• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

by ဧရာဝတီ
21 May 2025
in အယ်ဒီတာ့အာဘော်
A A
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကမ္ဘာသည် စစ်ကောင်စီကို ခိုင်မာအဓိပ္ပါယ်ပြည့်ဝသည့် အရေးယူမှုလုပ်ရန် ပျက်ကွက်သည်။

1.4k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်ကောင်စီက ပြည်သူများကို ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရန် နိုင်ငံတကာ အသိုက်အဝန်းက ကြားဝင်မဆောင်ရွက်မီ ကလေးငယ်များအပါအဝင် မြန်မာပြည်သူမည်မျှ ၎င်းတို့၏ အသက်များကို စတေးရမည်နည်း။

စစ်ကောင်စီ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို မေ့သွားမည်စိုးသောကြောင့် ထင်သည်။

လူသတ်စစ်ကောင်စီသည် မြန်မာနိုင်ငံအထက်ပိုင်း ခုခံတော်လှန်ရေးအမာခံဒေသမှ ကျောင်းတကျောင်းကို မေလ ၁၂ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ပြီး အသက် ၇ နှစ်အထိ ငယ်ရွယ်သောသူများအပါအဝင် ကျောင်းသား အနည်းဆုံး ၂၀ နှင့် ဆရာ ဆရာမ ၂ ဦး သေဆုံးစေသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာမှ ကလေးငယ် ၁၀၀ ခန့် စာသင်နေသည့် ထိုကျောင်းကို အသေအလဲ ဗုံးကြဲခြင်းသည် စစ်ကောင်စီက အရပ်သားများကို မခွဲမခြား မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ၏ နောက်ဆုံးတိုက်ခိုက်မှုများအနက် တခုသာဖြစ်သည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာမှ ကလေးငယ် ၁၀၀ ခန့် စာသင်နေသည့် ထိုကျောင်းကို အသေအလဲ ဗုံးကြဲခြင်းသည် စစ်ကောင်စီက အရပ်သားများကို မခွဲမခြား မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ၏ နောက်ဆုံးတိုက်ခိုက်မှုများအနက် တခုသာဖြစ်သည်။ မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ရခိုင်ပြည်နယ် ရသေ့တောင်ကိုလည်း လေကြောင်းတိုက်ခိုက်သောကြောင့် ကလေးငယ်များအပါအဝင် လူ ၁၃ ဦးသေဆုံးစေသည်။ ရခိုင်ပြည်နယ်ဒေသအများစုသည် စစ်ကောင်စီကို ဆန့်ကျင်သည့် အာရက္ခတပ်တော်၏ ထိန်းချုပ်မှုအောက်သို့ရောက်နေသည်။

တနိုင်ငံလုံး ကျယ်ပြန့်သည့် စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုကို တုံ့ပြန်သောအားဖြင့် ၂၀၂၃ ခုနှစ် နှစ်ဦးမှ ယခုနှစ် မေလ ၁၂ ရက်နေ့အထိ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ၂၆၇၉ ခု ပြုလုပ်ပြီး လူပေါင်း ၃၀၄၃ ဦးသေဆုံးသည်ဟု စင်ပြိုင်အမျိုးသား ညီညွတ်ရေးအစိုးရပြောသည်။ ၂၀၂၂ ခုနှစ်က တိုက်ခိုက်မှုများကို ထည့်သွင်းပါက သေဆုံးမှုနှုန်းသည် ယခုထက်များစွာ ပိုမိုမြင့်မားသည်။

စစ်ကောင်စီ၏ နောက်ဆုံး လေကြောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် အထက်ဖေါ်ပြပါ သေဆုံးမှုနှုန်းအရ နှလုံးသားရှိပြီး စိတ်ထားမှန်သော မည်သူမဆိုသည် အောက်ပါမေးခွန်းကို မေးရုံမှအပ မည်သည်မျှ မတတ်နိုင်ပေ။ ဒါတွေ ဘယ်လိုဖြစ်ခဲ့တာလဲ၊ စစ်အာဏာသိမ်းပြီး ဒီနှစ်တွေအားလုံးမှာ ကမ္ဘာက ဘာဖြစ်လို့ ဒီဖြစ်ရပ်တွေဖြစ်ခွင့်ပေးတာလဲ။

