မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံ တာဝန်ခံမှု စီမံကိန်း (Myanmar Accountability Project-MAP) တို့သည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားအသစ်များကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ အစိုးရရှေ့နေချုပ်ရုံးထံ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် တင်ပြခဲ့ပါသည်။
ဤသို့ ဆောင်ရွက်ခြင်းသည် MAP က စစ်ကောင်စီ စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ကျူးလွန်နေသည့် အလွန်ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၏ အထောက်အထားများကို တင်ပြခဲ့ပြီးနောက် တူရကီ အာဏာပိုင်များက ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်ပြီး ကမ္ဘာ့လုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (universal jurisdiction) အရ အမှုဖွင့်လှစ်ဆောင်ရွက်နေသည့် စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတခုလည်း ဖြစ်ပါသည်။
အရပ်သား ၁၅၀ ကျော် သေဆုံးသည့် အသေအပျောက် အများဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
NUG က ယခုတင်သွင်းသည့် သက်သေအထောက်အထားအသစ်များသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ဒေသတွင်း အခမ်းအနားတခုအတွက် စုဝေးနေကြသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ကာကွယ်မဲ့ ရွာသားများကို စစ်ကောင်စီ၏ တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သော နာမည်ဆိုးဖြင့် သိကြရသည့် “ပဇီကြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” ကို အဓိကထားပါသည်။
NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနသည် ဤသတ်ဖြတ်မှုအား စနစ်တကျ မှတ်တမ်းတင်ထားခဲ့ပါသည်။ သတ်ဖြတ်ခံရသူများထဲတွင် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အမျိုးသမီး ၂၇ ဦးနှင့် ကလေး ၁၉ ဦး၊ အရပ်သား စုစုပေါင်း ၁၅၇ ဦး သတ်ဖြတ်ခံခဲ့ရသည်။
ဒဏ်ရာရသူအများအပြားမှာ ဘဝတွင် သေရာပါစေမည့် မသန်စွမ်းမှုများ ဖြစ်စေခဲ့ပြီး မျိုးဆက်ပေါင်းများစွာအထိ ရိုက်ခတ်သွားစေမည့် စိတ်ဒဏ်ရာများ ဖြစ်ပေါ်စေပါမည်။
မြန်မာစစ်တပ်သည် ပဇီကြီး တိုက်ခိုက်မှုကို စနစ်တကျပြင်ဆင်ခဲ့ပြီး အင်အား အလွန်အကျွံသုံးကာ မည်သူမည်ဝါ ခွဲခြားမှုမရှိ သိမ်းကျုံးတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတိုက်ခိုက်မှုသည် နံနက် ၇ နာရီခွဲတွင် ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ကြာမြင့်ခဲ့သည်။
မြန်မာစစ်တပ်သည် ပဇီကြီး တိုက်ခိုက်မှုကို စနစ်တကျပြင်ဆင်ခဲ့ပြီး အင်အား အလွန်အကျွံသုံးကာ မည်သူမည်ဝါ ခွဲခြားမှုမရှိ သိမ်းကျုံးတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတိုက်ခိုက်မှုသည် နံနက် ၇ နာရီခွဲတွင် ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ကြာမြင့်ခဲ့သည်။
ပေါင် ၅၀၀ အလေးချိန်ရှိသော ဗုံးနှစ်လုံးကို ရွာပေါ်သို့ ချခဲ့သည်။ ပေါက်ကွဲမှုများသည် အလွန်ပြင်းထန်သဖြင့် မျက်မြင်သက်သေများ၏ အဆိုအရ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ဗုံးကျသည့်နေရာမှ မီတာ ၃၀၀ ခန့်အထိ လွင့်စင်သွားခဲ့ရသည်။

