ဂိုလာနိုင်ငံတို့ကဲ့သို့ နိုင်ငံများနောက်တွင် ရှိနေသည်။ ဂျပန်နိုင်ငံသည် အမျိုးသမီးများ နိုင်ငံရေးနှင့် စီးပွားရေးတွင် ပါဝင်မှု၌ အထူးသဖြင့် နောက်ကျနေပြီး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်စေ၊ ဘဏ္ဍာရေးဝန်ကြီးဖြစ်စေ၊ ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်စေ မရှိခဲ့ဖူးပေ။

ပါလီမန်တွင် အမျိုးသမီးပါဝင်မှုလည်း အကန့်အသတ်ရှိသည်။ ပိုမို သြဇာကြီးမားသည့် ဂျပန် အောက်လွှတ်တော်တွင် သြဂုတ်လအထိ အမျိုးသမီး ၁၅.၇ ရာခိုင်နှုန်းသာ ပါဝင်ပြီး ကမ္ဘာ့ပျမ်းမျှ ၂၇.၁ ရာခိုင်နှုန်းနှင့် အာရှဒေသ ပျမ်းမျှ ၂၂.၁ ရာခိုင်နှုန်းအောက် များစွာနိမ့်ကျနေကြောင်း ပါလီမန်များသမဂ္ဂ အဆိုအရ သိရသည်။

နာရာခရိုင် ဇာတိ မစ္စ တာကိုင်ချီက ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မစ္စ မာဂရက် သက်ချာသည် သူ့ကို အဓိက စိတ်ဓာတ်တက်ကြွစေသူတဦး ဖြစ်သည်ဟု ပြောသည်။

အမျိုးသမီးရေးရာများတွင် ခိုင်မာသည့် ထောက်ခံသူဟု ယခင်က အမြင်မခံရသော်လည်း မစ္စ တာကိုင်ချီ၏ ရပ်တည်မှုသည် ပြောင်းလဲလာနေသည်။ ကလေးထိန်းများ၏ လုပ်အားခကို တစိတ်တပိုင်း အခွန်လျှော့ပေါ့ရန်နှင့် ဌာနတွင်း ကလေးထိန်းဝန်ဆောင်မှုပေးသော ကုမ္ပဏီများအတွက် အခွန်ဆိုင်းငံ့မှုများကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် သူက အဆိုပြုသည်။

“ကျမဘဝမှာ ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို ကိုယ်တိုင် သုံးကြိမ်လုပ်ဖူးတယ်။ ဒါကြောင့် ကျမရဲ့ ဆုံးဖြတ်ချက်က စောင့်ရှောက်မှုပေးရလို့၊ ကလေးပြုစုပျိုးထောင်ရလို့ ဒါမှမဟုတ် ကလေးတွေ ကျောင်းတက်ဖို့ ငြင်းဆန်လို့ အလုပ်ထွက်ရတဲ့သူ အရေအတွက် လျှော့ချဖို့ပဲ” ဟု မစ္စ တာကိုင်ချီက ပြောသည်။ “ပြည်သူတွေ အသက်မွေးဝမ်းကြောင်း မစွန့်လွှတ်ရတဲ့ လူ့အဖွဲ့အစည်းကို ကျမ ဖန်တီးချင်တယ်” ဟု သူက ဆက်ပြောသည်။

သွေးဆုံးချိန်နှင့် ရုန်းကန်နေရသည့် သူ၏အတွေ့အကြုံကို အခြေခံပြီး မစ္စ တာကိုင်ချီက အမျိုးသမီးများ ကျန်းမာရေး ပြဿနာများကို နိုးကြားမှုမြှင့်တင်ရန်လည်း ကတိပြုသည်။

သွေးဆုံးချိန်နှင့် ရုန်းကန်နေရသည့် သူ၏အတွေ့အကြုံကို အခြေခံပြီး မစ္စ တာကိုင်ချီက အမျိုးသမီးများ ကျန်းမာရေး ပြဿနာများကို နိုးကြားမှုမြှင့်တင်ရန်လည်း ကတိပြုသည်။

တာကိုင်ချီ၏ မျှော်လင့်မထားသည့် ကရုဏာလေသံသည် ကွဲပြားစုံလင်မှုနှင့် လိင်တန်းတူမှု ထောက်ခံသူ လူငယ်ပြုပြင်ပြောင်းလဲရေးသမားဟု မြင်ကြသည့် မစ္စတာ ကိုအိဇုမိအတွက် စိန်ခေါ်မှုဖြစ်နိုင်သည်။ လွန်ခဲ့သောနှစ်တွင် ဇနီးမောင်နှံများ သီးခြားမျိုးရိုးအမည် ဆက်လက် ထိန်းသိမ်းခွင့်ကို ခွင့်ပြုသည့် အဆိုပြုချက်ကို ထောက်ခံသည်။ ထိုကိစ္စသည် လိင်တန်းတူမှုကို ထောက်ခံမှု စမ်းသပ်ချက်ဖြစ်သည်ဟု မြင်ကြသည်။

မစ္စ တာကိုင်ချီသည် ထိုသီးခြားမျိုးရိုးအမည်ကို ခွင့်ပြုသည့်ဥပဒေကို ပြောင်းလဲရန် မည်သည့်ကျိုးစားမှုမဆိုကို ဆန့်ကျင်သော်လည်း ထိုအကြောင်းအရာကို စက်တင်ဘာလ ၁၉ ရက်နေ့က မိနစ် ၉၀ ကြာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်း မရှိပေ။