အဖြေမှာ မြန်မာသည် အပစ်ပယ်ခံထားရသောကြောင့် ဖြစ်သည်။ စစ်ကောင်စီက အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်က မြန်မာတွင် ရုတ်ရုတ်သဲသဲဖြစ်ချိန်နောက်ပိုင်းတွင် ကမ္ဘာသည် စစ်ကောင်စီကို ခိုင်မာအဓိပ္ပါယ်ပြည့်ဝသည့် အရေးယူမှုလုပ်ရန် ပျက်ကွက်သည်။ အရေးမယူသည့်အပြင် နိုင်ငံတကာအသိုက်အဝန်းသည် စိုးရိမ်ပူပန်ကြောင်း ဖေါ်ပြရာတွင်နှင့် စစ်ကောင်စီကို ပြစ်တင်ရှုတ်ချရာတွင် ညီညွတ်ကြပြီး နိုင်ငံတကာသတင်းခေါင်းစဉ်များတွင် စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများပါဝင်လာတိုင်း သက်ရောက်မှု အကန့်အသတ်ရှိသော အရေးယူပိတ်ဆို့မှုများ အခါအားလျှော်စွာ ချမှတ်ကြသည်။ မြန်မာပြည်သူများအတွက် ထိုအပေါ်ယံဆန်သော နိုင်ငံတကာရပ်တည်ချက်များက မည်သည့်အပြောင်းအလဲမျှ ဖြစ်မလာဘဲ စစ်ကောင်စီ၏ ယုတ်မာရိုင်းစိုင်းသော အမြောက်ဖြင့်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ မီးလောင်တိုက်သွင်းမှုများနှင့် အခြားနေ့စဉ် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ခံစားကြရသည်။

ဒေသတွင်းတွင်လည်း အဓိကပတ်သက်သူ အစိုးရအားလုံးသည် မြန်မာပြည်သူများအတွက် ပျက်ကွက်ကြသည်။ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေးမူကြောင့် မလှုပ်ရှားနိုင်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် အစွယ်မရှိသည့် အဖွဲ့အစည်းဖြစ်နေပြီး အဖွဲ့ဝင်များသည် မြန်မာပြဿနာနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲကြသည်။

ဒေသတွင်းတွင်လည်း အဓိကပတ်သက်သူ အစိုးရအားလုံးသည် မြန်မာပြည်သူများအတွက် ပျက်ကွက်ကြသည်။ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေးမူကြောင့် မလှုပ်ရှားနိုင်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် အစွယ်မရှိသည့် အဖွဲ့အစည်းဖြစ်နေပြီး အဖွဲ့ဝင်များသည် မြန်မာပြဿနာနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲကြသည်။ ဧပြီလက တွေ့ဆုံစဉ်အတွင်း သူတောင်းဆိုခဲ့သည့်အတိုင်း မြန်မာတွင် အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာရန် ကတိပြုသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လိမ်လည်မှုခံရသည့် လက်ရှိဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်ကို ကြည့်ရသည်မှာ သနားစရာကောင်းသည်။ ထိုသို့ ကတိပြုသော်လည်း မင်းအောင်လှိုင်သည် ဗုံးဆက်ကြဲရန် သူ၏လေတပ်ကို အမိန့်ပေးသည်။ မေလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့က ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများသည် နောက်ဆုံး ဥပမာများဖြစ်သည်။

ထိုကိစ္စကြောင့် စစ်ကောင်စီသည် ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုများကို နှစ်ပေါင်းများစွာ အပြစ်ဒဏ်ကင်းလွတ်ပြီး ဆက်လက်ကျူးလွန်နိုင်သနည်းဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ ရုရှားနှင့် တရုတ်တို့ကပေးသည့် ထောက်ခံမှုဖြင့် အတင့်ရဲလာပြီး စစ်ကောင်စီက ပြည်သူများကို အကြမ်းဖက်နိုင်သည့် စွမ်းရည်သည် မည်သည့်အကန့်အသတ်ကိုမျှ မသိတော့ဘဲ ကမ္ဘာကလည်း မြန်မာကို လျစ်လျူရှုထားသည်။

ကုလသမဂ္ဂတွင် စစ်ကောင်စီကိုယ်စား စစ်ကောင်စီနှင့်အတူ ရပ်တည်ခြင်းမှသည် ဂျက်တိုက်လေယာဉ်များနှင့်အခြားစစ်လက်နက်ပစ္စည်းများ ရောင်းချခြင်း၊ ဗလာဒီမာပူတင်နှင့် ရှီကျင့်ဖျင်တို့က မင်းအောင်လှိုင်၏ တရားဝင်ခရီးကို လက်ခံခြင်းအထိ မော်စကိုနှင့် ဘေ့ဂျင်းမှ ထောက်ခံမှုသည် ယခင်မကြုံဖူးသော တနိုင်ငံလုံးကျယ်ပြန့်သည့် လူထုလက်နက်ကိုင်တော်လှန်မှုကြောင့် ပျောက်ကွယ်သွားရတော့မည့် မြန်မာစစ်ကောင်စီအတွက် အသက်သွေးကြောဖြစ်စေသည်။

