• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

by နွေနေ
21 May 2025
in သူ့အတွေး သူ့အမြင်
A A
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာပြည်တွင်းစစ်ကို နိုင်ငံကြီးများက လျစ်လျူရှုထားခြင်းဖြစ်သည်/ VectorStock.com/3612775

1.4k
VIEWS
Share on FacebookShare on Twitter

၂၁ ရာစုက နည်းပညာလောကကိုသာမက လူမှုရေး၊ နိုင်ငံရေးအယူဆ၊ အတွေးအမြင်၊ လူနေမှုပုံစံ အားလုံးကို ပြောင်းလဲပစ်လိုက်သည်။ ယခင်က အမှန်ဟု ယူဆချက်များ ပြောင်းပြန်ဖြစ်သွားပြီး ယခင်က အမှားဟု လက်ခံထားသည်များကို အမှန်ကဲ့သို့ ယူဆမှုများ ရှိလာသည်။

နည်းပညာလောကမှ ဉာဏ်ရည်တု (AI) ပရိုဂရမ်များအထိ ထင်သာမြင်သာ ပြောင်းလဲသွားသော်လည်း ၂၀ ရာစုက လူအများ လက်ခံထားသော အတွေးအမြင်၊ အယူအဆ၊ ယုံကြည်လက်ခံထားမှုများ ပြောင်းလဲသွားသည်ကမူ ထင်သာမြင်သာ သိပ်မရှိလှပါ။

သို့သော် အံ့အားသင့်ဖွယ်ရာပင် ၂၁ ရာစုတွင် လူအများလက်ခံထားသည့် စံနှင့်တန်ဖိုးများ ပြောင်းလဲသွားသည်။

“လူသားချင်း စာနာထောက်ထားမှု”၊ “လူ့အခွင့်အရေး”၊ “မတရားပြုကျင့်ခံရမှု”၊ “ဖိနှိပ်ရက်စက်မှု”၊ “လူမျိုးတုံးသတ်ဖြတ်မှု”၊ “အမျိုးသမီးနှင့် ကလေးသူငယ်များကို အကာအကွယ်ပေးခြင်း”၊ “ဒုက္ခရောက်နေသူများအား ကူညီထောက်ပံ့ခြင်း”၊ “အားနည်းသူဘက်မှ ကိုယ်ချင်းစာနာခြင်း” စသည့် လူသားတို့၏ စံများ၊ တန်ဖိုးများ၊ လောကပါလတရားများကို လူသားတို့ကိုယ်တိုင် လျစ်လျူရှုလာသည်။

ကုလသမဂ္ဂပဋိညာဉ်လို လူသားတွေကိုယ်တိုင်က ရေးထိုးမှတ်ကျောက်တင်ထားသည့် စံနှင့်တန်ဖိုးများသည် ၂၁ ရာစုတွင် လျစ်လျူရှုခံလာရသည်။ ကုလသမဂ္ဂ၏ ဩဇာသည် ၂၁ ရာစုတွင် လုံးဝနီးပါး ကျဆုံးသွားပြီဟု ဆိုနိုင်သည်။ ကုလသမဂ္ဂသည် ကမ္ဘာကြီးကို ကယ်တင်နိုင်သော အဖွဲ့အစည်း မဟုတ်တော့ပါ။

ကုလသမဂ္ဂပဋိညာဉ်လို လူသားတွေကိုယ်တိုင်က ရေးထိုးမှတ်ကျောက်တင်ထားသည့် စံနှင့်တန်ဖိုးများသည် ၂၁ ရာစုတွင် လျစ်လျူရှုခံလာရသည်။ ကုလသမဂ္ဂ၏ ဩဇာသည် ၂၁ ရာစုတွင် လုံးဝနီးပါး ကျဆုံးသွားပြီဟု ဆိုနိုင်သည်။ ကုလသမဂ္ဂသည် ကမ္ဘာကြီးကို ကယ်တင်နိုင်သော အဖွဲ့အစည်း မဟုတ်တော့ပါ။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ ဦးနှင့် ဆရာမ နှစ်ဦး သေဆုံးသွားသည့် ဖြစ်ရပ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဂူတာရက်စ်က ဝမ်းနည်းကြောင်း နောက်တရက်တွင် ထုတ်ပြန်ကြေညာသည်။ မြန်မာ့နိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများအတွက် စိုးရိမ်မကင်းဖြစ်ရကြောင်းလည်း ဖော်ပြသည်။