အသက်ရှင်ကျန်ရစ်သူများသည် အရိုးကျိုးမှုများနှင့် ပြင်းထန်သော မီးလောင်ဒဏ်ရာများ ခံစားခဲ့ကြရသည်။ ရာပေါင်းများစွာသော ဒေသခံပြည်သူတို့သည် ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာကာ အနီးအနားရှိ တောအုပ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ဆေးကုသရေးအဖွဲ့များသည် ဒဏ်ရာရသူများနှင့် သေဆုံးလုနီးပါးဖြစ်သူများကို ကူညီရန် တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့ကြပါသည်။ သို့သော် ထိုနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် တိုက်လေယာဉ်တစင်း ထပ်မံရောက်ရှိလာပြီး ပထမဦးဆုံး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်သူများကို ၁၅ မိနစ်ကြာ တိုက်ခိုက်ခဲ့သဖြင့် ကယ်ဆယ်ရေးနှင့် ပြုစုကုသရေးလုပ်ငန်းများကို အလွန်နှောင့်နှေးစေခဲ့ရသည်။
အဆိုပါ ပဇီကြီး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း အသေအပျောက်အများဆုံး သတ်ဖြတ်မှု ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အလွန်လိုအပ်နေသည်။
ဆက်လက်ဖြစ်ပွားနေသော ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု
MAP သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ဖုံညိုလိတ်ကျေးရွာအား စစ်ကောင်စီက ဒုံးကျည်များဖြင့် ဆက်တိုက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဒေသခံ စုံစမ်းစစ်ဆေးသူများ စုဆောင်းထားသည့် သက်သေထွက်ဆိုချက်များကိုလည်း ထပ်မံ တင်ပြမည် ဖြစ်သည်။
ဒေသတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့များက အမျိုးသမီးများနှင့် ကလေးများအပါအဝင် ၁၈ ဦး သတ်ဖြတ်ခံရမှုနှင့် ၅၀ ဦး ဒဏ်ရာရရှိခဲ့မှုအား မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ တိုက်ခိုက်မှုများသည် စစ်ကောင်စီကို ဆန့်ကျင်သည့် ရက္ခိုင့်တပ်တော် (AA) က ရွာထဲတွင် နေရာယူပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီ၏ လုပ်ဆောင်မှုသည် မည်သူမည်ဝါ ခွဲခြားမှုမရှိ၊ အင်အား အလွန်အကျွံသုံး၍ တိုက်ခိုက်ခြင်းဖြစ်ပါသည်။ သက်သေပြချက်များအရ ယင်းလုပ်ရပ်သည် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။
ဒေသတွင်း တာဝန်ခံစေမှုဆိုင်ရာ အဖွဲ့အစည်းများ ဖွံ့ဖြိုးလာစေရေးအတွက် ကောင်းမွန်သော အစပျိုးမှု၏ အစိတ်အပိုင်းတခုအနေဖြင့် ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ကိုင်နေသော မိတ်ဖက်အဖွဲ့အစည်းများက ယင်း အနိုင်အထက်ပြုမှုကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ၎င်းအထောက်အထားများက ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုသည် ဆယ်စုနှစ်များစွာ ကြာခဲ့သကဲ့သို့ ယနေ့တိုင်ထိလည်း ဆက်လက် ဖြစ်ပွားနေသည်ဟူသောအဆိုကို ပိုမိုခိုင်မာစေခဲ့ပါသည်။
ဒေသတွင်း တာဝန်ခံစေမှုဆိုင်ရာ အဖွဲ့အစည်းများ ဖွံ့ဖြိုးလာစေရေးအတွက် ကောင်းမွန်သော အစပျိုးမှု၏ အစိတ်အပိုင်းတခုအနေဖြင့် ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ကိုင်နေသော မိတ်ဖက်အဖွဲ့အစည်းများက ယင်း အနိုင်အထက်ပြုမှုကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ၎င်းအထောက်အထားများက ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုသည် ဆယ်စုနှစ်များစွာ ကြာခဲ့သကဲ့သို့ ယနေ့တိုင်ထိလည်း ဆက်လက် ဖြစ်ပွားနေသည်ဟူသောအဆိုကို ပိုမိုခိုင်မာစေခဲ့ပါသည်။
ဖိနှိပ်မှုများ၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် လက္ခဏာရပ်တခုမှာ စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီကို ပြည်နယ်တခုလုံးနီးပါးမှ တွန်းထုတ်နိုင်ခဲ့သည့် AA တို့အကြားတွင် ပိတ်မိနေသည့် ရခိုင်ပြည်နယ်ရှိ အရပ်သားများအပေါ် ဆက်လက်ဖြစ်ပွားနေသော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများပင် ဖြစ်သည်။
နိုင်ငံတကာ စုံစမ်းစစ်ဆေးသူများထံမှ အထောက်အထားများအတွက် NUG မှ မေတ္တာရပ်ခံခြင်း
NUG သည် မြန်မာအရပ်သားများထံမှ သန်းပေါင်းများစွာသော အထောက်အထားအပိုင်းအစများကို စုဆောင်းထားနိုင်သည့် ဂျီနီဗာ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အား တူရကီရှိ လက်ရှိ စုံစမ်းစစ်ဆေးမှုကို အထောက်အကူပြုရန်အတွက် တိုက်ခိုက်မှုများနှင့် ပတ်သက်သော အထောက်အထားများ တင်ပြပေးရန် တောင်းဆိုထားပါသည်။
ဤသို့ တင်ပြပေးနိုင်ပါက ကျွန်ုပ်တို့၏ အမှုကိစ္စအတွက် အလားအလာကို သိသိသာသာ တိုးတက်မြန်ဆန်စေမည် ဖြစ်သလို ဝန်ပိနေသည့် တူရကီ၏ တရားစီရင်ရေးစနစ်အတွက်လည်း အထောက်အကူ ဖြစ်ပါမည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ IIMM သည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နှင့် အာဂျင်တီးနားရှိ ဖက်ဒရယ်အစိုးရရှေ့နေတို့၏ တရားစီရင်ရေးလုပ်ငန်းစဉ်များအတွက် များပြားလှသော အထောက်အထားများနှင့် ခွဲခြမ်းစိတ်ဖြာမှုများကို မျှဝေခဲ့ပြီးဖြစ်သည်။
IIMM သည် ဗြိတိန်နိုင်ငံနှင့် အခြား တရားစီရင်ပိုင်ခွင့်များရှိ အာဏာပိုင်များထံမှ သတင်းအချက်အလက်ဆိုင်ရာ သီးခြားတောင်းဆိုမှုများကိုလည်း တုံ့ပြန်ပေးနေပြီး ယင်းတောင်းဆိုမှုများသည် အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် အကြမ်းဖက်မှုများနှင့် သက်ဆိုင်လေ့ရှိသည်။
ကျွန်ုပ်တို့သည် IIMM အား NUG ၏ တောင်းဆိုချက်ကို အပြုသဘောဆောင်စွာဖြင့် တုံ့ပြန်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။
လူသားချင်းစာနာထောက်ထားမှု ပိုမိုဆိုးရွားစေသည့် အနိုင်အထက်ပြုမှုများ
NUG လူ့အခွင့်အရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူငါးဦးထက်ပို၍ သေဆုံးခဲ့ရသည့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ အနည်းဆုံး ၄၁၃ ခု ရှိခဲ့သည်။ မှတ်တမ်းများအရ သတ်ဖြတ်မှုများတွင် ကလေးငယ် ၁,၅၄၅ ဦးနှင့် အမျိုးသမီး ၇၅၇ ဦး အပါအဝင် လူပေါင်း ၄,၃၇၇ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ ပြီးခဲ့သည့် တလတည်းတွင်ပင် တနိုင်ငံလုံး၌ ခန့်မှန်းခြေ အရပ်သား ၂၇၇ ဦး သတ်ဖြတ်ခံခဲ့ရသည်။
ကုလသမဂ္ဂက စိုးရိမ်ဖွယ်ရာ အခြေအနေနှစ်ရပ်ကို ဖော်ပြလာသည်။ ယင်းတို့မှာ ပြည်နယ်နှင့်တိုင်း ခြောက်ခုတွင် ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက် ၂၆ ခု ပေါ်ပေါက်လာခြင်းနှင့် အရပ်သားနေရာများပေါ်တွင်သာ ဗုံးကြဲချရန် စက်တပ်လေထီးများ အသုံးပြုလာမှုတို့ဖြစ်သည်။
တချိန်တည်းတွင် ကလသမဂ္ဂ၏ နောက်ဆုံးရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိန်းဂဏန်းများကလည်း ဆိုးရွားလာသည့် အခြေအနေကို ဖော်ပြနေသည်။ မြန်မာနိုင်ငံရှိ စုစုပေါင်းလူဦးရေ၏ ၃ ပုံ ၁ ပုံကျော်ဖြစ်သော လူပေါင်း ၁၉.၉ သန်းခန့်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး ၎င်းပမာဏသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁ သန်းကျော် တိုးလာခြင်းဖြစ်သည်။

ပြည်တွင်း နေရပ်စွန့်ခွာရသူ အရေအတွက်မှာ လူပေါင်း ၃.၅ သန်းကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့သည်။ ကလေးများသည် ယင်းအခြေအနေအတွင်း အထိခိုက်ဆုံး ခံစားနေရသူများပြီး ကလေးငယ် ၆.၃ သန်းသည် အကူအညီ အရေးတကြီးလိုအပ်နေသည်။ ၎င်းတို့အနက် ခန့်မှန်းခြေ ၁.