ယခုအခါ စစ်ကောင်စီသည် ကလေးငယ်များအပါအဝင် ပြည်သူများ၏ အသက်ကို စတေးပြီး အာဏာကို ဆက်လက်ချုပ်ကိုင်ရေးအတွက် မည်သည့် လက်နက်အကူအညီကိုမဆို အသုံးပြုနေသည်။ စစ်ကောင်စီသည် မစ္စတာပူတင်နှင့် မစ္စတာရှီ၏ ထောက်ခံမှုဖြင့် အရပ်သားများကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေသည်ကို သိရသောကြောင့် ၎င်းတို့မည်သို့ ခံစားရသနည်း။

လက်ရှိအချိန် ကမ္ဘာက အလုပ်မလုပ်ဘဲ ဆုံးဖြတ်ချက်မပြတ်မသားဖြစ်ကာ လိုအပ်သောအရေးယူမှု မလုပ်ချိန်တွင် မြန်မာပြည်သူ ထောင်ပေါင်းများစွာ၏ အသက်များ ဖြုန်းတီးခံနေရသည်ကို မြင်ရသည်မှာ စိတ်နှလုံးကြေကွဲစရာဖြစ်သည်။ အကျင့်စာရိတ္တပျက်ယွင်းသော ထောက်ခံသူများ၏ အားပေးမှုဖြင့် စစ်ကောင်စီအာဏာရနေသမျှ ကာလပတ်လုံး နောက်ထပ်စတေးရမည်ကို မိမိတို့သိနိုင်သည်။

လက်ရှိအချိန် ကမ္ဘာက အလုပ်မလုပ်ဘဲ ဆုံးဖြတ်ချက်မပြတ်မသားဖြစ်ကာ လိုအပ်သောအရေးယူမှု မလုပ်ချိန်တွင် မြန်မာပြည်သူ ထောင်ပေါင်းများစွာ၏ အသက်များ ဖြုန်းတီးခံနေရသည်ကို မြင်ရသည်မှာ စိတ်နှလုံးကြေကွဲစရာဖြစ်သည်။ အကျင့်စာရိတ္တပျက်ယွင်းသော ထောက်ခံသူများ၏ အားပေးမှုဖြင့် စစ်ကောင်စီအာဏာရနေသမျှ ကာလပတ်လုံး နောက်ထပ်စတေးရမည်ကို မိမိတို့သိနိုင်သည်။

စစ်ကောင်စီကို ဖယ်ရှားရန် လေးနက်သော အရေးယူမှုလုပ်ရေး ကမ္ဘာက ညီညွတ်လျှင် ထိုသို့သော သေကြေပျက်ဆီးခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် အချိန်မနှောင်းမီ မြန်မာပြည်သူကို အဓိပ္ပါယ်ပြည့်ဝသော ထောက်ခံမှု ပြသရန်၊ မြန်မာပြည်သူများသည် အထီးကျန် အပစ်ပယ်ခံ မဟုတ်ကြောင်း ပြသရန် လိုမည်ဖြစ်ပြီး ၎င်းတို့အတွက် တရားမျှတမှုရှိအောင် လုပ်ပေးရန် လိုသည်။ အနည်းဆုံးအနေဖြင့် လူ့ကျင့်ဝတ်နှင့် ချက်ခြင်းအရေးယူမှုသည် ကလေးငယ်များအပါအဝင် အရပ်သားအသက်များကို ကယ်ဆယ်နိုင်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Silence Is Complicity in the Myanmar Junta’s Massacre of Children ကို ဘာသာပြန်သည်။)

You may also like these stories:

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
129
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
93
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.4k

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ငလျင်ကပ်ဘေးအလွန် မြန်မာစစ်အုပ်စု၏ နိုင်ငံရေးလှည့်ကွက်များ

Your Thoughts …
Tags: Aseanကြံရာပါစစ်ကောင်စီနိုင်ငံတကာနှုတ်ဆိတ်နေခြင်းအစုလိုက် သတ်ဖြတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved