အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အရေးပေါ်အခြေအနေကြေညာလိုက်တဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်ထဲမှာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက ဟိုပန်မြို့နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက မိုင်းလားမြို့တွေပါဝင်နေတာတွေ့ရပါတယ်။
တိုင်းနဲ့ ပြည်နယ် ၉ ခုထဲက မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေကြေညာကြောင်း ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီမြို့တွေအားလုံးဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့တွေလည်း ဖြစ်ပါတယ်။
စစ်တပ် ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ဒီမြို့နယ်တွေကို ပြန်လည်ရရှိဖို့ စစ်ကော်မရှင်က အရေးပေါ်ကြေညာထားတဲ့ ရက်ပေါင်း ၉၀ အတွင်း ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ပိုမို တိုး လုပ်ဆောင်လာနိုင်ပြီး မြေပြင်ကနေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













