စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို တိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် အလွန်တုန်လှုပ်ခြောက်ခြားသွားခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီရဲ့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကိုထပ်မဖြစ်အောင် တရုတ်နိုင်ငံ အနေနဲ့ ဩဇာသုံးပြီး တားဆီးပေးဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။
စစ်ကောင်စီဟာ တရုတ်ရဲ့ကြားဝင်မှုကြောင့် လားရှို့မြို့ကိုပြန်ရတဲ့အပြင် တရုတ်ဆီကနေအထောက်အပံ့တွေရနေတာကြောင့် စစ်ကောင်စီ ရပ်တည်နိုင်တာဖြစ်တယ်လို့ SAC-M ကထောက်ပြထားပါတယ်။
#မြန်မာ #ဧရာဝတီ #အိုးတိန်တွင်း #စာသင်ကျောင်း #SACM #တရုတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













