မန္တလေး၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို ဧပြီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာစစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လသားအရွယ်ကလေးငယ်တွေအပါအဝင် အရပ်သား ၂၄ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး လာရောက်ကြဲချခဲ့တာဖြစ်ပြီး ရွာလယ်က ဆီဆိုင်ကို ထိမှန်ပေါက်ကွဲ ခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
သေဆုံးပျက်စီးမှု များပြားခဲ့တဲ့ မန္တလေးငလျင်ကြောင့် ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲမယ်လို့ ဆိုထားပေမယ့် လေကြောင်းတိုက်ခိုက်မှု တွေကိုတော့ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #သပိတ်ကျင်း #ရေထွက်ကျေးရွာ #လေကြောင်းတိုက်ခိုက် #ယာယီအပစ်ရပ်