သို့သော် သူ့ကို ခန့်အပ်ပါက ကျဆုံးမည့် အန္တရာယ် မြင့်မားချိန် အကျပ်အတည်းအတွင်း အမျိုးသမီးများကို ခေါင်းဆောင်မှုအခန်းသို့ မြှင့်တင်ပေးသည့် “glass cliff” ဟုခေါ်သော ဖြစ်ရပ် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ရွေးကောက်ပွဲ မအောင်မြင်မှု နှစ်ခုကြောင့် LDP သည် မည်သည့် လွှတ်တော်တွင်မှ အများစုအနေအထား မရဘဲ အာဏာကို ဆက်လက်ချုပ်ကိုင်ရန် ရုန်းကန်နေရသည်။ နောက်တက်လာမည့် ခေါင်းဆောင်သည် အက်ကြောင်းပေါ်နေသည့် လွှတ်တော်ကို အမွေရမည်ဖြစ်ပြီး အမျိုးသားအသုံးစရိတ်နှင့် စီးပွားရေး အကူအညီ အပါအဝင် အရေးပါသောဥပဒေများ အတည်ပြုရန် အတိုက်အခံပါတီများနှင့် ညှိနှိုင်းရသည့် စိန်ခေါ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။ နောက်တက်မည့်အစိုးရသည် သက်တမ်းတိုပြီး အယုံအကြည်မရှိ အဆိုတင်သွင်းခံရမည့် အန္တရာယ်ရှိသည်ဟု သုတေသီများက ပြောသည်။

“သူ မအောင်မြင်ရင် လူတွေက “ကျနော်တို့ အသစ်အဆန်းလုပ်ကြည့်ပြီး အလုပ်မဖြစ်ဘူး” လို့ပဲပြောပြီး သူ့ကို တောင်စောင်းကနေ တွန်းချပြီး ပြန်တက်မလာနိုင်အောင် လုပ်ကြမယ်” ဟု ပါမောက္ခ တာကေဒါက ပြောသည်။

“သူ မအောင်မြင်ရင် လူတွေက “ကျနော်တို့ အသစ်အဆန်းလုပ်ကြည့်ပြီး အလုပ်မဖြစ်ဘူး” လို့ပဲပြောပြီး သူ့ကို တောင်စောင်းကနေ တွန်းချပြီး ပြန်တက်မလာနိုင်အောင် လုပ်ကြမယ်” ဟု ပါမောက္ခ တာကေဒါက ပြောသည်။

ထိုပုံစံသည် အခြားအဆင့်မြင့် ဒီမိုကရေစီနိုင်ငံများတွင် မကြာသေးမီက ဖြစ်ရပ်များကို ထင်ဟပ်သည်။ ဗြိတိန်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာအပြီး ၂၀၁၆ ခုနှစ်တွင် မစ္စ ထရီဇာမေ ဝန်ကြီးချုပ်ဖြစ်လာပြီး ၂၀၂၂ ခုနှစ်က ငွေကြေးဖောင်းပွမှု မြင့်မားကာ ပြည်တွင်းမကျေနပ်မှုများ ဖြစ်လာသောအခါ မစ္စ လစ်ဇ် ထရပ်စ် ဝန်ကြီးချုပ် ဖြစ်လာသည်။

ရွေးကောက်ပွဲတွင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ပြီးနောက် ဩစတြေးလျ၏ လစ်ဘရယ်ပါတီတွင် ၂၀၂၅ ခုနှစ်က မစ္စ ဆက်ဆန် လေသည် ပထမဆုံး အမျိုးသမီးခေါင်းဆောင်အဖြစ် ရွေးကောက်ခံရသည်။

မစ္စတာ ကိုအိဇုမိကို သူ့ဖခင် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂျူနီချီရို ကိုအိဇုမိက ထောက်ခံသော်လည်း မစ္စ တာကိုင်ချီသည် ထိုသို့သော မျိုးရိုးထောက်ခံမှု ကင်းမဲ့နေပြီး LDP က ၎င်း၏ အလားအလာရှိသော ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ကို အချိန်တိုအတွင်း ဘေးဖယ်လိုက်ရနိုင်သည်ဟု ပါမောက္ခ တာကေဒါက ပြောသည်။

( Japan Times သတင်း Japan may see its first female PM despite limited progress on gender gap ကို ဘာသာပြန်သည်။)

You may also like these stories:

နိုင်ငံရေးတိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲပြင်နေတဲ့အပေါ် ဂျပန်သတိပေး (ရုပ်/သံ)

ဂျပန်က စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးအဆင့် လျှော့ချ

မြန်မာ့တော်လှန်ရေးအတွက် ဂျပန်ကို အကူအညီတောင်း

ပညာခေတ် နဲ့ အမျိုးသမီးတို့ ကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်ဟာ အတုယူစရာပါဆိုတဲ့ ထိုင်းအလှမယ်နှင့် မေးမြန်းခြင်း

“စုန်းဖမ်းပွဲ” မဟုတ်ပါ၊ နစ်နာသူဗဟိုပြု တရားမျှတမှု ရှာဖွေမှုပါ

Your Thoughts …
Tags: GenderLDPဂျပန်ဆာနာအဲ တာကိုင်ချီရွေးကောက်ပွဲအမျိုးသမီးဝန်ကြီးချုပ်
Erica Yokoyama

Erica Yokoyama

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ပါတီဖျက်သိမ်းခံရနိုင်သည့် ပြဋ္ဌာန်းချက် UEC ဖြေလျော့

ပါတီဖျက်သိမ်းခံရနိုင်သည့် ပြဋ္ဌာန်းချက် UEC ဖြေလျော့

ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာကလေးငယ်အဖွဲ့ ပထမရ (ရုပ်/သံ)

ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာကလေးငယ်အဖွဲ့ ပထမရ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved