မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အခြေအနေ တည်ငြိမ်မှု မရရှိသေးဘဲ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေချိန် အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောဆိုချက်အပေါ် စိုးရိမ်မိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိဝါယ တာကဲရှိက ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
အထွေထွေရွေးကောက်ပွဲဟာ ဒီမိုကရေစီနိုင်ငံရေးစနစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် တရပ်ဖြစ်တယ်လို့ ယုံကြည်ပေမယ့် မြန်မာနိုင်ငံဟာ လက်ရှိမှာ နိုင်ငံရေးအခြေအနေ တိုးတက်မှု မရှိသေးဘဲ ရွေးကောက်ပွဲ ပြုလုပ်ခြင်းက ပြည်သူတွေရဲ့ ပြင်းထန်တဲ့ဆန့်ကျင်မှုကို ခံရနိုင်ခြေရှိပြီးတော့ နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ပိုခက်ခဲသွားနိုင်တယ်လို့ သူက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ အများအပြားကို ဖမ်းဆီးထားသလို ပြည်သူတွေအပေါ်လည်း လေကြောင်းတိုက်ခိုက်မှုနဲ့ တခြားအကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေပေါ်မှာ အလွန်အမင်းစိုးရိမ်ပြီး ရှုံ့ချတယ်လို့ သူက ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