၁ သန်းသည် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများကို မရဘဲ ကျန်ရစ်နေသဖြင့် အကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် အမြတ်ထုတ်ခံရမှုတို့အတွက် လွန်စွာမှ စိုးရိမ်ဖွယ်ရာ အနေအထားတရပ်ကို ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းပြိုလဲမှုသည် ရှိပြီးသား ဆိုးရွားလှသော ဒေသတွင်း ဒုက္ခသည်အကျပ်အတည်းကို ပိုမို ပြင်းထန်လာစေခဲ့သည်။ ကုလသမဂ္ဂ၏အဆိုအရ ရိုဟင်ဂျာ ၁၅၀,၀၀၀ ခန့်သည် လွန်ခဲ့သော နှစ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်။ ကုလသမဂ္ဂ၏ လစဉ် အကူအညီ အထောက်အပံ့များကလည်း လျော့နည်းလာကာ ငတ်မွတ်ခေါင်းပါးမှု မလွဲမသွေ ဖြစ်လာသည့် အခြေအနေတွင် အလွန်ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရသည့် မူလရှိနှင့်ပြီသော ၁.၂ သန်းကို ထပ်မံ တိုးပွားလာစေခဲ့ပါသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ အစီရင်ခံစာအသစ်တခုအရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လက်ရှိအခြေအနေများအောက်တွင် ရိုဟင်ဂျာများအား ပြန်လည်ပို့ဆောင်ခြင်းသည် “ဘေးအန္တရာယ်ကြီးမားသည့် အနေအထားသို့ တွန်းပို့ရာ ရောက်မည်” ဟု သုံးသပ်ထားပါသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ အစီရင်ခံစာအသစ်တခုအရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လက်ရှိအခြေအနေများအောက်တွင် ရိုဟင်ဂျာများအား ပြန်လည်ပို့ဆောင်ခြင်းသည် “ဘေးအန္တရာယ်ကြီးမားသည့် အနေအထားသို့ တွန်းပို့ရာ ရောက်မည်” ဟု သုံးသပ်ထားပါသည်။
ထိရောက်သော လုပ်ဆောင်ချက် လိုအပ်နေမှုမှာ ယခင်ကထက်ပင် ပိုမိုကြီးမားခဲ့ပါသည်။ စစ်အုပ်စုသည် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၃၀,၀၀၀ ခန့်ကို ထောင်သွင်း အကျဥ်းချခဲ့ပြီး ဖြစ်သည်။
ထို့အပြင် စစ်တပ်သည် လူငယ် ၆၅,၀၀၀ ကို အတင်းအကျပ် စစ်မှုထမ်းခိုင်းကာ အထိအခိုက် အကျအဆုံး များလှသည့် ရှေ့တန်းသို့ တွန်းပို့နေသည်။ စစ်ကောင်စီ၏ ဤရက်စက်ကြမ်းကြုတ်သော အလွန်အကျွံ လုပ်ဆောင်မှုများကို မြင်တွေ့နေရဆဲဖြစ်သည့်အပြင် လူထုက လက်မခံသော ရွေးကောက်ပွဲများကိုလည်း မဖြစ် ဖြစ်အောင် ကျင်းပလာဖို့ ရှိနေသဖြင့် မြန်မာနိုင်ငံတွင် လက်ရှိ အကြမ်းဖက်မှုများ ပိုမိုတိုးပွားလာစေမည့် အလားအလာကို မြင်တွေ့နေရသည်။
မြန်မာပြည်သူလူထုသည် တရားမျှတမှုအတွက် ဟစ်ကြွေးတောင်းဆိုနေကြပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရပိုင်ခွင့်အတွက် တောင်းဆိုချက်များနှင့်အတူ အရပ်သားများအပေါ် စစ်ကောင်စီ၏ တိုက်ခိုက်မှုများ ရပ်တန့်ရေး တောင်းဆိုချက်များအပြင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးသည် နိုင်ငံတကာက အရေးတယူ ဆောင်ရွက်ပေးရမည့် ကိစ္စများပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ တူရကီက အမှုကိစ္စသည် ဂုဏ်သိက္ခာ၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ပတ်သက်ပြီး အချိန်ကြာမြင့်စွာ ငြင်းပယ်ခံထားရမှုများအတွက် မျှော်လင့်ချက်အချို့ ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။
(ထွန်းအောင်ရွှေသည် NUG ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သည်။ ခရစ် ဂန်းနက်စ်သည် MAP ၏ ဒါရိုက်တာ ဖြစ်သည်။)
You may also like these stories:
မျက်ရည်တွေ မခမ်းခြောက်သေးတဲ့ ပဇီကြီး ဖြစ်ရပ်ဆိုး
ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူနှင့် မေးမြန်းခြင်း
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လက်ယဉ်နေသော စစ်ကောင်စီ
ကလေးငယ်များအား သတ်ဖြတ်ရန် စာသင်ကျောင်းများပေါ် စစ်တပ် ဗုံးကြဲနေသည်
ရခိုင်စာသင်ကျောင်း ဗုံးကြဲသတ်ဖြတ်မှု နိုင်ငံတကာ ရှုတ်ချ
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်













