စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့ဟာ လူစိတ်ဝင်စားမှု များပြားစေဖို့ လူငယ်တချို့ကို ပွဲထုတ်လာတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ (PP) က မိတ်ဆက်ပေးလိုက်တဲ့ လိင်ပညာပေးဘလော့ကာ ဗီဗီချမ်း၊ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က မော်ဒယ်သရုပ်ဆောင် နေလင်းရှိန်တို့ဟာ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက်ရွေးကောက်ခံဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
ဒီလူငယ်နိုင်ငံရေးသမားတွေဟာ ရွေးကောက်ပွဲမနိုင်တိုင်း အာဏာသိမ်းတဲ့ စစ်တပ်ရဲ့ သမိုင်းကို သိသင့်ပြီး ပြည်သူအပေါ်စစ်တပ်ရဲ့ ရက်စက်မှုတွေကိုတော့ နှုတ်ဆိတ်နေကြတယ်လို့ ဝေဖန်နေကြတာပါ။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #ကိုယ်စားလှယ်လောင်း #နိုင်ငံရေး #ဗီဗီချမ်း #နေလင်းရှိန် #နိုင်ငံရေးပါတီ #လူငယ် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