ကုလသမဂ္ဂသည် ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသော တရားမဲ့မှု အားလုံးကို ဝမ်းနည်းစကားဆိုရုံမှအပ ဘာမှလုပ်ပေးနိုင်ခြင်း မရှိခဲ့။ ထိုအခါ တရားမဲ့ပြုကျင့်သူတို့ တနေ့တခြား လက်ရဲ ဇက်ရဲဖြစ်လာကြသည်။ ကုလသမဂ္ဂသည် ကမ္ဘာ့ဇာတ်ခုံပေါ်က ဖြစ်စဉ်များကို လက်ပိုက်ကြည့်နေရုံမျှသာ။

မြန်မာပြည်တွင်းစစ်သည် နှစ်ပေါင်း ၇၀ ကျော်ပြီ ဆိုသော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစ၍ အဆိုးဆုံး အခြေအနေကို ရောက်ရှိခဲ့သည်။ သို့သော် မြန်မာပြည်တွင်းစစ် အနိဋ္ဌာရုံများသည် ယူကရိန်းစစ်ပွဲ၊ ဂါဇာစစ်ပွဲ၊ အာဖရိကနိုင်ငံများက ပြည်တွင်းစစ်လောက် မီးမောင်းထိုးပြခြင်း မခံရ။ လူမသိ သူမသိ သေဆုံးသွားကြသည့် အပြစ်မဲ့အရပ်သားပြည်သူတွေ များလှပြီ။

အိုးတိန်တွင်းကျေးရွာက ကလေးသူငယ်တွေ စာသင်ကြားနေရင်း ဗုံးကြဲခံရပြီး သေဆုံးခဲ့ရသည့် ဝမ်းနည်းစရာအဖြစ်ဆိုးလို ပြီးခဲ့သည့်နှစ်တွေကလည်း စစ်ကောင်စီက ကျူးလွန်ခဲ့ပြီး ဖြစ်သည်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကိုလည်း ယခုကဲ့သို့ ဗုံးကြဲခဲ့၍ အပြစ်မဲ့ပြည်သူများ အတုံးအရုံးသေဆုံးခဲ့ရပြီးပြီ။

အိုးတိန်တွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေနာရေးမြင်ကွင်း/Getty Images

ဗုံးကြဲမှုတွေက ရပ်မသွားပါ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်လည်း ဗုံးကြဲခံရပြီး ရွာသား ၁၂ ဦး သေဆုံးသည်။ ကျောက်တော်ကို ဗုံးကြဲသည်။ နောင်ချို၊ မိုးကုတ်ကို ဗုံးကြဲသည်။ မိမိတို့ မြေပြင်စစ်ဆင်ရေး လက်လှမ်း မမီတော့သည့်နေရာ၊ လက်လွှတ်ထားရသည့်နေရာများကို လေတပ်အားကိုးဖြင့် ဗုံးကြဲဖျက်ဆီးသည်။

ဧပြီလ ၃ ရက်မှ မေလ ၁၃ ရက်နေ့အထိ စစ်ကောင်စီသည် နိုင်ငံအနှံ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၈၁ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၁၈၂ ဦး သေဆုံးခဲ့ရသည်။

စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းနေအရွယ် ကလေးသူငယ် အများအပြား သေဆုံးရသည့်ဖြစ်ရပ် အပါအဝင် နိုင်အနှံ့အပြားက မြို့ရွာများ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ အများအပြား နေ့စဉ်သေဆုံးနေရသည့်အပေါ် (ကုလသမဂ္ဂက ဝမ်းနည်းစကားပြောရုံမှအပ) ကမ္ဘာ့နိုင်ငံကြီးများက စိတ်ဝင်တစား မရှိကြပါ။

စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းနေအရွယ် ကလေးသူငယ် အများအပြား သေဆုံးရသည့်ဖြစ်ရပ် အပါအဝင် နိုင်အနှံ့အပြားက မြို့ရွာများ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ အများအပြား နေ့စဉ်သေဆုံးနေရသည့်အပေါ် (ကုလသမဂ္ဂက ဝမ်းနည်းစကားပြောရုံမှအပ) ကမ္ဘာ့နိုင်ငံကြီးများက စိတ်ဝင်တစား မရှိကြပါ။

စူပါ ပါဝါဖြစ်သော အမေရိကန်နှင့် တရုတ်က ကုန်သွယ်ခွန်စစ်ပွဲဖြင့် အလုပ်ရှုပ်နေသည်။ စစ်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံးရမှုသည် မိမိတို့နှင့် မသက်ဆိုင်သလို။

အထူးသဖြင့် အိမ်နီးချင်း တရုတ်သည် မြန်မာပြည်တွင်းစစ်၏ အလိုတူ အလိုပါဖြစ်နေခြင်းမှာ ဝမ်းနည်းစရာကောင်းသည်။ လူသားချင်းစာနာထောက်ထားမှုသည် ၂၁ ရာစုကမ္ဘာတွင် တဖြည်းဖြည်း ဆိတ်သုဉ်းလာသည်။

တကယ်တော့ စစ်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ၊ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုတို့ သေဆုံးထိခိုက်မှုဖြစ်စဉ်များမှာ ယနေ့ကမ္ဘာအတွက် မထူးဆန်းသော ဖြစ်ရပ်များကဲ့သို့ ဖြစ်လာသည်။ သုံးနှစ်ကျော် ကြာပြီဖြစ်သော ယူကရိန်း-ရုရှားစစ်ပွဲမှာ နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေပြီး နေ့စဉ်နှင့်အမျှ အပြစ်မဲ့ အရပ်သားပြည်သူ သေဆုံးမှုများ ရှိနေသည်။

နေ့စဉ်ဆက်တိုက် ဖြစ်ပေါ်နေသော အဖြစ်အပျက်များသည် ကြာလာသောအခါ သတင်း မဟုတ်တော့။ မြန်မာနိုင်ငံ၊ ဒီပဲယင်း၊ အိုးတိန်တွင်းက ကျောင်းသားငယ်လေးများ ဗုံးကြဲခံရပြီး သေဆုံးကြရသလိုမျိုး ဂါဇာတွင်၊ ယူကရိန်းတွင် အပြစ်မဲ့ကလေးသူငယ်များ၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ မကြာခဏ သေဆုံးနေကြရသည်။

ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ ဂါဇာတွင် အပစ်အခတ်ရပ်စဲမှု ပျက်ပြားပြီးနောက်ပိုင်း အစ္စရေး လက်ချက်ဖြင့် သေဆုံးသည့် ကလေးသူငယ် ၃၂၂ ဦးရှိသည်ဟု ဆိုသည်။ ထိုအထဲတွင် မတ်လ၂၃ ရက်နေ့က ဂါဇာတောင်ပိုင်း၊ အယ်လ်နာဆာဆေးရုံ ခွဲစိတ်ခန်းအား ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးသွားသည့် ကလေးသူငယ်များ ပါဝင်သည်။

RelatedPosts

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.1k
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 January 2026
1.7k

ဂါဇာစစ်ပွဲ၊ ယူကရိန်းစစ်ပွဲများက နိုင်ငံကြီးများ၏ အာရုံစိုက်မှု ခံရသလောက် မြန်မာပြည်တွင်းစစ်ကမူ ကမ္ဘာကြီး၏ လျစ်လျူရှုမှု ခံထားရသည်။ ကမ္ဘာကြီးသည် စစ်ပွဲများနှင့် အသားကျနေပြီး စာနာစိတ် ကင်းမဲ့လာသလိုရှိသည်။ အမေရိကန်တွင် သမ္မတ ဒေါ်နယ် ထရမ့် တက်လာချိန်မှစ၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ကမ္ဘာ့အရေးများက နောက်ဆုတ်သွားခြင်းမှာ ယနေ့ ၂၁ ရာစုကမ္ဘာကြီးက ရင်ဆိုင်ကြုံတွေ့နေရသော ကံကြမ္မာဖြစ်သည်။

ပြည်တွင်းစစ်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လွန်ခဲ့သည့် ဆယ်စုနှစ်များက ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဖြင့် ဟန့်တားမှုများ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဟန့်တားနိုင်ခြင်း မရှိတော့။ ၁၉၉၀ ပင်လယ်ကွေ့စစ်ပွဲအပြီးတွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် အီရတ်မြောက်ပိုင်းနှင့် တောင်ပိုင်းကို လေယာဉ်မပျံသန်းရဇုန် (No-fly Zone) သတ်မှတ်ခဲ့သည်။

ဂါဇာတွင် အပြစ်မဲ့ကလေးသူငယ်များ၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ မကြာခဏ သေဆုံးနေကြရသည်/UNDP

ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ မဟုတ်ဘဲ အမေရိကန်နှင့် မဟာမိတ်များ၏ ဆုံးဖြတ်ချက်အရ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်းရှိ ကာ့ဒ်လူမျိုးစုများနှင့် တောင်ပိုင်းရှိ ရှီယာလူမျိုးစုများကို ဆက်ဒမ်ဟူစိန် တပ်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း မပြုနိုင်အောင် ဟန့်တားခဲ့ခြင်းဖြစ်သည်။

၁၉၉၂ ခုနှစ် ယူဂိုဆလားဗီးယား ပြည်တွင်းစစ်ပွဲလည်း ကုလသမဂ္ဂနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး – NATO) က ဘော့စနီးယားတွင် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ခဲ့သည်။ အာဏာရှင် ကဒါဖီ ပြုတ်ကျသွားသည့် ၂၀၁၄ ခုနှစ် လစ်ဗျားပြည်တွင်းစစ်တွင်လည်း နေတိုးအဖွဲ့က လစ်ဗျားတွင် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်သောအခါတွင်မူ NATO သည် နျူကလီးယားလက်နက် ပိုင်ဆိုင်သော ရုရှားနှင့် ထိပ်တိုက်တွေ့ဆုံလိုခြင်း မရှိသဖြင့် ရုရှားတိုက်လေယာဉ်များက ယူကရိန်းနယ်မြေများပေါ် ဖြတ်ကျော် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ယူကရိန်းအရပ်သားများ သေဆုံးမှုကို “လေယာဉ်မပျံသန်းရဇုန်” သတ်မှတ်ပြီး ကာကွယ်ပေးနိုင်ခြင်း မရှိတော့။

လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ခြင်းမှာ စစ်အင်အားသာလွန်သော အုပ်စုတစုက သတ်မှတ်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကိုပင် ကျော်လွန် လုပ်ဆောင်ခဲ့ကြသည်။ ယခုနှစ်များအတွင်း စစ်ပွဲများတွင် ဒရုန်းအသုံးပြု တိုက်ခိုက်မှု၊ တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ တိုးပွားလာသော်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။

မြန်မာပြည်တွင်းစစ်တွင် စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေများအပါအဝင် နိုင်ငံအနှံ့ မိမိပြည်သူများအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျက် ရှိနေသည်။ အစ္စရေးတပ်များက ဂါဇာရှိ ပါလက်စတိုင်းများကို ဗုံးကြဲတိုက်ခိုက်နေသလိုမျိုး စစ်ကောင်စီတပ်သည် မိမိပြည်သူများကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ ရုရှားက ယူကရိန်းကို ဗုံးကြဲတိုက်ခိုက်နေသလိုမျိုး စစ်ကောင်စီတပ်သည် မိမိပြည်သူများကို ဗုံးကြဲတိုက်ခိုက်နေသည်။

အစ္စရေးနှင့် ပါလက်စတိုင်း၊ ယူကရိန်းနှင့် ရုရှားတို့ကြား ဖြစ်ပွားနေသောစစ်ပွဲသည် နိုင်ငံတကာနယ်နိမိတ်ကို ကျော်လွန်ဖြစ်ပွားသော နိုင်ငံတကာစစ်ပွဲဖြစ်ပြီး မြန်မာစစ်တပ်က မိမိပြည်သူကို ဗုံးကြဲတိုက်ခိုက်နေသောစစ်ပွဲမှာ နိုင်ငံနယ်နိမိတ်ထဲမှာဖြစ်သော ပြည်တွင်းစစ်ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်း၊ ယူကရိန်းနှင့် ရုရှားတို့ကြား ဖြစ်ပွားနေသောစစ်ပွဲသည် နိုင်ငံတကာနယ်နိမိတ်ကို ကျော်လွန်ဖြစ်ပွားသော နိုင်ငံတကာစစ်ပွဲဖြစ်ပြီး မြန်မာစစ်တပ်က မိမိပြည်သူကို ဗုံးကြဲတိုက်ခိုက်နေသောစစ်ပွဲမှာ နိုင်ငံနယ်နိမိတ်ထဲမှာဖြစ်သော ပြည်တွင်းစစ်ဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာပြည်တွင်းစစ်ကို နိုင်ငံကြီးများက လျစ်လျူရှုထားခြင်းဖြစ်သည်။

စစ်ပွဲတွင် အပြစ်မဲ့အရပ်သားများ သေဆုံးရခြင်းအတွက် ကုလသမဂ္ဂက စိုးရိမ်ပူပန်ရုံကလွဲ၍ ဘာမှမစွမ်းဆောင်နိုင်။ အာဏာသိမ်း လေးနှစ်တာကာလအတွင်း အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကလည်း အရာမထင်ဖြစ်နေချိန်တွင် အိမ်နီးချင်း တရုတ်က စစ်ပွဲ၏ အလိုတူ အလိုပါဖြစ်လာသည်။

အရာရာ မိမိအကျိုးစီးပွားအတွက်သာ ဦးစားပေးတတ်ပြီး စစ်ကောင်စီဘက်က လောင်းကြေးထပ်ထားသည့် တရုတ်ကမူ အပြစ်မဲ့အရပ်သားပြည်သူများ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အတုံးအရုံး သေဆုံးနေရသည်မှာ မိမိနှင့် ဘာမှ မသက်ဆိုင်သလို ဖာသိဖာသာပင်။

(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)

You may also like these stories:

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

သပိတ်ကျင်း ဗုံးကြဲခံရမှု လသားကလေးငယ်တွေပါသေဆုံး (ရုပ်/သံ)

စစ်ကောင်စီ ဗုံးကြဲတိုက်မှု၏ ဓားစာခံ ကလေးသူငယ်များ

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

Your Thoughts …
Tags: AIကုလသမဂ္ဂတရုတ်နည်းပညာပြည်တွင်းစစ်ဗုံးကြဲတိုက်ခိုက်မှုယူကရိန်းရုရှားလေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲမှုအရပ်သားပစ်မှတ်အာဆီယံအိုးတိန်တွင်း
နွေနေ

နွေနေ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved