စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ သပိတ်မှောက်ပြီး မဲလာမပေးမှာကို ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေစိုးရိမ်ချက် ရှိနေကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကထုတ်ပြန်တဲ့ စစ်ကောင်စီထံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၃၂ပါတီရဲ့တွေ့ဆုံပွဲအပြီး သဘောထားကြေညာချက်မှာ တွေ့ရတာပါ။
နိုင်ငံတွင်းဖြစ်ပျက်နေတဲ့ စစ်ရေး၊ စီးပွားရေးနဲ့နိုင်ငံရေးပြဿနာတွေကို စစ်ကောင်စီကျင်းပပေးမယ့်ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် အစိုးတရပ်က ဖြေရှင်းပေးနိုင်မယ်လို့ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေက လက်ခံယုံကြည်နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #နိုင်ငံရေးပါတီ #ရွေးကောက်ပွဲ #မဲပေး #သပိတ်မှောက်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













