• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

by ဧရာဝတီ
16 May 2025
in ဆောင်းပါး
A A
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

၁၀၂၇ စစ်ဆင်ရေး အပိုင်း၂ တွင် ရှေ့တန်းတနေရာ၌ တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ

1.2k
VIEWS
Share on FacebookShare on Twitter

ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းထားတဲ့ ရှမ်းမြောက်က မြို့ ၅ မြို့ ပြန်ပေးဖို့ တောင်းဆိုတာ ပယ်ချခံရပြီးတဲ့နောက်မှာ စစ်ကောင်စီဟာ အရပ်သားတွေနေတဲ့ဒေသတွေကို နေ့စဉ် ဗုံးကြဲကာ ဖိအား ပေးနေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈၊ ၂၉ ရက်တွေက တရုတ်ကြားဝင်မှုနဲ့ ယူနန်ပြည်နယ် ကူမင်းမြို့ ဆွေးနွေးပွဲမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ကနေ TNLA တွေအားလုံး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်ဘက် ကို ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးမှု မပြေလည်ခဲ့တဲ့နောက် နောင်ချို၊ မိုးကုတ်စတဲ့ မြို့ တွေကို အဓိကပစ်မှတ်ထား ဗုံးကြဲနေရာမှာ ယမန်နေ့ ညနေပိုင်းက နောင်ချိုမြို့နယ် သုံးဆယ်ရွာကို ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲခဲ့သလို မေလ ၁၂ ရက်ညပိုင်းကလည်း မန်တုံမြို့နယ်၊ နယ်မြေ(၁၀) ဈေးရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။

ဒီလို ဝေဟင်ကနေ ဗုံးကြဲရုံသာမက နောင်ချိုမြို့နယ် တောင်းခမ်းစစ်မျက်နှာမှာ ထိုးစစ်ထပ်မံဆင်နေပြီး လက်နက်ကြီးတွေ ဒရုန်းတွေသာမက လူကို မူးဝေအော့အန်စေတဲ့ ဓာတ်ငွေ့ ဗုံးသုံးတယ်လို့ TNLA ကဆိုပါတယ်။

မေလ ၈ ရက်နေ့ညနေပိုင်းက နောင်ချိုမြို့နယ် သရက်ချိုကျေးရွာမှာ မင်္ဂလာပွဲကျင်းပနေချိန် တောင်းခမ်း အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကွဲမှုဌာနချုပ်(မစခ၉၀၂) တပ်က လက်နက်ကြီးနဲ့ပစ် လို့ ကလေးတဦးအပါအဝင် ၄ ဦးသေဆုံး ကာ ၆ ဦးပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေ အပေါ် TNLA ပြောခွင့်ရ လွေးယေဦးက “စစ်ရေးဖိအားပေးတဲ့အနေနဲ့ လုပ်ဆောင်နေတာတော့ မြင်ရ ပါတယ်။ လေကြောင်းသုံးပြီး လက်ရှိ ပြည်သူလူထုကိုပဲ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်” လို့ပြောပါ တယ်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မန်တုံမြို့ ဗုံးကြဲခံရတဲ့အပေါ် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေ က TNLA ဟာ နိုင်ငံရေးအရ ညှိနှိုင်းတာကိုလက်မခံလို့ ဗုံးကြဲတာဖြစ်တယ်၊ တိုက်ခိုက်ခံရတဲ့နေရာက ယာယီရုံးချုပ် နေရာဖြစ်တယ် လို့ ဝါဒဖြန့်ဖော်ပြခဲ့ပေမယ့် မန်တုံမြို့မှာ TNLA ဌာနချုပ် မရှိကြောင်း လွေးယေဦးက ပြောထားပြီး ဗုံးကြဲခံရတာဟာ အရပ်သားနေထိုင်ရာနေရာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေ ရှိပေမယ့်လည်း စစ်ကောင်စီနဲ့ TNLA နောက်တကြိမ်ဆွေးနွေးပွဲကို ဩဂုတ်လကုန်ပိုင်းမှာ ထပ်မံပြုလုပ်ဖို့ရှိ တယ်လို့ သိရပါတယ်။

TNLA ကတော့ နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာ အပစ်ရပ်၊ ထိုးစစ်မလုပ်၊ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းစတဲ့ စစ်ရေးလှုပ်ရှားမှုတွေအားလုံးရပ်ဖို့ နှစ်ဖက်ထိန်းချုပ်နယ်မြေက ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးသယ်ယူ ရေး သွားလာခွင့်ပြုဖို့ကို အရင်ဆွေးနွေးပွဲမှာ တောင်းဆိုထားပါတယ်။

လက်ရှိအနေအထားမှာ TNLA ဟာ စစ်တပ်ရဲ့ ဖိအားသာမက တရုတ်အစိုးရဖိအားပေးမှုတွေလည်း ကြုံနေရတယ်လို့ TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတားပန်လက မေလ ၄ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာပြောပါတယ်။

စစ်ကောင်စီ တောင်းဆိုထားသည့် ရှမ်းမြောက်ဒေသက မြို့ ၅ မြို့

တရုတ်ရဲ့ ရည်ရွယ်ချက် နယ်စပ်မှာ တိုက်ပွဲတွေကင်းပြီး ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ဖို့ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ဆုံးရှုံးခဲ့ရတဲ့ မြို့တွေ ပြန်ရ တရုတ်အတွက်လည်း ကုန်သွယ်ရေး အဆင်ပြေဆိုသလို ကျွဲကူးရေပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီအတွက် တရုတ်ဟာ TNLA အပေါ်မှာ လျှပ်စစ်မီး၊ စက်သုံးဆီ၊ ရိက္ခာဆေးဝါးသယ်ဆောင်မှုစတဲ့ ပိတ်ဆို့မှုတွေလုပ်ဆောင် နေ တာကြောင့် ဒေသတွင်းလူထုအပေါ်မှာ ထိခိုက်မှုတွေရှိနေတယ်လို့ TNLA ဘက်ကဆိုပါတယ်။

အလားတူ လားရှိုးကို သိမ်းခဲ့တဲ့ ကိုးကန့်တပ်လည်း တရုတ်ဖိအားဒဏ် မခံနိုင်လို့ ပြန်ဆုတ်ပေးလိုက်ရတာကြောင့် စစ်ကောင်စီဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ရှိခဲ့တဲ့ လားရှိုးကို ပြန်လည် ရယူလိုက်တဲ့ သာဓကရှိပါတယ်။

အခု စစ်ကောင်စီတောင်းနေတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေဟာ မန္တလေး-မူဆယ်လမ်းမကြီးပေါ်မှာတည်ရှိပြီး တရုတ်-မြန်မာ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းမှာ အရေးပါတဲ့မြို့တွေ ဖြစ်ပါတယ်။

စစ်တပ်ဟာ နိုင်ငံရေးအရ ဆွေးနွေးနေသလို စစ်ရေးနဲ့လည်း လူထုကိုပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် TNLA အနေနဲ့ တောင်းဆိုမှုတွေကို လတ်တလော လိုက်လျောမယ့် အခြေအနေမရှိဘူးလို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

“စစ်တပ်က လေကြောင်းက တိုက်တုန်းပဲ၊ တောင်းခမ်းဘက်မှာလည်း မြေပြင်စစ်ကြောင်းတွေထိုးနေတုန်းပဲ၊ အဲဒီတော့ သူတို့ဗုံးကြဲနေသရွေ့ကတော့ TNLA အနေနဲ့ စစ်ကောင်စီ တောင်းဆိုထားတဲ့ဟာတွေကို လိုက်လျောမှာမဟုတ်ဘူး၊ တိုက်ခိုက်မှုတွေ ရပ်လိုက်မယ်ဆိုရင် တော့ TNLA ဘက်ကလည်း စစ်ကောင်စီရဲ့ လိုလားချက်တွေထဲက တခုခုကိုတော့ ဖြေလျော့ပေးရမယ့် အနေအထားမျိုး တွေ့ရတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် TNLA အနေနဲ့ သိမ်းထားတဲ့ မြို့တွေ ပြန်ပေးရေးဆိုရာမှာ အတူတကွ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေရဲ့ သဘောထားကို အလေးထားရမှာ ဖြစ်သလို လားရှိုးလို မဖြစ်ဖို့ ညီညွတ်မှုအားနဲ့ ကျော်လွှားနိုင်မယ်လို့ ယူဆကြောင်းနဲ့ လူထုတွေ၊ တော်လှန်ရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေ၊ ညီနောင်တွေအနေနဲ့ ဒီထက်ပိုမိုညီညွတ်ကြဖို့လိုတယ်လို့လည်း ဗိုလ်မှူးကြီးတားပန်လက ပြောပါတယ်။

“လားရှိုးပုံစံမျိုးမကြုံရအောင် ရှိနေတဲ့ကျနော်တို့ညီအကိုမောင်နှမတွေ၊ ပြည်သူတွေအားလုံးပေါ့နော်၊ TNLA က ဦးဆောင် ပြီး ဆောင်ရွက်နေတဲ့အတိုင်း လိုက်လံပြီးမှဆောင်ရွက်ပေးကြပါ။ တချို့နေရာတွေမှာ မြို့ကာကွယ်ရေးတပ်ဆိုပြီး ဆောင်ရွက်ထားတာမျိုးတွေရှိပါတယ်။ တက်တက်ကြွကြွပါဝင်ပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ ဒါကို ကျနော်တို့ ပြည်သူလူထုတွေရော မဟာမိတ်အဖွဲ့ တွေကို သတင်းစကားပါးလိုပါတယ်” လို့ သူက ဆိုပါတယ်။

This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.

You may also like these stories:

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

စစ်တပ်အဖို့ တိုက်ယူရသော လားရှိုး မဟုတ်ခဲ့ပါ

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.8k
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
99
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.5k

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

TNLA နှင့် စစ်တပ် ဆွေးနွေးမှု သဘောတူညီချက်မရ

TNLA နှင့် တအာင်းပြည်နယ် ပေါ်ထွန်းရေး အလားအလာ

Your Thoughts …
Tags: TNLAစစ်ကောင်စီတရုတ်ပလောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved